Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်တွင် ပျူရွာရှိ စစ်အုပ်စုကို မဟာမိတ်အဖွဲ့များ တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိ

စစ်အုပ်စုဘက်ကလည်း ပြန်ပစ်သဖြင့် ရဲဘော်တစ်ဦး လက်နက်ကြီး ယမ်းစထိမှန်ကာလက်မောင်း အနည်းငယ်ထိခိုက်ခဲ့ပြီး ကားနှစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) က ဆိုသည်။

(ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)မှ ရဲဘော်များအား တွေ့ရစဉ်)
(ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)မှ ရဲဘော်များအား တွေ့ရစဉ်)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီးအင်အားကောင်းရာ သရက်ကန်ရွာကို မဟာမိတ်အဖွဲ့များဝင်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက် သေဆုံးမှုရှိကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ၁၃ ရက် ညနေ ၄နာရီခန့်က စစ်ကောင်စီတပ်နှင့်ပျူအင်အား ၁၈၀ ခန့်ရှိသော မြိုင်မြို့နယ် တောင်ပိုင်း သရက်ကန်ကျေးရွာ ပျူစခန်းအား လက်လုပ်လက်နက်ကြီး (၁၀၀) မမ၊ (၁၂၀) မမ၊ ရော့ကတ်များဖြင့် အချက် ၈၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူအများအပြားထိခိုက်ဒဏ်ရာရရှိသွားပြီး လေးဦးသေဆုံးနိုင် ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)က အသိပေးသည်။

Public Service Announcement
Public Service Announcement

စစ်အုပ်စုဘက်ကလည်း ပြန်ပစ်သဖြင့် ရဲဘော်တစ်ဦး လက်နက်ကြီး ယမ်းစထိမှန်ကာလက်မောင်း အနည်းငယ်ထိခိုက်ခဲ့ပြီး ကားနှစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) က ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

နာရီဝက်ခန့်အကြာတွင် ဆုတ်ခွာခဲ့ပြီး ထိုစစ်ဆင်ရေးကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်)နှင့် မဟာမိတ်ညီနောင်များဖြစ်သော မြိုင်မြို့နယ်ပြည့်သူ့ကာကွယ် ရေးတပ်ဖွဲ့ – တပ်ရင်း(တပ်ရင်း၁)၊ တပ်ခွဲ(၁)၊ (၂)၊ (၄) စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့၊ အောင်းကြီးတပ်ဖွဲ့၊ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ ၊ Myaing warriors Hero New GZ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။