Connect with us

Hi, what are you looking for?

LuduNwayOo

News

တမူးမြို့တွင် PDF အမည်အသုံးချပြီး ဓားပြတိုက်၊ လုယက်နေသည့် ပျူစောထီး အဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့နှစ်ခုက သုတ်သင်

ကဘော်ချိုင့်ဝှမ်းPDFထိန်းချုပ်နယ်မြေရှိ တမူး – အောင်ဇေယျကားလမ်း တစ်လျှောက် ဓါးပြတိုက်လုယက်နေသော အဆိုပါအဖွဲ့ကို PDF – Combat Engineer Unit (စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့)နှင့် တပ်CDM ရဲဘော်များက ပူးပေါင်းသုတ်သင် ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် PDF အမည်အသုံးချပြီး ဓားပြတိုက်၊ လုယက်နေ သည့် ပျူစောထီးအဖွဲ့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှစ်ခုက ပူးပေါင်း သုတ်သင်ခဲ့ကြောင်း ယနေ့ (ဧပြီ ၁၆ရက်) သင်္ကြန်အတက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကဘော်ချိုင့်ဝှမ်းPDFထိန်းချုပ်နယ်မြေရှိ တမူး – အောင်ဇေယျကားလမ်း တစ်လျှောက် ဓါးပြတိုက်လုယက်နေသော အဆိုပါအဖွဲ့ကို PDF – Combat Engineer Unit (စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့)နှင့် တပ်CDM ရဲဘော်များက ပူးပေါင်းသုတ်သင် ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဧပြီ ၁၅ ရက်တွင် PDF(တမူး)ထိန်းချုပ်နယ်မြေတွင် နေလယ် ၂နာရီခန့်က တမူး – အောင်ဇေယျ ကားလမ်းပေါ်တွင် သွားလာနေသည့် ပြည်သူများကို PDF(တမူး)က ဖမ်းဆီးလုယက်နေသည်ဟု သတင်းရရှိခဲ့သည်၊။

ထိုကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှစ်ခုက ထိုနေ့ ည ၉နာရီအချိန်တွင် အဆိုပါအဖွဲ့ကို သုတ်သင်ရှင်းလင်နိုင်ခဲ့ပြီး ခါးချိုးသေနတ်တစ်လက် ၎င်းကျည် ၅ တောင့်၊ အိန္ဒိယရူပီးငွေ ၅၅,၀၀၀ ၊ ကျပ် ၂၁၀၀၀နှင့် လက်ကိုင်ဖုန်း၁လုံး တို့ကိုသိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ လုယက်နေသူများသည် ဆရာစံရွာသား ကျော်ဇင်ထွန်း၊ကျော်နိုင်ထွန်း (ခ)သားကြီး နှင့် ဖိုးချစ်တို့ဖြစ်ပြီး နှစ်ဦးသေဆုံးကာ ကျော်နိုင်ထွန်းမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဖော်ပြထားသည်။

သိမ်းဆည်းရမိသည့် ငွေများကိုလည်း မူလပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်း ပေးပြီးဖြစ် ကြောင်းလည်း ဒေသခံကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။