Fact-Check
ဝါဒဖြန့်ချိမှုတွေက ပုံစံမျိုးစုံနဲ့လာတတ်ပါတယ်။ တစ်ချို့ဝါဒဖြန့်ချိမှုတွေက စိတ်ခံစားမှုကို လှုံ့ဆော်ပေးပါတယ်။ တစ်ချို့ကျတော့ အချက်အလက်ကိန်းဂဏန်းတွေ၊ အမှန်အကန်အကြောင်းအရာတွေကိုတပိုင်းတဆသုံးပြီးလည်း မသိမသာ ဝါဒဖြန့်တတ်ပါတယ်။ တစ်ချို့ကျတော့ ဇာတ်ကြောင်းတစ်ခုကိုပဲ ထပ်ကာ ထပ်ကာ ဖတ်မိ၊ ကြည့်မိ၊ နားထောင်မိအောင်လုပ်ပြီး မြင်ဖန်များ တစတစယုံကြည်လာအောင် ဝါဒဖြန့်တာမျိုးလည်းရှိတတ်ပါတယ်။ လူအစုအဖွဲ့တစ်ခု၊ လူမျိုးစုတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးဦးကို အပြစ်တင်တဲ့ဇာတ်ကြောင်းပုံစံနဲ့...