Connect with us

Hi, what are you looking for?

News

တမူးမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က PDF အသွင်ဆောင်လှုပ်ရှားနေ

စစ်ကောင်စီတပ်သားများသည် ထိုသို့ အသွင်ဆောင်ဝင်ရောက်လှုပ်ရှားပြီး တော်လှန်ရေးအင်အားစုများ၏ သတင်းကို စုံစမ်းထောက်လှမ်းခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ဓားပြတိုက်လုယက်ခြင်း၊ မုဒိန်းကျင့်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) တပ်ရင်း – ၁ ပြော

စစ်ကိုင်းတိုင်း တမူးမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်(PDF) အသွင်ဆောင်ကာ အများပြည်သူသွားလာနေသည့် ကားလမ်းနှင့် ကျေးရွာများကို ဝင်ရောက်လှုပ်ရှားနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူးမြို့)တပ်ရင်း – ၁က ယနေ့ သတိပေးထုတ်ပြန်လိုက်သည်။

စစ်ကောင်စီတပ်သားများသည် ထိုသို့ အသွင်ဆောင်ဝင်ရောက်လှုပ်ရှားပြီး တော်လှန်ရေးအင်အားစုများ၏ သတင်းကို စုံစမ်းထောက်လှမ်းခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ဓားပြတိုက်လုယက်ခြင်း၊ မုဒိန်းကျင့်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည်ဟု ဆိုသည်။

ထို့အ့အင် PDF-တမူး တပ်ရင်း-၁ ၏ အမှတ်တံဆိပ်(Logo)တပ်ဆင်ထားသည့် (Uniform)ဝတ်စုံများကိုဝတ်ဆင်အသုံးပြု၍ လူမှုကွန်ရက်တွင် ငွေကြေး၊ရိက္ခာများ၊အလှူခံခြင်း၊ တပ်ရင်း-၁ တပ်ဖွဲ့ဝင်များ၏ ပုံသဏ္ဍန်ဖြင့် လှုပ်ရှားသွားလာခြင်း၊ အင်တာနက် စာမျက်နှာ(Page) အမည်အမျိုးမျိုးဖြင့်အလှုခံကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ (Certificate)ထုတ်ပေးရာတွင် မိမိတို့ တပ်ရင်း – ၁ အမည်ကို အသုံးချနေသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ အလွဲသုံးစားပြုမူများကို လုံးဝမလုပ်ဆောင်ရန် ပြင်းပြင်းထန်ထန် သတိပေးတားမြစ်သည်ဟုလည်း PDF(တမူး)က ဆိုသည်။

ထို့အပြင် တမူး-အောင်ဇေယျလမ်းပိုင်းနှင့် ဘေးဝဲယာရှိ ကျေးရွာနေပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးဖြင့်သွားလာရန် ကိစ္စရှိပါက PDF(တမူး) တပ်ရင်း-၁ ကို အသိပေးပြီးမှသာ သွားလာရန်လည်း PDF(တမူး)က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook