Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးမြို့သို့ နယ်စပ်ဖြတ်ကျော်ရောက်ရှ်ိလာသည့် အိန္ဒိယနိုင်ငံသားနှစ်ဦးကို ပျုစောထီးများက သေနတ်ဖြင့်ပစ်သတ်

အိန္ဒိယနိုင်ငံသားနှစ်ဦးအရေး စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသလို အိန္ဒိယဘက်ကလည်း မည်သို့တုန့်ပြန်သည်ကို မသိရသေးဟု ဒေသခံများက ဆိုသည်။

တမူးမြို့
တမူးမြို့

တမူးမြို့သို့ နယ်စပ်ဖြတ်ကျော်ရောက်ရှ်ိလာသည့် အိန္ဒိယနိုင်ငံသားနှစ်ဦးကို တမူးမြို့ စောဘွားရပ်ကွက်ရှိ စစ်ကောင်စီဂိတ်မှ ပျုစောထီးများက သေနတ်ဖြင့်ရက်ရက် စက်စက်ပစ်သတ်လိုက်ကြောင်း မြို့ခံများက ပြောသည်။

အိန္ဒိယနိုင်ငံသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုသည် ယနေ့(ဇူလိုင် ၅ရက်) နေ့လည် ၁နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” ပျုစောထီးတွေက ပစ်သတ်တာ။ စော်ဘွားရပ်ကွက်ဆိုတာ ပျုစောထီးကြီးစိုးတဲ့ ရပ်ကွက်။ အိန္ဒိယနိုင်ငံသားနှစ်ယောက်ကို တားဆီးတယ်။ ခက်ခက်ထန်ထန် စစ်တယ်။ အိန္ဒိယနှစ်ယောက်က မြန်မာစကားလည်း မပေါက်တော့ ဘယ်လိုပြဿနာဖြစ်တယ်တော့မသိဘူး။ ပစ်သတ်ပစ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အိန္ဒိယနိုင်ငံသားနှစ်ဦးသည် တမူးနှင့် နယ်စပ်ကပ်လျက်ဖြစ်သော အန္ဒိယနိုင်ငံ မိုရေးမြို့မှ လာရောက်ကြခြင်းဖြစ်သည်။ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်အတွက်တရားဝင်အထောက်အထား မတွေ့ရှိဟု ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။ ၎င်းတို့နှစ်ဦးကို ပျူစောထီးအဖွဲ့က သေနတ်ဖြင့်ပစ်သတ်လိုက်​ခြင်းဖြစ်ကြောင်း မြို့ခံများက အခိုင်အမာပြောသည်။

Public Service Announcement

Public Service Announcement

အိန္ဒိယနိုင်ငံသားနှစ်ဦးအရေး စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသလို အိန္ဒိယဘက်ကလည်း မည်သို့တုန့်ပြန်သည်ကို မသိရသေးဟု ဒေသခံများက ဆိုသည်။

မြန်မာတွင် စစ်အာဏာသိမ်းမှုကို နှုတ်ဆိတ်နေသည့် အန္ဒိယအစိုးရအား မြန်မာ့အရေးလှုပ်ရှားသူများက ဝေဖန်နေကြပြီး စစ်ကောင်စီကဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့ကသတ်၍ နိုင်ငံသားနှစ်ဦးသေဆုံးမှုအတွက် မည်သို့တုန့်ပြန်မည်ကို စောင့်ကြည့်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

သတင်း

ဟုမ္မလင်းမြို့နယ်နှင့် တမူးမြို့နယ်၊ အောင်ဇေယျရွာသည် မင်းသမီးတောင်ခြားလျက် နယ်မြေခြင်းထိစပ်နေပြီး အမှတ် (၁) စစ်ဒေသအောက်မှ တပ်ရင်းများပူးပေါင်း၍ စစ်ရေးဖော်ဆောင်နေသည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။