Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကကျောက်တော်ဗုံးကြဲမှုအ​ပေါ် အာဆီယံ လူ့အခွင့်အရေး လွှတ်တော်အမတ်များအဖွဲ့ ရှုတ်ချ

အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်း စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအ​ပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

(စစ်တပ်က စက်တင်ဘာ ၂၈ ရက်မှာ​ကျောက်​တော်မြို့ လူစည်ကားတဲ့​​ဈေးနဲ့ တံတားအနီးဗုံးကြဲပြီး​​နောက်မြင်ကွင်း။ဓါတ်ပုံ-AA Info Desk)

စက်တင်ဘာ-၂၉၊၂၀၂၆။People’s Spring

အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်း စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအ​ပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

အရပ်သား ပြည်သူတွေ အများအပြား ထိခိုက်သေကြေစေခဲ့တဲ့လူမဆန်တဲ့ လုပ်ရပ်အတွက် စစ်တပ်မှာ တာဝန်ယူမှု၊တာဝန်ခံမှု ရှိစေဖို့လည်း APHRက အလေးအနက် တောင်းဆိုလိုက်ပါတယ်။

ကျောက်တော်မြို့က စျေးတစ်ခုမှာ နေ့ခင်းဖက် လူအများ စည်ကားနေချိန် စစ်တပ်ရဲ့ တိုက်လေယာဉ်တွေက ဗုံးနှစ်လုံးထက်မနည်း ကြဲချခဲ့တာကြောင့် ၄၉ ဦးထက်မနည်း သေဆုံးပြီး ၆၀ လောက် ဒဏ်ရာရခဲ့ကြောင်း၊ ထိခိုက်သေဆုံး စာရင်းမှာ စျေးသည်တွေ၊ စျေးဝယ်တွေ၊ လမ်းသွားလမ်းလာ ပြည်သူတွေ အများအပြား ပါဝင်ကြောင်း APHR ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

မြေပြင်စစ်ဆင်ရေးတွေမှာရှေ့မတိုးနိုင်တဲ့ စစ်တပ်ဟာ လူထူထပ်ရာ နေရာတွေကို လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာနေကြောင်း၊ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့စစ်တပ်က လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်နေတာတွေကို ရပ်တန့်ပစ်ဖို့ လိုကြောင်း၊ မြန်မာ စစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့လိုကြောင်း APHRရဲ့ ဥက္ကဋ္ဌနဲ့ အင်ဒိုနီးရှား လွှတ်တော် အမတ် တစ်ဦးဖြစ်တဲ့ မာစီ ခရစ္စတီ ဘာရန်စ်က စက်တင်ဘာ ၂၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

APHRရဲ့ ထုတ်ပြန်ချက်မှာတော့ မနှစ်တုန်းက ကျောက်တော်မှာ စာသင်ကျောင်းနှစ်ကျောင်း ဗုံးကြဲခံရမှု၊ မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု ဖြစ်စဉ်တွေကိုလည်း ပြန်လည် မီးမောင်းထိုးပြထားခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၉၈၂ ဦး သေဆုံးခဲ့တယ်လို့လည်း ကုလသမဂ္ဂ (UN)လူ့အခွင့်အရေးရုံးရဲ့ စာရင်းတွေကို ကိုးကားပြီး APHRက ဖော်ပြခဲ့ပါတယ်။

APHRကတော့ မြန်မာစစ်တပ်က ပြည်သူတွေအပေါ် လေကြောင်းကနေ ဗုံးကြဲတာ အပါအဝင် တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေသ၍ ပုံမှန်ဆက်ဆံရေး စတင်မယ့် လုပ်ရပ်မှန်သမျှကို ငြင်းဆိုဖို့ အာဆီယံကို တိုက်တွန်းထားပါတယ်။ ပြီးတော့ နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံမှာလည်း စစ်တပ်က စေလွှတ်မယ့် နိုင်ငံရေး ကိုယ်စားလှယ်ကို တက်ရောက်ခွင့် ဆက်လက် ပိတ်ပင်ထားဖို့ APHRက တောင်းဆိုထားပါတယ်။

နောက်ပြီး UNရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နေရာကိုရယူဖို့စစ်တပ်ရဲ့အားထုတ်မှုတွေကိုလည်းအသိအမှတ်မပြုဘဲပယ်ချပေးဖို့ UNကို APHRက မေတ္တာရပ်ခံခဲ့ပါတယ်။

ကျောက်တော်က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း APHRက ထုတ်ပြန်ခဲ့ပြီး တရားမျှတမှု၊ စစ်တပ်ရဲ့ အကြမ်းဖက် အုပ်ချုပ်မှုတွေကို တွန်းလှန်နေတဲ့ မြန်မာပြည်သူတွေနဲ့ထပ်တူ မယိမ်းမယိုင် ဆက်လက် ရပ်တည်နေမယ်လို့လည်း ကြေညာသွားပါတယ်။

ကိုးကား-APHR

ဆက်စပ်သတင်းများ

သတင်း

PRFအပေါ်ပြည်သူတွေရဲယုံကြည်မှုပျက်ပြားစေဖို့နဲ့တော်လှန်ရေးဝင်ငွေလမ်းကြောင်းတွေကိုစစ်တပ်ဖြတ်တောက်ဖို့ကြံစည်တာဖြစ်တယ်လို့ PRF ထုတ်ပြန်

သတင်း

စစ်တပ်ကိုထိရောက်စွာအရေးယူဖို့ ရခိုင်အရပ်ဖက်အဖွဲ့တွေတိုက်တွန်း

သတင်း

မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ဝင်လာခဲ့တဲ့ မုန်တိုင်းငယ်ဟာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီး ရခိုင်ပြည်နယ်ကတဆင့် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျှားနေလို့ ရခိုင်ပြည်နယ်မှာ မိုးနဲ့ လေပြင်း‌ဘေးသတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

သတင်း

နဝတ၊ နအဖ စစ်အစိုးရလက်ထက်ကစစ်ထောက်လှန်းရေးမှာလူသိများတဲ့ ဗိုလ်မှူးကြီးစန်းပွင့်ရဲ့ကျေးရွာဖြစ်တဲ့ ဇကကျေးရွာကို စစ်တပ်စစ်ကြောင်းထိုးပြီး ရွာသား ၂ဦးကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်သွားတယ်လို့ စုံစမ်းသိရပါတယ်။

Facebook