Connect with us

Hi, what are you looking for?

သတင်း

ပေါက်တောင်ပိုင်းမှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ပြည်သူ ၁၀ဦးထက်မနည်းသေဆုံး

မကွေးတိုင်း၊ပခုက္ကူခရိုင်၊ပေါက်မြို့နယ်မှာစစ်တပ်က ဒီက​နေ့မနက်မှာလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁၀ဦးထက်မနည်း သေဆုံးကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ကပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓါတ်ပုံ - ကိုလရောင်

ဖေဖော်ဝါရီ-၁၀၊၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ပခုက္ကူခရိုင်၊ပေါက်မြို့နယ်မှာစစ်တပ်က ဒီက​နေ့မနက်မှာလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁၀ဦးထက်မနည်း သေဆုံးကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ကပြောပါတယ်။

ဖေဖော်ဝါရီ ၁ဝ ရက်၊မနက်၁၀နာရီဝန်းကျင်ကနေစပြီးပေါက်မြို့နယ်တောင်ပိုင်းကကျေးရွာတစ်ရွာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာလို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က ပြောပါတယ်။

“အတည်ပြုလို့ရတာတော့ Dead Body (ရုပ်အလောင်း) ၁၀ ဦးကောက်ရပြီလို့သိရတယ်။နောက်ထပ်လည်းအဆက်အသွယ်မရတဲ့သူလေးတွေရှိသေးတယ်လို့ သိရတယ်။အဲဒါတော့သေသလား၊ တခြားကိုရောက်သွားတာလား အတည်ပြုလို့မရသေးဘူး။”လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ၁ နာရီအတွင်းမှာကပစ(၂၂)ကနေတက်လာတဲ့ ပါရာမော်တာနဲ့တစ်ကြိမ်တိုက်ခိုက်ပြီးနောက် မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၃စီးနဲ့ ၅ ကြိမ်ထက်မနည်းလေကြောင်းပစ်ခတ်တိုက်ခိုက်သွားတာဖြစ်ကြောင်းအညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က ပြောပါတယ်။

“တိုက်ခိုက်ခံရတဲ့ရွာမှာ ဘုရားပွဲရှိနေချိန်မှာတိုက်ခိုက်ခံရတာလို့သိရပါတယ်။”လို့ အထက်ပါအဖွဲ့ကတာဝန်ရှိသူကပြောပါတယ်။

ဒါပေမယ့် ထိခိုက်သေဆုံးမှုအရေအတွက်ကိုတော့ အတည်ပြုလို့မရသေးပါဘူး။ပြည်သူတွေအနေနဲ့ လူစုလူဝေးမလုပ်ဖို့၊အလှူအတန်းနဲ့ မင်္ဂလာဆောင်တွေ၊ ချစ်ကြည်ရေးဘောလုံးပွဲတွေပြုလုပ်တာနဲ့ သွားလာတာတွေရှောင်ကျဥ်ဖို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က သတိ​ပေးပါတယ်။

အလားတူ ပေါက်နဲ့ နယ်မြေချင်းဆက်နေတဲ့ မြိုင်မြို့နယ်မှာလည်း မနေ့ညကနဲ့ ဒီမနက်လေကြောင်းတိုက်ခိုက်မှုတွေရှိနေပြီးပြည်သူထိခိုက်မှုတွေ၊အိုးအိမ်ပျက်စီးတာတွေ ရှိနေပါတယ်။

လက်တလောပေါက်မြို့နယ်တောင်ပိုင်းမှာစစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

Facebook