Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်တွင် စစ်ကောင်စီတပ်က ညသန်းခေါင်စစ်ကြောင်းထိုးပြီး ပြည်သူ ၁၀ဦး ဖမ်းဆီးသွား

စစ်ကောင်စီတပ်သည် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအား ဇူလိုင်လဆန်းကတည်းက စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူများအား ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

(စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၁ မတ်လအတွင်းက ရန်ကုန်မြို့၌ တွေ့ရစဉ်။ ဓာတ်ပုံ-EPA/EFE)
(စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၁ မတ်လအတွင်းက ရန်ကုန်မြို့၌ တွေ့ရစဉ်။ ဓာတ်ပုံ-EPA/EFE)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က ညသန်းခေါင် စစ်ကြောင်းထိုးလာ၍ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူ ၁၀ဦးအား ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ကျေးရွာ ပျူစောထီးစခန်းမှထွက်လာသော စစ်ကောင်စီတပ်သည် ဇူလိုင် ၂၄ရက် ညနေ ၃ နာရီခန့်က မြိုင်မြို့နယ်၊ နှောပင်ကျေးရွာကို ပစ်ခတ်ဝင်ရောက်ပြီး ဒေသခံပြည်သူ ၁၀ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် (ပကဖ) တပ်ခွဲ(၂) Young Force(UG)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အင်အားက၈၀ လောက်ပါတယ်။ ပခုက္ကူကနေ စစ်ကြောင်းလာတာပါ။ဗုံးသီးကတော့ လေးလုံးပါ။”ဟု ၎င်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သည် ည ၇ နာရီခန့်တွင် ကမ္မရွာကို ဝင်ရောက်ပြီး ည၁၂နာရီခန့်တွင် စစ်ကြောင်းပြန်ထွက်လာ၍ ပြည်သူများ ညအချိန်မတော်ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၂၅ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က မြိုင်မြို့နယ်အရှေ့ပိုင်းကျေးရွာများသို့ ဆက်လက်ဝင်ရောက်မွှေနှောက်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်သည် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအား ဇူလိုင်လဆန်းကတည်းက စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူများအား ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။