Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုန်သွယ်ရေး၊စွမ်းအင်နဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ဖို့ မိုဒီနဲ့ပူတင်ဆွေးနွေး

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဓာတ်ပုံ - Narendra Modi

စက်တင်ဘာ – ၁၁ ၊၂၀၂၆

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဒါဟာ နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား နှစ်ပတ်အတွင်း ဒုတိယမြောက် တွေ့ဆုံမှုဖြစ်ပြီး ကုန်သွယ်ရေး၊ စွမ်းအင်နဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယ အစိုးရက ထုတ်ပြန်ပါတယ်။

ပူတင်ဟာ အိန္ဒိယမှာ ကျင်းပတဲ့ BRICS ညီလာခံကို တက်ရောက်ရင်း မိုဒီနဲ့ လူချင်းတွေ့ခဲ့တာ ဖြစ်ပါတယ်။ BRICS ညီလာခံကို တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ အီရန် သမ္မတ မာဆုဒ်ပက်ဇက်ရှ်ခန်းတို့လို အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေလည်း တက်ရောက်လာပါတယ်။

Public Service Announcement

Public Service Announcement

BRICS ဆိုတာက အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ကမ္ဘာ့စီးပွားရေး နယ်ပယ်ကို လက်ဝါးကြီး အုပ်ထားတဲ့အပေါ် စိန်ခေါ်ဖို့ ရည်ရွယ်ပြီး ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့က စတင်ဖွဲ့စည်းခဲ့တဲ့ အစုအဖွဲ့လည်း ဖြစ်ပါတယ်။

ဒေလီမှာ မတွေ့ဆုံခင် ဩဂုတ် ၃၁ ရက်နေ့တုန်းကလည်း ကာဂျစ္စတန်နိုင်ငံ၊ ဘစ်ရှ်ကက်မြို့မှာ ကျင်းပတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ညီလာခံမှာ မိုဒီနဲ့ ပူတင်တို့ တွေ့ဆုံခဲ့ပါသေးတယ်။

တရုတ်နဲ့ အိန္ဒိယတို့ဟာ ရုရှားဆီက ရေနံအများဆုံး ဝယ်ယူတဲ့ နိုင်ငံတွေဖြစ်ပြီး အဲဒီအခြေအနေကြောင့်ပဲ ရုရှားဟာ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို တောင့်ခံနိုင်ခဲ့ပါတယ်။

ပူတင်ဟာ မနှစ်က ဒီဇင်ဘာလတုန်းကလည်း အိန္ဒိယကို အလည်အပတ် ခရီးစဉ် ရောက်ရှိလာခဲ့ဖူးပါတယ်။ ပြီးတော့ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို လူသားချင်းစာနာ​ထောက်ထားသူ (humanitarian) တစ်ဦးလို့ ချီးကျူး ပြောဆိုခဲ့တဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီ ပထမဆုံးအသုတ် ဒီဇယ်ဆီတွေကို အောက်တိုဘာ ၂၂ ရက်နေ့မှာ တင်ပို့သွားမယ်လို့ ရုရှား အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

နောက်လထဲမှာ တရုတ်၊ ရုရှား သမ္မတတွေနဲ့ တွေ့ဆုံပြီး သုံးပွင့်ဆိုင် လက်နက် ထိန်းချုပ်ရေးကိစ္စ ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝေဖန်လိုက်ပါတယ်။