Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့ခံများအနေဖြင့် မလိုအပ်ဘဲအပြင်မထွက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ် အရေးပေါ်သတိပေးချက် ထုတ်ပြန်

တမူးမြို့ပေါ်တွင် စစ်ရေးတင်းမာနေပြီး ပြည်သူလူထုထိခိုက်မည်စိုးရိမ်၍ ယခုကဲ့သို့ သတိပေး ထားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

တမူးမြို့
တမူးမြို့

တမူးမြို့ခံများအနေဖြင့် မလိုအပ်ဘဲအပြင်မထွက်ကြရန် တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ညနေပိုင်းတွင် အရေးပေါ်သတိပေးချက် ထုတ်ပြန်သည်။

အသေးစိတ်ဖော်ပြမထားဘဲ တိကျရှင်းလင်းသည့် သတိပေးချက်ကို တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း(၄)က ထုတ်ပြန်ခြင်းဖြစ်သည်။

“တမူးမြို့ရှိပြည်သူများခင်ဗျာ… အပြင်သို့ မလိုအပ်ဘဲ မထွက်ကြဖို့ မေတ္တာရပ်ခံပါသည်”ဟု ဖော်ပြထားသည်။

တမူးမြို့ပေါ်တွင် စစ်ရေးတင်းမာနေပြီး ပြည်သူလူထုထိခိုက်မည်စိုးရိမ်၍ ယခုကဲ့သို့ သတိပေး ထားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တမူးမြို့တွင် ဇူလိုင် ၅ရက်က ဖြစ်ခဲ့သည့် အိန္ဒိယနိုင်ငံသားနှစ်ဦးအား ပျူစောထီးများက သတ်ဖြတ်သည့်အမှုအတွက် ဖိအားများနေသည့် စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အရပ်သားပြည်သူများအား အကြမ်းဖက်တိုက်ခိုက်လာနိုင်ကြောင်း ဒေသခံများက သုံးသပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။