Connect with us

Hi, what are you looking for?

News

တမူးမြို့တွင် PDF အမည်အသုံးချပြီး ဓားပြတိုက်၊ လုယက်နေသည့် ပျူစောထီး အဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့နှစ်ခုက သုတ်သင်

ကဘော်ချိုင့်ဝှမ်းPDFထိန်းချုပ်နယ်မြေရှိ တမူး – အောင်ဇေယျကားလမ်း တစ်လျှောက် ဓါးပြတိုက်လုယက်နေသော အဆိုပါအဖွဲ့ကို PDF – Combat Engineer Unit (စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့)နှင့် တပ်CDM ရဲဘော်များက ပူးပေါင်းသုတ်သင် ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် PDF အမည်အသုံးချပြီး ဓားပြတိုက်၊ လုယက်နေ သည့် ပျူစောထီးအဖွဲ့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှစ်ခုက ပူးပေါင်း သုတ်သင်ခဲ့ကြောင်း ယနေ့ (ဧပြီ ၁၆ရက်) သင်္ကြန်အတက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကဘော်ချိုင့်ဝှမ်းPDFထိန်းချုပ်နယ်မြေရှိ တမူး – အောင်ဇေယျကားလမ်း တစ်လျှောက် ဓါးပြတိုက်လုယက်နေသော အဆိုပါအဖွဲ့ကို PDF – Combat Engineer Unit (စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့)နှင့် တပ်CDM ရဲဘော်များက ပူးပေါင်းသုတ်သင် ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဧပြီ ၁၅ ရက်တွင် PDF(တမူး)ထိန်းချုပ်နယ်မြေတွင် နေလယ် ၂နာရီခန့်က တမူး – အောင်ဇေယျ ကားလမ်းပေါ်တွင် သွားလာနေသည့် ပြည်သူများကို PDF(တမူး)က ဖမ်းဆီးလုယက်နေသည်ဟု သတင်းရရှိခဲ့သည်၊။

ထိုကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှစ်ခုက ထိုနေ့ ည ၉နာရီအချိန်တွင် အဆိုပါအဖွဲ့ကို သုတ်သင်ရှင်းလင်နိုင်ခဲ့ပြီး ခါးချိုးသေနတ်တစ်လက် ၎င်းကျည် ၅ တောင့်၊ အိန္ဒိယရူပီးငွေ ၅၅,၀၀၀ ၊ ကျပ် ၂၁၀၀၀နှင့် လက်ကိုင်ဖုန်း၁လုံး တို့ကိုသိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ လုယက်နေသူများသည် ဆရာစံရွာသား ကျော်ဇင်ထွန်း၊ကျော်နိုင်ထွန်း (ခ)သားကြီး နှင့် ဖိုးချစ်တို့ဖြစ်ပြီး နှစ်ဦးသေဆုံးကာ ကျော်နိုင်ထွန်းမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဖော်ပြထားသည်။

သိမ်းဆည်းရမိသည့် ငွေများကိုလည်း မူလပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်း ပေးပြီးဖြစ် ကြောင်းလည်း ဒေသခံကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook