Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ် သရက်ခွပျူရွာရှိ စစ်ကောင်စီတပ်ကင်းစခန်းအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်

မြိုင်(ပကဖ)အဖွဲ့နှင့် မဟာမိတ်များသည် မေလ ၁၁ရက် နံနက်ပိုင်းကလည်း သရက်ကန်ပျူစခန်းမှ ပခုက္ကူမြို့သို့ ရိက္ခာယူရန်ထွက်လာသော ပျူစောထီးများ၏ယာဥ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

(မြိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းရန် ကြိုးပမ်းနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မြိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းရန် ကြိုးပမ်းနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

▪️မုန်တိုင်းကြောင့် မြိုင်ရှိ MRGအဖွဲ့၏ ပဒေသာမိုင်းများပျက်စီးဆုံးရှုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် သရက်ခွ ပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ် ကင်းစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)အဖွဲ့က ပြောသည်။

ယမန်နေ့(မေလ ၁၇ရက်) ညနေ ၅နာရီခွဲခန့်က သရက်ခွရွာပျူစောထီးစခန်း၏ဂိတ်တွင် ကင်း​စောင့်နေသည့် ၁၀ ဦးခန့်ရှိသော စစ်ကောင်စီ တပ်စိတ်တစ်စိတ်အား လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ မျက်မြင်အရ စစ်သား သုံးဦး သေဆုံးပြီး အရပ်သတင်းအရ ရှစ်ဦးသေဆုံးသည်ဟု သတင်းရကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။

“တစ်နာရီခွဲလောက်ကြာတယ်။ ရွာထဲက အာပီဂျီနဲ့ပစ်တာ။ လာမကူဘူး။ အော်နေကြတာ။ စစ်ကူလာဖို့ရာ။ ဘန်ကာထဲ လက်ပစ်လေးလုံးထည့်လိုက်တာ တစ်ကောင်ပဲကျန်တယ်။ ပွဲကကြမ်းတယ်။ ကျွန်တော်တို့က အာပီဂျီ လေးလက်သုံးတယ်။”ဟု မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။ သို့သော် စစ်ကောင်စီတပ်၏ သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

Public Service Announcement
Public Service Announcement

ထို့နောက် ညပိုင်းတွင် စစ်အုပ်စုက (၆၀)မမ လက်နက်ကြီးများဖြင့် အချက် ၃၀ကျော် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်(ပကဖ) တပ်ရင်း – ၁ ၊ တပ်ရင်း – ၂ ၊ တပ်ခွဲ -၁ (ရင်း ၁ ) ၊ တပ်ခွဲ -၃ (ရင်း ၁) ၊ ကိုအောင်ကြီးတပ်ဖွဲ့နှင့် စက်ြာအဖွဲ့ (ပေါက်)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

မြိုင်(ပကဖ)အဖွဲ့နှင့် မဟာမိတ်များသည် မေလ ၁၁ရက် နံနက်ပိုင်းကလည်း သရက်ကန်ပျူစခန်းမှ ပခုက္ကူမြို့သို့ ရိက္ခာယူရန်ထွက်လာသော ပျူစောထီးများ၏ယာဥ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

အခြားသတင်းတရပ်အဖြစ် မြိုင်မြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ (MRG)၏ ပဒေသာမိုင်းများနှင့် စာဖတ်ခန်းရှိစာအုပ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း အဆိုပါအဖွဲ့တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် အဖွဲ့သားများ စခန်းမှရှောင်တိမ်းရချိန် စခန်း၌ထောင်ထားခဲ့သော ပဒေသာမိုင်းများနှင့် စာဖတ်ခန်းရှိစာအုပ်များ ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ (MRG)က ပြောသည်။

ထောင်ထားခဲ့သည့် ၅လုံးတွဲ ပဒေသာမိုင်းများမှာ ကျပ်သိန်း ၆၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး စခန်းစာကြည့်တိုက်ရှိ စာအုပ် ၃၀နီးပါးလည်း ရေစိုပျက်စီးသွားခဲ့သည်ဟု MRG အဖွဲ့က ဆိုသည်။

“စစ်ကြောင်းကလည်း သာလွန်အင်အားနဲ့ထိုးလာတဲ့အချိန်နဲ့တိုက်ဆိုင်သွားတော့ စခန်းကို ထားခဲ့ရတာပါ။ သိမ်းဆည်းချိန်သိပ်မရလိုက်ဘူး။ မိုင်းတွေဆင်ခဲ့တာပါ။ စခန်းကိုစစ်ကြောင်းထိုးလာရင် မိုင်းဆွဲနိုင်အောင်ပါ။ မိုင်းတွေက ချောင်းရေစီးပြီး သဲထဲမှာမြုပ်သွားတာ။ ဘက်ထရီအိုးတော့ကျန်ခဲ့တယ်။”ဟု MRGအဖွဲ့၏ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။