Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မြို့နယ် စစ်တပ် ဗုံးကြဲလို့ အရပ်သား ၆ဦး သေဆုံး၊ ဒဏ်ရာရသူတွေလည်းရှိ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ (ဖေဖော်ဝါရီ ၁၀ရက်) နေ့လည်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားသေဆုံးထိခိုက်မှုတွေ များပြားခဲ့ပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ကို အာဏာသိမ်းစစ်တပ် ဗုံးကြဲအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - VOC

ဖေဖော်ဝါရီ-၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ (ဖေဖော်ဝါရီ ၁၀ရက်) နေ့လည်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားသေဆုံးထိခိုက်မှုတွေ များပြားခဲ့ပါတယ်။

ထန်တလန်မြို့နယ်၊ Tlangkhua ကျေးရွာကို စစ်ကောင်စီက ဒီကနေ့ နေ့လည် ၁၂နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၇ဦးခန့် ဒဏ်ရာရရှိခဲ့ဟု The Voice of Chinland က ဖော်ပြထားပါတယ်။

ဗုံးကြဲခံရတဲ့ ကျေးရွာဟာ တလန်ခွာကျေးရွာဖြစ်ပြီး အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ အရပ်သားတွေနေထိုင်ရာ ကျေးရွာကို ဗုံးကြဲခဲ့တာလို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” လက်ရှိ ဖလမ်းဘက်တိုက်ပွဲမှာ စစ်ကောင်စီတပ်က အထိနာတယ်။ သေဆုံးတာတွေ အရမ်းများတယ်လေ။ ဒါကြောင့် အရပ်သားတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်လာတာပါ။ဒါက စစ်ကောင်စီလုပ်နေကျ သူ့ရဲ့ ဗျူဟာပဲဖြစ်ပါတယ်”လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

VOCရဲ့ ဖော်ပြချက်မှာ ဗုံးကြဲခံရတာဟာ တလန်ခွာရွာ ဘောလုံးကွင်းအနီးဖြစ်ပြီး ပြည်သူ ၅ဦးဟာ ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရသူတွေထဲက တစ်ဦးထပ်မံဆုံးပါးသွားတာလို့ ဆိုပါတယ်။

ထန်တလန်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းထားပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ မတူပီ၊ ကန်ပက်လက် မြို့နယ်တွေကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ကလေးငယ် တစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ ချင်းမြောက်ပိုင်း ဖလမ်းမြို့နယ် ကို ၂၀၂၅ နှစ်ကုန်ပိုင်းကတည်းက ထိုးစစ်ဆင်နေရာ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင် ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်။ တိုက်ပွဲ လေးလတာအတွင်း စစ်ကောင်စီ အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြောင်း ချင်းပြည်ကောင်စီ ကာကွယ်ရေးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ဆီက သုံ့ပန်းတွေဖမ်းမိတာ လက်နက်ခဲယမ်းတွေ သိမ်းရတာတွေလည်းရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲမှာအထိနာတဲ့ ဒေသတွေ၊ သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့ ဒေသတွေမှာ ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့လို့ ပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။