Connect with us

Hi, what are you looking for?

သတင်း

အန္ဒိယနိုင်ငံသားနှစ်ဦးကိုPDF များကသတ်​ကြောင်းစစ်​ကောင်စီ​​ပြောကြားချက်မှားယွင်း၊ပျူ​ခေါင်း​ဆောင်​မောင်​လေးဝင်းကအမိန့်​ပေးပြီးဖိုးစိန်နှင့်ရဲ​ဇော်တို့ကပစ်သတ်​ကြောင်းတမူးPDF ထုတ်ပြန်

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ ပစ်သတ်ခဲ့ခြင်းကို PDFလုပ်သယောင် မဟုတ်မမှန်ပြောကြားခြင်းသည် နှစ်နိုင်ငံ ပြည်သူများအကြား PDFအပေါ်အမြင်လွှဲမှားစေရန် စစ်​ကောင်စီကလုပ်ကြုံဖန်တီးခြင်းသာဖြစ်​ကြောင်း PDF(တမူး)ကတုံ့ပြန်သည်။

Tamu PDF
Tamu PDF

တမူးမြို့တွင် အိန္ဒိယနိုင်ငံသားနှစ်ဦးကို PDFက ပစ်သတ်ခဲ့သည်ဟု စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားချက်သည် မှားယွင်ပြီး အိန္ဒိယနိုင်ငံ
သားနှစ်ဦးကို တမူး ပျူစောထီးအဖွဲ့ခေါင်းဆောင်မောင်လေးဝင်းက အမိန့်ပေးပြီး ဖိုးစိန်နှင့်ရဲဇော်တို့က​သေနတ်ဖြင့်အနီးကပ် ပစ်သတ်ခဲ့ခြင်းဖြစ်​ကြောင်းတမူးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ကအဂ်လိပ်ဘာသာဖြင့်ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ ပစ်သတ်ခဲ့ခြင်းကို PDFလုပ်သယောင် မဟုတ်မမှန်ပြောကြားခြင်းသည် နှစ်နိုင်ငံ ပြည်သူများအကြား PDFအပေါ်အမြင်လွှဲမှားစေရန် စစ်​ကောင်စီကလုပ်ကြုံဖန်တီးခြင်းသာဖြစ်​ကြောင်း PDF(တမူး)ကတုံ့ပြန်သည်။

အိန္ဒိယနိုင်ငံသားများဖြစ်သည့် အသက် ၃၅ နှစ်အရွယ် အိုင်ယာနားနှင့် အသက် ၂၈ နှစ် အရွယ် မိုဟန်တို့ကို တမူးမြို့တွင် ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းက တမူးမြို့လယ်ရှိ ပျူ​စောထီးများရှိ​နေ​သောစစ်​ရေးဂိတ်တွင်ပျူ​စောထီးနှစ်ဦးကဦးခေါင်းကိုပစ်သတ်ခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံများကပြောသည်။ ၎င်းတို့၏ ရုပ်အလောင်းများကိုစစ်​ကောင်စီတပ်ကပြန်မ​ပေးသဖြင့် ပြန်ပေးရန် အိန္ဒိယ-မြန်မာ နယ်စပ်မြို့ မိုးရေးမြို့တွင် ဇူလှိုင် ၆ ရက်က အင်အား ၂၀၀ ဖြင့် ဆန္ဒပြခဲ့သည်။

ထိုပစ်ခတ်မှုကို PDFများက ဆောင်ရွက်ခြင်းဖြစ်သည်ဟု အကြမ်းဖက်စစ်ကောင်စီမှဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၇ ရက်ကစစ်​ကောင်စီဝါဒဖြန့်မီဒီယာများတွင်​ပြောကြားလာခြင်းဖြစ်သည်။ ရုပ်အလောင်းများကိုလည်းဇူလိုင် ၆ ရက်မနက်ပိုင်းက မီးရှို့ သင်္ဂြိုလ်ပြီးဖြစ်​ကြောင်းလည်း​ဇော်မင်းထွန်းက​ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့လုပ်ထားလို့ အလောင်းဖျောက်တာ သိသာနေတာဘဲ။ သူတို့လုပ်ပြီး PDFကို လွှဲချနေတာ”ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

ထိုသို့ အိန္ဒိယနိုင်ငံသားနှစ်ဦး သတ်ခံရခြင်းကြောင့် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးဂိတ်လည်း ပိတ်သွားပြီး မဏိပူရ်ပြည်နယ်၊ တင်နိုပယ်ခရိုင် အုပ်ချုပ်ရေးမှူးက မြန်မာဘက်ကို မလိုအပ်ဘဲ ခရီးမသွားရန် တားမြစ်ထားသည်။ ယခုအခါတမူးမြို့မှ စစ်ဘေးရှောင်များမှာလည်း အခက်အခဲဖြစ်နေပြီး နေအိမ်ပြင်ပသို့ မထွက်ရန် အချင်းချင်း သတိပေးနေရသည်ဟုလည်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံထဲကတော်လှန်ရေးအင်အားစု တချို့ကို လေ့ကျင့်ပေးခဲ့ကြောင်းစွပ်စွဲခံရသူ အမေရိကန်နိုင်ငံသား ၁ ဦးနဲ့ယူကရိန်းနိုင်ငံသား ၆ ဦးကိုအိန္ဒိယကအိမ်ပြန်ခွင့်ပေးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook