Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူက စစ်တပ်ကိုကာ​ပေးထားတဲ့ပျူစခန်းကို ​တော်လှန်​ရေးတပ်​တွေတိုက်ခိုက်

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

(ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် ​အောင်ပွဲရ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေကို သ​ပြေပန်းနဲ့ကြိုဆိုပြီး​​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-ကန့်ဘလူပကဖ )

စက်တင်ဘာ-၂၄၊၂၀၂၆။ကတ်သရင်း/ People’s Spring

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ပျဉ်းတော်ကျေးရွာက အာဏာသိမ်းစစ်တပ်ရဲ့ကြံစိုက်ပျိုးရေးတပ်ကို ကာထားတဲ့ပျူစောထီးကာကင်းစခန်းအား တော်လှန်ရေးတပ်တွေက ဒီ​နေ့မနက် ဝင်တိုက်ခဲ့ပြီး ပျူစောထီး၇ ဦး ‌​သေဆုံးပြီး လက်နက်တွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဇီးကုန်းတိုက်နယ် ပကဖ တာဝန်ရှိသူကပြောပါတယ်။

စက်တင်ဘာလ၂၄ ရက်နေ့ မနက် ၂နာရီ လောက်မှာ ပျဉ်းတော်ရွာရဲ့ မြောက်ဘက်က ပျူစောထီး​တွေရဲ့ကာကင်းကို တော်လှန်ရေး တပ် တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ပျူစောထီးနဲ့လက်နက်တချို့သိမ်းယူနိုင်ခဲ့တာပါ။

“ကစရတပ်ပေါ့။ကြံစိုက်ပျိုးရေးတပ်ကိုကာထားတဲ့ ကာကင်းပါ။ဒီနားမှာစစ်တပ်ကြီးရှိတယ်။ဇီးကုန်းအမှတ်(၁)သကြားစက်ရုံပေါ။အဲတာကိုကာတဲ့တပ်ပါ။အရေးပါတဲ့ကာကင်းတခုဖြစ်တာပေါ့”လို့ ဇီးကုန်းတိုက်နယ်ပကဖ တာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပျဉ်းတော်ရွာမှာ စစ်တပ်လက်​အောက်ခံပျူစောထီး​​အဖြစ်ရွာသား ၅၀ ဦးကဝင်ထားတယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​​တွေက​ပြောပါတယ်။ပျူ​စောထီးတွေဟာ ဒီတပ်ကို ကာကွယ်ဖို့အတွက် ရွာရဲ့ မြောက်ဘက်ကနေ ကာကင်းထားရှိထားတာလို့ သိရပါတယ်။

ဒါ့အပြင် ဒီကာကင်းဟာ ဂိတ်ဖွင့်ပြီး ‌‌‌‌‌‌‌‌‌‌‌‌‌လမ်းသွားလမ်းလာပြည်သူ တွေဆီက ငွေကြေး​ကောက်ခံတာတွေလည်းလုပ်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Facebook