နိုင်ငံတကာ
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ ကျူးကျော်စစ်ကြောင့် နိုင်ငံတကာ အော့ကြောလန်ဘဝ ရောက်နေတဲ့ ပူတင်ကို သံတမန်ရေးအရ တရုတ်အစိုးရက အကာအကွယ် ပေးနေတယ်ဆိုတာ ဒီခရီးစဉ်က ပေါ်လွင် မြင်သာစေကြောင်း ဝေဖန် ပြောကြားထားပါတယ်။
Hi, what are you looking for?
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ ကျူးကျော်စစ်ကြောင့် နိုင်ငံတကာ အော့ကြောလန်ဘဝ ရောက်နေတဲ့ ပူတင်ကို သံတမန်ရေးအရ တရုတ်အစိုးရက အကာအကွယ် ပေးနေတယ်ဆိုတာ ဒီခရီးစဉ်က ပေါ်လွင် မြင်သာစေကြောင်း ဝေဖန် ပြောကြားထားပါတယ်။
ယူကရိန်း စစ်ပွဲမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ကြောင်း စွပ်စွဲချက်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဝရမ်း ထုတ်ခဲ့တဲ့အပေါ် ရုရှား အစိုးရက အပြင်းအထန် ရှုတ်ချကြောင်း တုံ့ပြန်ခဲ့ပါတယ်။
သူက ရုရှားနိုင်ငံသားတွေပဲ တစ်နေ့နေ့ကျရင် စစ်ပွဲ လိုလားသူ ပူတင်ကို လုပ်ကြံလိုက်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒီကိစ္စကလည်း လူသတ်သမားကိုယ်တိုင် အသတ်ခံရတဲ့ အဓိပ္ပါယ်သာ ဖြစ်လိမ့်မယ်လို့ ဇီလန်စကီးက ဆိုပါတယ်။
ယူကရိန်းမှာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်ခဲ့တဲ့ နောက်ပိုင်း ကာလတလျှောက် ရုရှား အစိုးရနဲ့ ဆက်စပ်မှုရှိတဲ့ ရာထူးကြီး ပုဂ္ဂိုလ်တွေ ပဟေဠိဆန်ဆန် သေဆုံးမှုတွေ အတော်များများ ဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။
ပူတင်လက်ထဲ ရောက်နေတဲ့ ဂုဏ်ပြုဆုနဲ့ ပတ်သက်လို့ သူ့သဘောထား အမြင်ကို မေးတဲ့အခါ မာခရွန်က လက်တွေ့ အသုံးမဝင်တဲ့ သင်္ကေတ သဘောသာ ဖြစ်ပေမယ့် အရေးတော့ ကြီးတယ်လို့ ဖြေကြားခဲ့ပါတယ်။
ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က အစိုးရရဲ့ အရေးပါတဲ့ ရုံးဌာနတွေနားမှာ ကာကွယ်ရေး အစီအမံတွေ တိုးမြှင့်ထားတယ်လို့ အတည်ပြုပေမယ့် ပူတင်ရဲ့ အိမ်နားမှာ လေကြောင်းကာကွယ်ရေး စနစ်တစ်ခု ချထားတယ် ဆိုတာကိုတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။
ဇီလန်စကီးဟာ ပူတင် သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့ ပြောတာလား၊ ဒါမှမဟုတ် ပူတင်ဟာ ရုရှားရဲ့ အဓိက ဆုံးဖြတ်ပိုင်ခွင့်ရှိသူ မဟုတ်တော့ဘူးလို့ ရည်ညွှန်းချင်တာလား ဆိုတာကတော့ သိပ်မသဲကွဲပါဘူး။ ဇီလန်စကီးဟာ အဲဒီမှတ်ချက်ကို စကားပြန်ကနေတဆင့် ပေးခဲ့တာပါ။
ပူတင်ဟာ ရုရှားစစ်တပ်နဲ့ ရုရှားပြည်သူတွေကို အကာအကွယ်ယူ ပုန်းခိုနေပြီး ရုရှားနိုင်ငံနဲ့ ရုရှားပြည်သူတွေရဲ့ အနာဂတ်ကို မီးတင်ရှို့နေကြောင်း၊ ပူတင်ရဲ့ အကြမ်းဖက် ရန်လိုမှုတွေကို ယူကရိန်းက လုံးဝ ခွင့်လွှတ်မှာ မဟုတ်ကြောင်းလည်း ဇီလန်စကီးက ဆိုပါတယ်။
မတ်စ်ခ်ကတော့ Twitterပေါ်က အဲဒီ ဟောကိန်းကို ရွှတ်နောက်နောက်နဲ့ သဘောကျသလို ပုံစံမျိုး မှတ်ချက်ပေးထားတာ တွေ့ရပါတယ်။ မက်ဗီဒက်ဗ်ရဲ့ ခန့်မှန်းချက်တွေကို ၂၄ နာရီလောက်အတွင်း ဝင်ရောက် ကြည့်ရှုထားသူ ၃၄.၅ သန်းကျော် ရှိခဲ့ကြောင်းလည်း သိရပါတယ်။
နှစ်စဉ် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတွေကို ပူတင်ရဲ့ ပုံရိပ် မြှင့်တင်ပေးမယ့် ကြားခံ ကိရိယာ အနေနဲ့ ကရင်မလင် နန်းတော်က အစဉ်တစိုက် အသုံးချခဲ့ပေမယ့် အခုနှစ်မှာတော့ ဘယ်လိုမှ အဆင်မပြေနိုင်တာကြောင့် ဖျက်သိမ်းခဲ့ရဟန် ရှိပါတယ်။