Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က​ကျောက်​တော် နဲ့ ​မြောက်ဦးဗုံးကြဲစစ်​ရှောင်ပြည်သူ ၇ ဦး​သေ၊၁၄ဦးထက်မနည်းဒဏ်ရာရ

အာရက္ခတပ်​တော် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့ကို အာဏာသိမ်းစစ်တပ်က ပြည်​ထောင်စု​နေ့ (ဖေဖော်ဝါရီလ ၁၂ရက်) ည ၉နာရီကျော်မှာ ဗုံးကြဲခဲ့တာကြောင့် စစ်​ရှောင်ပြည်သူ ၇ဦးသေဆုံးပြီး ၁၄ ဦးထက်မနည်းဒဏ်ရာရတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

ဗုံးကြဲခံရပြီး​နောက် အပျက်အစီး​တွေကို​ တွေ့ရစဥ်။ဓါတ်ပုံ- ကိုဝေဟင်အောင်

​ဖေ​ဖော်ဝါရီ-၁၃၊၂၀၂၆။အိမ်သွင်၊ဂျိုး/People’s Spring

အာရက္ခတပ်​တော် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့ကို အာဏာသိမ်းစစ်တပ်က ပြည်​ထောင်စု​နေ့ (ဖေဖော်ဝါရီလ ၁၂ရက်) ည ၉နာရီကျော်မှာ ဗုံးကြဲခဲ့တာကြောင့် စစ်​ရှောင်ပြည်သူ ၇ဦးသေဆုံးပြီး ၁၄ ဦးထက်မနည်းဒဏ်ရာရတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်ကို၉ နာရီ ၁၅ မိနစ်ခန့်မှာ ဗုံးနှစ်လုံးကြဲတာဖြစ်ပြီးသေဆုံးသူတွေထဲမှာ စစ်ဘေးရှောင် နှစ်ဦးပါဝင်တယ်လို့ ဒေသခံတွေကို ကူညီနေသူတစ်ဦးကပြောပါတယ်။

“စစ်တွေကနေ ကျတော်တို့ မြို့မှာ လာရှောင်ကြတာ။ဒဏ်ရာရတာလည်း စစ်ရှောင်တွေများတယ်။ အခု မနေရဲကြဘူးဖြစ်‌နေတာ။လေယာဉ်ကလည်း ဝဲတယ်”လို့ ၎င်းကပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ‌တွေက စစ်တွေမြို့နယ်ဗျိုင်းဖြူရွာက‌နေ စစ်လာရှောင်တဲ့ အသက် ၆၁နှစ်အရွယ်ဒေါ်မစောလှ နဲ့ အသက် ၅၃နှစ်အရွယ် ဒေါ်အေးနု၊ ကျောက်တော်မြို့ခံတွေဖြစ်တဲ့ ဦးဆန်းဝင်းနဲ့ ကိုညီချေတို့ ဖြစ်ပါတယ်။

ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၄ဦးပွဲချင်းပြီးသေဆုံးခဲ့သလို ၉ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်ပြည်တွင်းက စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုဝေဟင်အောင်က ပြောပါတယ်။

ကျောက်တော်မြို့ကိုဗုံးကြဲပြီး မိနစ်အနည်းငယ်အကြာမှာပဲ အာဏာသိမ်းစစ်တပ်က မြောက်ဦးမြို့ကို ဗုံးထပ်ကြဲခဲ့ပါတယ်။ည ၉ နာရီ ၂၀ မိနစ်ခန့်မှာ မြောက်ဦးမြို့၊အလယ်စျေးရပ်ကွက်၊ ​​ဝေသာလီဟိုတယ်ကို ဗုံးကြဲတာဖြစ်ပြီး စစ်ဘေးရှောင်မိသားစုဝင်သုံးဦး သေဆုံးခဲ့ပါတယ်။

စစ်​ဘေး​ရှောင်ရင်း ခြံ​စောင့်လုပ်​နေတဲ့ စစ်​တွေမြို့နယ်၊ ဗျိုင်းဖြူရွာက မိသားစုတစ်စု(အ​ဖေ၊ အ​မေနဲ့ လသားအရွယ်က​လေး)တို့ ​သေဆုံးခဲ့ရတယ်လို့ စစ်ဘေး ရှောင်တွေကိုကူညီနေတဲ့ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။

“ဝေသာလီဟိုတည်က ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲသွားတာ။ အဲမှာ ခြံစောင့်လုပ်နေတဲ့ စစ်ဘေးဒုက္ခသည် မိသားစုတစုသေဆုံးသွားတယ်။ သေဆုံးသူတွေကတော့ အဖေရယ် အမေရယ် သားဖြစ်သူပေါ့။ သားကကျတော့ လသားအရွယ်ပဲရှိသေးတယ်။ သူတို့မိသားစုတခုလုံးသေဆုံးသွားတာပေါ့။ ထိခိုက်ဒဏ်ရာရသူကတော့ ၅ဦးလောက်ရှိတယ်လို့ သိရတယ်၊ တိတိကျကျတော့မသိရသေးဘူး။”လို့ သူကဆက်​ပြောပါတယ်။

ဒါ​ကြောင့် ဒီဗုံးကြဲမှု​တွေ​ကြောင့် ပြည်သူ ၇ ဦး​သေဆုံးပြီး ၁၄ ဦးထက်မနည်းဒဏ်ရာ ရခဲ့တာဖြစ်ပါတယ် ။

ဗျိုင်းဖြူကျေးရွာဟာ စစ်တပ်က ဒေသခံတွေကို ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖူးတဲ့ ရွာဖြစ်ပါတယ်။ ၂၀၂၄ခုနှစ်‌ မေလ ၂၉ ရက်က စစ်တပ်စစ်ကြောင်းဝင်ပြီး ဒေသခံ‌တွေကို ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ၄၁ဦး သေဆုံးခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း စစ်တပ်က ဗျိုင်းဖြူကျေးရွာအပါအဝင်ပတ်ဝန်းကျင်ရွာတွေကဒေသခံတွေကို ဖယ်ရှားပြီး မိုင်းတွေထောင်ထားတာပါ။ဗျိုင်းဖြူ၊တံငါပြင်၊ အောင်တိုင်၊ ရေချမ်းပြင်၊ ပါဒလိတ်၊ ကြွီတဲ၊ ပိုက်ဆိပ်ကြီး၊ ပျားလည်ချောင်း၊ ပလ္လင်ပြင်၊ ကြက်တောပြင်၊ အုန်းရေဖော်ရွာက ဒေသခံတွေဟာ စစ်တွေမြို့ပေါ်နဲ့ တခြားမြို့တွေကို ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အာရက္ခတပ်တော်AAသိမ်းပိုက်ထားတဲ့ မြို့နယ်အတွင်း ဆေးရုံဆေးခန်းတွေ စာသင်ကျောင်းတွေနဲ့ လူနေအဆောက်အဦးတွေကို စစ်ကောင်စီက မကြာခဏဆိုသလို လေကြောင်းဗုံးကြဲတိုက်ခိုက်နေတာကြောင့် ​ဒေသခံပြည်သူ ရာနဲ့ချီ​သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ရက်နေ့ကလည်း ကျောက်တော်မြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစု စစ်သုံ့ပန်းတွေကိုထိမ်းသိမ်းထားတဲ့ အာရက္ခတပ်တော်AAစစ်သုံ့ပန်းစခန်းတခုကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်းမိသားစုဝင် ၂၁ဦးသေဆုံးပြီး ၃၀နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA)ဟာ စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်က ကျန်၁၄ မြို့နယ်လုံးကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ အဲဒီမြို့တွေကို ပြန်တိုက်ခိုက်ဖို့ စစ်ကောင်စီက ကြိုးစားနေပြီး အရပ်သားပြည်သူတွေကိုပစ်မှတ်ထား ဗုံးကြဲနေတယ်လို့ AAက သတိပေးထားပါတယ်။

လေကြောင်းရန်နဲ့ လက်နက်ကြီးရန်ကိုလည်း သတိပြုကြဖို့ ထုတ်ပြန်ထားပါတယ်။ အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံရမယ်လို့လည်း AAက ထုတ်ပြန်ထားပါတယ်။တချိန်တည်းမှာ AA ကလည်း ​ကျောက်ဖြူ နဲ့ စစ်​တွေက စစ်တပ်စလန်း​တွေကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။