Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့တိုက်ပွဲ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံး

“ကိုဌေးအောင်က မှုခင်းသတင်းထောက်။ ဒီလူက စစ်ကောင်စီဘောမ မဘဲ ဖောက်ထွက်လာတဲ့ သတင်း ထောက်။ လူတော်တစ်ယောက်”ဟု ဒေသခံတစ်ဦးကပြောသည်။

တမူးမြို့တိုက်ပွဲ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံး
တမူးမြို့တိုက်ပွဲ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံး

▪️အရပ်သားနှစ်ဦးကိုလည်း စစ်အုပ်စုသတ်ဖြတ်သွား

တမူးမြို့တွင် ယနေ့(ဇူလိုင်၁၆ရက်)ဖြစ်ပွားသော တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး အရပ်သားနှစ်ဦးကိုလည်း စစ်ကောင်စီနှင့် ပျူစောထီးများက သတ်ဖြတ်ခဲ့ကြောင်း PDF တမူးက ထုတ် ပြန်သည်။

တမူးမြို့အထွက် ဆီဆိုင်အနီးတွင် ယနေ့(ဇူလိုင် ၁၆ ရက်)နံနက် ၉နာရီမှ ၁၁နာရီအထိတိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ညီနောင်မဟာမိတ်ဖြစ်သော မြို့နယ်(ပ.က.ဖ)အဖွဲ့များ နယ်မြေရှင်းလင်းရေးပြုလုပ်ရန် သွားနေစဥ် ညကတည်း က ကင်းပုန်းဝပ်စောင့်နေကြသော စကစနှင့်ပျူစောထီး အင်အား ၂၀၀ ခန့်မှ စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါသည်”ဟု PDF တမူး တပ်ရင်း (၄)က ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

” ရဲဘော်တစ်ယောက်ကျတယ်။ အရပ်သားနှစ်ယောက်ကိုလည်း စစ်တပ်နဲ့ ပျူတွေက ပစ်သတ်လိုက်တယ်။ အလောင်းနှစ်လောင်းကို မီးရှို့ပစ်ထားတယ်။ ညနေကျမှ အလောင်းသွားကောက်နိုင်တယ်”ဟု တမူးမြို့မှ ပြည်သူ့ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အရပ်သားနှစ်ဦးအနက် တစ်ဦးသည် ၁၂ဘီးကားယာဥ်မောင်းသူ ဖြစ်သည်။ ကျဆုံးပြည်သူ့ရဲဘော်နှင့် ကျန်အရပ်သားတစ်ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီက မီးရှို့သွားခဲ့သည်။

ကျဆုံးရဲဘော်သည် ကိုဌေးအောင်ဟု လူသိများပြီး ယခင်က သတင်းထောက်အလုပ်လုပ်ခဲ့သူဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ကိုဌေးအောင်က မှုခင်းသတင်းထောက်။ ဒီလူက စစ်ကောင်စီဘောမ မဘဲ ဖောက်ထွက်လာတဲ့ သတင်း ထောက်။ လူတော်တစ်ယောက်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီအတွက် အသက်ပေးအပ်သွားသော မိမိတို့ မဟာမိတ်ရဲဘော်အတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်း မှတ်တမ်းတင်အပ်ပါသည်ဟု PDF တမူးတပ်ရင်း(၄)က ထုတ်ပြန်ထားသည်။

ယနေ့ညတွင် တိုက်ပွဲမဖြစ်ပွားသော်လည်း စစ်ကောင်စီက နေရာအချို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။