သတင်း စိုင်ပြင်မြို့ကို စစ်ကောင်စီ ဗုံးကြဲ စစ်ကိုင်းတိုင်းက စိုင်ပြင်မြို့ကို ဒီကနေ့(ဇန်နဝါရီ ၁၉ရက်) နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ အရပ်သားတစ်ဦး သေဆုံးသွားပြီး တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ ludunwayooဇန်နဝါရီ 20, 2026
သတင်း မုံရွာမှာ ပြည်သူတွေရေချိုးနေချိန် စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးသေဆုံး၊ ခုနစ်ဦးထက်မနည်း ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာက ရေတွင်းမှာ ဒေသခံပြည်သူတွေရေချိုးနေချိန် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ludunwayooဇန်နဝါရီ 3, 2026
သတင်း မြိုင်နဲ့ ဆိပ်ဖြူမှာ နှစ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံး၊ နေအိမ်နဲ့ ဆိုင်ခန်းတွေ မီးလောင် မကွေးတိုင်း၊ မြိုင်နဲ့ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးကာ နေအိမ် ၂၀ကျော်နဲ့ ဈေးဆိုင်ခန်းတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။ ludunwayooဇန်နဝါရီ 1, 2026
နိုင်ငံတကာ ယီမင်မှာ ဆော်ဒီရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး ယီမင်အခြေစိုက် တပ်ဖွဲ့တွေ ရုပ်သိမ်းဖို့ ယူအေအီး ဆုံးဖြတ် ဆော်ဒီအာရေးဘီးယားရဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုအပြီးမှာတော့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ ယီမင်မှာ ဖြန့်ကျက်ထားတဲ့ လက်ကျန်တပ်ဖွဲ့ အားလုံးကို ရုပ်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။ ludunwayooဇန်နဝါရီ 1, 2026
သတင်း သံတွဲကိုစစ်တပ်ဗုံးထပ်ကြဲ နေအိမ်အချို့ မီးလောင်နေ ဒီဇင်ဘာလ၂၉ရက်နေ့ကလေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် ကိုးဦးသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရခဲ့တဲ့သံတွဲမြို့ကို ဒီကနေ့ညမှာ အာဏာသိမ်းစစ်ကထပ်မံဗုံးကြဲသွားပါတယ်။ ludunwayooဒီဇင်ဘာ 31, 2025
သတင်း ငပလီကမ်းခြေကို စစ်တပ် ဗုံးကြဲ၊ ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၉ဦးသေဆုံး အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ငပလီကမ်းခြေဒေသကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၉ရက် မနေ့ ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၉ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိပါတယ်။ ludunwayooဒီဇင်ဘာ 31, 2025
သတင်း ဝက်လက်မြို့နယ်အရှေ့ခြမ်း စစ်တပ် စစ် ကြောင်းထိုးပြီး လေကြောင်းတိုက်ခိုက် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ဒေသခံ ထောင်ချီထွက် ပြေးနေရသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 31, 2025
သတင်း KIA ထိန်းချုပ် အင်ဂျန်းယန်မြို့နယ်ကို စစ်တပ် ဗုံးကြဲလို့ ပြည်သူ ၄ဦး ဒဏ်ရာရ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ် ထားတဲ့ အင်ဂျန်းယန်မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်းဒေသ သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဒီဇင်ဘာ 29, 2025
သတင်း မြင်းခြံ မှာ ရွာထဲဗုံးကြဲ လို့ သက်လတ်ပိုင်းအမျိုးသမီး သေဆုံး မန္တလေးတိုင်း၊ မြင်းခြံမြို့ မြောက်ဘက်က ကျောင်းဖြူကန် ကျေးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ မနေ့ မနက်ပိုင်းက (ဒီဇင်ဘာလ ၂၆ ရက်) စစ်ကောင်စီလေတပ် ဗုံးကြဲတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ ludunwayooဒီဇင်ဘာ 28, 2025
သတင်း ဘုတလင်မှာ ခရီးသွားတွေ ကားစောင့်တဲ့ဂိတ်ကို လေကြောင်းတိုက်ခိုက်လို့စျေးသည်လင်မယား တဦးသေပြီး တဦးဒဏ်ရာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ခရီးသွားတွေ ကားစောင့်လေ့ရှိတဲ့ကင်းစမ်းလမ်းခွဲကားဂိတ်ကို မနေ့ညနေပိုင်းမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်လို့စျေးသည်တဦးသေဆုံးခဲ့ပါတယ်။ ludunwayooဒီဇင်ဘာ 26, 2025