သတင်း တမူးမြို့တိုက်ပွဲ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံး "ကိုဌေးအောင်က မှုခင်းသတင်းထောက်။ ဒီလူက စစ်ကောင်စီဘောမ မဘဲ ဖောက်ထွက်လာတဲ့ သတင်း ထောက်။ လူတော်တစ်ယောက်"ဟု ဒေသခံတစ်ဦးကပြောသည်။ LuduNwayOoဇူလိုင် 16, 2022
သတင်း တမူးမြို့ခံများအနေဖြင့် မလိုအပ်ဘဲအပြင်မထွက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ် အရေးပေါ်သတိပေးချက် ထုတ်ပြန် တမူးမြို့ပေါ်တွင် စစ်ရေးတင်းမာနေပြီး ပြည်သူလူထုထိခိုက်မည်စိုးရိမ်၍ ယခုကဲ့သို့ သတိပေး ထားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း အန္ဒိယနိုင်ငံသားနှစ်ဦးကိုPDF များကသတ်ကြောင်းစစ်ကောင်စီပြောကြားချက်မှားယွင်း၊ပျူခေါင်းဆောင်မောင်လေးဝင်းကအမိန့်ပေးပြီးဖိုးစိန်နှင့်ရဲဇော်တို့ကပစ်သတ်ကြောင်းတမူးPDF ထုတ်ပြန် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ ပစ်သတ်ခဲ့ခြင်းကို PDFလုပ်သယောင် မဟုတ်မမှန်ပြောကြားခြင်းသည် နှစ်နိုင်ငံ ပြည်သူများအကြား PDFအပေါ်အမြင်လွှဲမှားစေရန် စစ်ကောင်စီကလုပ်ကြုံဖန်တီးခြင်းသာဖြစ်ကြောင်း PDF(တမူး)ကတုံ့ပြန်သည်။ LuduNwayOoဇူလိုင် 8, 2022
သတင်း တမူးမြို့သို့ နယ်စပ်ဖြတ်ကျော်ရောက်ရှ်ိလာသည့် အိန္ဒိယနိုင်ငံသားနှစ်ဦးကို ပျုစောထီးများက သေနတ်ဖြင့်ပစ်သတ် အိန္ဒိယနိုင်ငံသားနှစ်ဦးအရေး စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသလို အိန္ဒိယဘက်ကလည်း မည်သို့တုန့်ပြန်သည်ကို မသိရသေးဟု ဒေသခံများက ဆိုသည်။ LuduNwayOoဇူလိုင် 5, 2022
သတင်း တမူးမြို့နယ် စံပြရွာအနီးတိုက်ပွဲ စစ်သား ၅ ဦးသေဆုံး လက်ရှိတွင် တမူးမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေပြီး ကလေး-တမူး -အောင်ဇေယျလမ်းပိုင်းများ အပါအဝင် လမ်းမကြီးများကို အရေးကြီးကိစ္စမှအပ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသခံကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။ LuduNwayOoဇွန် 26, 2022
သတင်း တမူးမြို့နယ်၊ ရန်လင်းဖိုင်ရွာမှနေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့ “မီးရှို့လို့အိမ်မီးလောင်တာဘဲရှိတယ်။ လူထိခိုက်တာတော့မရှိပါဘူး။ PDFတွေနဲ့ တိုက်ပွဲမဖြစ်ပဲ သက်သက်မီးလာရှို့သွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။ ထိုအပြင် သေနတ်ဖြင့်ရမ်းသန်းပစ်ခတ်၍ နေအိမ်အချို့ ထိ့မှန်ပျက်စီးခဲ့သေးသည်။ LuduNwayOoဇွန် 24, 2022
သတင်း တမူးPDFက စစ်တပ်ထုတ်မြန်မာဘီယာဖာ၁၀၀ဖာနီးပါးကိုဖမ်းဆီးဖျက်ဆီး တမူးPDFသည်အဆိုပါလမ်းပိုင်းတွင် ယခင်ကလည်းကားများကိုစစ်ဆေး၍စစ်တပ်ထုတ်ကုန်များတွ့ပါက ဖမ်းဆီးဖျက်ဆီးခဲ့သည်။နယ်မြေစိုးမိုးရးအတွက် တမူး-ကလေးလမ်းပိုင်းကိုတမူးPDFက မကြာခဏစစ်ဆေးလေ့ရှိသည်။ LuduNwayOoဇွန် 21, 2022
News တမူးမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က PDF အသွင်ဆောင်လှုပ်ရှားနေ စစ်ကောင်စီတပ်သားများသည် ထိုသို့ အသွင်ဆောင်ဝင်ရောက်လှုပ်ရှားပြီး တော်လှန်ရေးအင်အားစုများ၏ သတင်းကို စုံစမ်းထောက်လှမ်းခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ဓားပြတိုက်လုယက်ခြင်း၊ မုဒိန်းကျင့်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည်ဟု ဆိုသည်။ LuduNwayOoဧပြီ 29, 2022
News တမူးမြို့ရှိကျောင်းတွင်တပ်စွဲထားသောစစ်ကောင်စီတပ်ကို တမူး PDF ကွန်မန်ဒိုပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်၊ လေးဦးသေ ကားများအားလုံး မှန်ချမောင်းနှင်ရန်၊ကုန်တင်ကားများ မိုးကာမအုပ်ကြရန်၊ ည ၇နာရီမှ နံနက် ၆နာရီအတွင်းဖြတ်သန်းခြင်းမပြုရန်၊ စစ်ကောင်စီထုတ်ကုန်များ မတင်ဆောင်ရန်၊ ကျွန်းသစ်အပါအဝင်သစ်တောထွက်သစ်မျိုးစုံနှင့် ကျွဲ၊နွား၊မူးယစ်ဆေးများမသယ်ရန် သတိပေး ထားသည်။ LuduNwayOoဧပြီ 18, 2022
News တမူးမြို့တွင် PDF အမည်အသုံးချပြီး ဓားပြတိုက်၊ လုယက်နေသည့် ပျူစောထီး အဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့နှစ်ခုက သုတ်သင် ကဘော်ချိုင့်ဝှမ်းPDFထိန်းချုပ်နယ်မြေရှိ တမူး - အောင်ဇေယျကားလမ်း တစ်လျှောက် ဓါးပြတိုက်လုယက်နေသော အဆိုပါအဖွဲ့ကို PDF - Combat Engineer Unit (စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့)နှင့် တပ်CDM ရဲဘော်များက ပူးပေါင်းသုတ်သင် ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဧပြီ 16, 2022