Connect with us

Hi, what are you looking for?

သတင်း

တကောင်းမြို့အနီးကို စစ်တပ် လေကြောင်းတိုက်၊ တော်လှန်ရေးရဲဘော်တချို့ကျဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က တကောင်းမြို့အနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ တော်လှန်ရေးရဲဘော်တွေကျဆုံးမှုရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တကောင်းမြို့သိမ်းပြီးနောက် PDF ရဲဘော်များအား ဒေသခံများက ကြိုဆိုနေသည်ကို တွေ့ရစဥ်။ဓာတ်ပုံ- File photo

မတ်-၄၊၂၀၂၆၊ရှိန်း/ People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က တကောင်းမြို့အနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ တော်လှန်ရေးရဲဘော်တွေကျဆုံးမှုရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တကောင်းမြို့ကိုထိန်းချုပ်နိုင်ဖို့ တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးသင်တန်းကျောင်း(တတက-၁၃)က နေ စစ်တပ်စစ်ကြောင်းတွေ ထိုးနေတာ တစ်လနီးပါးကြာမြင့်နေပြီလို့ သိရပါတယ်။

မတ်လ ၂ ရက်က တကောင်းမြို့ပတ်ဝန်းကျင်ကို စစ်တပ်က နေ့ရော၊ညပါ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အစမှန်ပြီး ကျတဲ့ရဲဘော် တွေရှိတယ်။ဥသျှစ်ကုန်းဘက်ကိုလည်းလာကြဲတယ်။အဲဒီနေရာဆို တိုက်ပွဲဖြစ် နေတဲ့နေရာနဲ့ ဘာမှမဆိုင်တဲ့ နေရာတွေအထိ လာကြဲတာ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ဆည်ခရိုင်တပ်ရင်း(၂)က ရဲဘော် ၃ဦးကျဆုံးကြောင်းလည်း သက်ဆိုင်ရာ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

မတ်လ၂ရက်မှာ စစ်ကောင်စီတပ်က သပိတ်ကျင်းမြို့နဲ့ တကောင်းမြို့ကြားက မင်းကုန်းကျေးရွာကို ထိန်းချုပ်ပြီးနောက် တကောင်းမြို့နဲ့ (၁၁)မိုင်အကွာကနေ ဆက်ပြီးထိုးစစ်ဆင်နေတာလို့ သိရပါတယ်။

တကောင်းမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်​ကြောင်းဟာ တပ်မ(၅၅)လက်အောက်ခံတပ်တွေနဲ့ ပြည်သူ့စစ်မှုထမ်းတွေ၊ပျူစောထီးတွေလို့သိရပါတယ်။

တကောင်းမြို့မဆုံးရှုံးရရေး အမျိုးသားညီညွတ်ရေးအစိုးရNUG၊ကာကွယ်ရေးဝန်ကြီးဌာန (MOD)ရဲ့ ကွပ်ကဲမှုနဲ့ မန္တလေးတိုင်းကွပ်ကဲ ရေးဌာနကကွပ်ကဲပြီး မန္တလေးခရိုင်တပ်ရင်း တွေနဲ့ ပကဖ တွေပူးပေါင်း တိုက်ခိုက် နေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်