Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့သို့ နယ်စပ်ဖြတ်ကျော်ရောက်ရှ်ိလာသည့် အိန္ဒိယနိုင်ငံသားနှစ်ဦးကို ပျုစောထီးများက သေနတ်ဖြင့်ပစ်သတ်

အိန္ဒိယနိုင်ငံသားနှစ်ဦးအရေး စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသလို အိန္ဒိယဘက်ကလည်း မည်သို့တုန့်ပြန်သည်ကို မသိရသေးဟု ဒေသခံများက ဆိုသည်။

တမူးမြို့
တမူးမြို့

တမူးမြို့သို့ နယ်စပ်ဖြတ်ကျော်ရောက်ရှ်ိလာသည့် အိန္ဒိယနိုင်ငံသားနှစ်ဦးကို တမူးမြို့ စောဘွားရပ်ကွက်ရှိ စစ်ကောင်စီဂိတ်မှ ပျုစောထီးများက သေနတ်ဖြင့်ရက်ရက် စက်စက်ပစ်သတ်လိုက်ကြောင်း မြို့ခံများက ပြောသည်။

အိန္ဒိယနိုင်ငံသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုသည် ယနေ့(ဇူလိုင် ၅ရက်) နေ့လည် ၁နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” ပျုစောထီးတွေက ပစ်သတ်တာ။ စော်ဘွားရပ်ကွက်ဆိုတာ ပျုစောထီးကြီးစိုးတဲ့ ရပ်ကွက်။ အိန္ဒိယနိုင်ငံသားနှစ်ယောက်ကို တားဆီးတယ်။ ခက်ခက်ထန်ထန် စစ်တယ်။ အိန္ဒိယနှစ်ယောက်က မြန်မာစကားလည်း မပေါက်တော့ ဘယ်လိုပြဿနာဖြစ်တယ်တော့မသိဘူး။ ပစ်သတ်ပစ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အိန္ဒိယနိုင်ငံသားနှစ်ဦးသည် တမူးနှင့် နယ်စပ်ကပ်လျက်ဖြစ်သော အန္ဒိယနိုင်ငံ မိုရေးမြို့မှ လာရောက်ကြခြင်းဖြစ်သည်။ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်အတွက်တရားဝင်အထောက်အထား မတွေ့ရှိဟု ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။ ၎င်းတို့နှစ်ဦးကို ပျူစောထီးအဖွဲ့က သေနတ်ဖြင့်ပစ်သတ်လိုက်​ခြင်းဖြစ်ကြောင်း မြို့ခံများက အခိုင်အမာပြောသည်။

Public Service Announcement

Public Service Announcement

အိန္ဒိယနိုင်ငံသားနှစ်ဦးအရေး စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသလို အိန္ဒိယဘက်ကလည်း မည်သို့တုန့်ပြန်သည်ကို မသိရသေးဟု ဒေသခံများက ဆိုသည်။

မြန်မာတွင် စစ်အာဏာသိမ်းမှုကို နှုတ်ဆိတ်နေသည့် အန္ဒိယအစိုးရအား မြန်မာ့အရေးလှုပ်ရှားသူများက ဝေဖန်နေကြပြီး စစ်ကောင်စီကဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့ကသတ်၍ နိုင်ငံသားနှစ်ဦးသေဆုံးမှုအတွက် မည်သို့တုန့်ပြန်မည်ကို စောင့်ကြည့်နေကြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။