Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာသုံးရွာ ထပ်မံ မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းကလည်း မြိုင်မြို့နယ်အရှေ့တောင်ပိုင်းရှိ ကင်းကျေးရွာသို့ဝင်ရောက်ကာ အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး ထိုစစ်ကြောင်းကြောင့် ထွက်ပြေးခဲ့သည့် အသက်(၈၀)ခန့် အဘွားအိုတစ် ဦးလည်း အမောဖောက် သေဆုံးခဲ့သည်။

မန်ကျည်းလေးပင်ရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-We Love Myaing
မန်ကျည်းလေးပင်ရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-We Love Myaing

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာသုံးရွာအား ထပ်မံမီးရှို့ဖျက်ဆီးသွားကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၉ ရက်) နံနက်ပိုင်းက စစ်ကောင်စီတပ်များသည် မြိုင်မြို့နယ်မြောက်ပိုင်းရှိ မန်ကျည်းလေးပင်ကျေးရွာအား မီးရှို့ဖျက် ဆီးခဲ့ရာ နေအိမ် ၃၆လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောသည်။

ထို့အပြင် မွန်းလွဲပိုင်းတွင်လည်း စစ်ကောင်စီတပ်က ကန်နက်ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ဆုံးရှုံးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

“ဆောက်လက်စ အိမ်တွေကိုပါ မီးရှို့သွားတယ်။” ဟု နယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သည် ယမန်နေ့ညက အိုးဘိုကျေးရွာ၌ ညအိပ်ခဲ့ပြီးနောက် ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ခန့်တွင် အိုးဘိုရွာကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း၊ ထို့နောက် နံနက် ၆ နာရီခန့်တွင် အိုးဘိုရွာမှ ထွက်ခွာလာပြီး နံနက် ၇ နာရီခန့်တွင်မင်းသားကျရွာအနီးသို့ ရောက်ရှိနေကြောင်း နယ်ခံများက ပြောသည်။

ဒီဇင်ဘာ ၂၃ ရက်က မြိုင်မြို့နယ် ဖောင်းကွဲကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက် များပြီး PDFရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် အဆိုပါနေ့က မြိုင်မြို့နယ်၊ ဖောင်းကားကျေးရွာ၌ ပြည်သူလေးဦးကိုလည်း သတ်ဖြတ်ခဲ့သေးသည်။ ထို့အပြင် တောင်ရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ CDM ဆရာမ၏ ဖခင်ဖြစ်သူ အသက်(၈၆)နှစ်အရွယ် အဘိုးအိုတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်ခဲ့သည်။

တောင်ရွာရှိ နေအိမ်ပေါင်း ၄၅ လုံး၊ ကားနှင့် ဆိုင်ကယ်များ၊ မြေပဲတင်း ၃၀၊စပါးတင်း ၅၀၊နှမ်းတင်း ၄၀လည်းမီးထဲပါသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းကလည်း မြိုင်မြို့နယ်အရှေ့တောင်ပိုင်းရှိ ကင်းကျေးရွာသို့ဝင်ရောက်ကာ အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး ထိုစစ်ကြောင်းကြောင့် ထွက်ပြေးခဲ့သည့် အသက်(၈၀)ခန့် အဘွားအိုတစ် ဦးလည်း အမောဖောက် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။