သတင်း
စစ်အုပ်စုဘက်ကလည်း ပြန်ပစ်သဖြင့် ရဲဘော်တစ်ဦး လက်နက်ကြီး ယမ်းစထိမှန်ကာလက်မောင်း အနည်းငယ်ထိခိုက်ခဲ့ပြီး ကားနှစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) က ဆိုသည်။
Hi, what are you looking for?
စစ်အုပ်စုဘက်ကလည်း ပြန်ပစ်သဖြင့် ရဲဘော်တစ်ဦး လက်နက်ကြီး ယမ်းစထိမှန်ကာလက်မောင်း အနည်းငယ်ထိခိုက်ခဲ့ပြီး ကားနှစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) က ဆိုသည်။
မွန်းလွဲပိုင်းတွင်လည်း ကန်နက်ကျေးရွာအား လေးကြိမ်မြောက် မီးရှို့ခဲ့ပြီး ယခုအကြိမ်တွင် နေအိမ် ၂၈လုံး ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းကလည်း မြိုင်မြို့နယ်အရှေ့တောင်ပိုင်းရှိ ကင်းကျေးရွာသို့ဝင်ရောက်ကာ အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး ထိုစစ်ကြောင်းကြောင့် ထွက်ပြေးခဲ့သည့် အသက်(၈၀)ခန့် အဘွားအိုတစ် ဦးလည်း အမောဖောက် သေဆုံးခဲ့သည်။
ဒီဇင်ဘာ၂၃ ရက်က မြိုင်မြို့နယ် ဖောင်းကွဲကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များကာ PDFရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့သည်။
ဒီဇင်ဘာ ၂၃ ရက်က မြိုင်မြို့နယ် ဖောင်းကွဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား မြိုင်၊ ရေစကြိုနှင့် ပခုက္ကူမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက် ခဲ့ကြသည်။
စစ်ကောင်စီတပ်သည် ဖောင်းကွဲကျေးရွာမှ ပြည်သူ လေးဦးကိုလည်း သတ်ဖြတ်သွားရာ စိတ်ကျန်းမာရေးမကောင်းသူလည်းပါဝင်ကြောင်း ဒေသခံများက ပြောသည်။
မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီထုတ်ကုန် အရက်ဘီယာများအပါအဝင် မည်သည့်ပစ္စည်းမျှ သယ်ယူပို့ဆောင်ရောင်းချခြင်း မပြုလုပ်ရန် ဒေသကာကွယ်ရေးအဖွဲ့များက တားမြစ်ထားသည်။
ယနေ့(နိုဝင်ဘာ ၂၈ရက်)နံနက် ၈ နာရီခန့်တွင်စစ်ကောင်စီတပ်များသည် ကျွဲတွင်းကျေးရွာမှ အင်အား ၁၅၀ခန့်ဖြင့် မြောက်ဘက်သို့ ဦးတည် ထွက်ခွာလာ၍ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
သေဆုံးသူနှင့် ဒဏ်ရာရသူများအား Fawကားဖြင့် သရက်ကန်ရွာသို့ သယ်ဆောင်သွားကြောင်း၊ ဒဏ်ရာရရှိသူများအား ကမ္မရှိပျုများက လုံခြုံရေးပေးကာ ပခုက္ကူသို့ ပို့ဆောင်ခဲ့သည်ဟုသိရကြောင်း ကိုလက်ယျာက ပြောသည်။
မြိုင်(ပကဖ)တပ်ရင်း-၁ တပ်ခွဲ-၃သည် နိုဝင်ဘာ ၃ ရက် ညကလည်း မြိုင်အနောက်ဘက် စစ်အုပ်စုစခန်းအား အလစ်အငိုက်တိုက်ခိုက်ရာ ထိခိုက်မှုအချို့ရှိခဲ့သည်။