Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုန်သွယ်ရေး၊စွမ်းအင်နဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ဖို့ မိုဒီနဲ့ပူတင်ဆွေးနွေး

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဓာတ်ပုံ - Narendra Modi

စက်တင်ဘာ – ၁၁ ၊၂၀၂၆

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဒါဟာ နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား နှစ်ပတ်အတွင်း ဒုတိယမြောက် တွေ့ဆုံမှုဖြစ်ပြီး ကုန်သွယ်ရေး၊ စွမ်းအင်နဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယ အစိုးရက ထုတ်ပြန်ပါတယ်။

ပူတင်ဟာ အိန္ဒိယမှာ ကျင်းပတဲ့ BRICS ညီလာခံကို တက်ရောက်ရင်း မိုဒီနဲ့ လူချင်းတွေ့ခဲ့တာ ဖြစ်ပါတယ်။ BRICS ညီလာခံကို တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ အီရန် သမ္မတ မာဆုဒ်ပက်ဇက်ရှ်ခန်းတို့လို အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေလည်း တက်ရောက်လာပါတယ်။

Public Service Announcement

Public Service Announcement

BRICS ဆိုတာက အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ကမ္ဘာ့စီးပွားရေး နယ်ပယ်ကို လက်ဝါးကြီး အုပ်ထားတဲ့အပေါ် စိန်ခေါ်ဖို့ ရည်ရွယ်ပြီး ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့က စတင်ဖွဲ့စည်းခဲ့တဲ့ အစုအဖွဲ့လည်း ဖြစ်ပါတယ်။

ဒေလီမှာ မတွေ့ဆုံခင် ဩဂုတ် ၃၁ ရက်နေ့တုန်းကလည်း ကာဂျစ္စတန်နိုင်ငံ၊ ဘစ်ရှ်ကက်မြို့မှာ ကျင်းပတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ညီလာခံမှာ မိုဒီနဲ့ ပူတင်တို့ တွေ့ဆုံခဲ့ပါသေးတယ်။

တရုတ်နဲ့ အိန္ဒိယတို့ဟာ ရုရှားဆီက ရေနံအများဆုံး ဝယ်ယူတဲ့ နိုင်ငံတွေဖြစ်ပြီး အဲဒီအခြေအနေကြောင့်ပဲ ရုရှားဟာ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို တောင့်ခံနိုင်ခဲ့ပါတယ်။

ပူတင်ဟာ မနှစ်က ဒီဇင်ဘာလတုန်းကလည်း အိန္ဒိယကို အလည်အပတ် ခရီးစဉ် ရောက်ရှိလာခဲ့ဖူးပါတယ်။ ပြီးတော့ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားက အသုံးပြုလာတဲ့ ဂျက်အင်ဂျင်တပ် ဖောက်ခွဲရေး ဒရုန်းတွေဟာ ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တွေကို အကျပ်ရိုက်နေစေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒီဇိုင်းတည်ဆောက်ပုံက ဒရုန်းနဲ့တူနေတဲ့ ဒရုန်းတစ်ပိုင်း၊ ဒုံးကျည်တစ်ပိုင်း ခရုစ်ဒုံးကျည် အမျိုးအစားသစ်တွေကို အီဂျစ်မှာ ကျင်းပတဲ့ လေကြောင်းနည်းပညာ ပြပွဲမှာ ရုရှားက ပွဲထုတ် ပြသလာခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံက ရေခဲတောင် တစ်ခုမှာ ဆီးနှင်းပြိုကျမှုကြောင့် တောင်တက်သမား ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ မြောက်ကိုရီးယားကိုကားလမ်းတိုက်ရိုက်ဆက်သွယ်ပေးတဲ့ တံတားတစ်စင်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။