Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာသုံးရွာ ထပ်မံ မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းကလည်း မြိုင်မြို့နယ်အရှေ့တောင်ပိုင်းရှိ ကင်းကျေးရွာသို့ဝင်ရောက်ကာ အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး ထိုစစ်ကြောင်းကြောင့် ထွက်ပြေးခဲ့သည့် အသက်(၈၀)ခန့် အဘွားအိုတစ် ဦးလည်း အမောဖောက် သေဆုံးခဲ့သည်။

မန်ကျည်းလေးပင်ရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-We Love Myaing
မန်ကျည်းလေးပင်ရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-We Love Myaing

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာသုံးရွာအား ထပ်မံမီးရှို့ဖျက်ဆီးသွားကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၉ ရက်) နံနက်ပိုင်းက စစ်ကောင်စီတပ်များသည် မြိုင်မြို့နယ်မြောက်ပိုင်းရှိ မန်ကျည်းလေးပင်ကျေးရွာအား မီးရှို့ဖျက် ဆီးခဲ့ရာ နေအိမ် ၃၆လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း We Love Myaing အဖွဲ့က ပြောသည်။

ထို့အပြင် မွန်းလွဲပိုင်းတွင်လည်း စစ်ကောင်စီတပ်က ကန်နက်ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ဆုံးရှုံးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

“ဆောက်လက်စ အိမ်တွေကိုပါ မီးရှို့သွားတယ်။” ဟု နယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သည် ယမန်နေ့ညက အိုးဘိုကျေးရွာ၌ ညအိပ်ခဲ့ပြီးနောက် ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ခန့်တွင် အိုးဘိုရွာကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း၊ ထို့နောက် နံနက် ၆ နာရီခန့်တွင် အိုးဘိုရွာမှ ထွက်ခွာလာပြီး နံနက် ၇ နာရီခန့်တွင်မင်းသားကျရွာအနီးသို့ ရောက်ရှိနေကြောင်း နယ်ခံများက ပြောသည်။

ဒီဇင်ဘာ ၂၃ ရက်က မြိုင်မြို့နယ် ဖောင်းကွဲကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက် များပြီး PDFရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် အဆိုပါနေ့က မြိုင်မြို့နယ်၊ ဖောင်းကားကျေးရွာ၌ ပြည်သူလေးဦးကိုလည်း သတ်ဖြတ်ခဲ့သေးသည်။ ထို့အပြင် တောင်ရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ CDM ဆရာမ၏ ဖခင်ဖြစ်သူ အသက်(၈၆)နှစ်အရွယ် အဘိုးအိုတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်ခဲ့သည်။

တောင်ရွာရှိ နေအိမ်ပေါင်း ၄၅ လုံး၊ ကားနှင့် ဆိုင်ကယ်များ၊ မြေပဲတင်း ၃၀၊စပါးတင်း ၅၀၊နှမ်းတင်း ၄၀လည်းမီးထဲပါသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းကလည်း မြိုင်မြို့နယ်အရှေ့တောင်ပိုင်းရှိ ကင်းကျေးရွာသို့ဝင်ရောက်ကာ အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး ထိုစစ်ကြောင်းကြောင့် ထွက်ပြေးခဲ့သည့် အသက်(၈၀)ခန့် အဘွားအိုတစ် ဦးလည်း အမောဖောက် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။