Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့တော်လှန်ရေးကို ပျက်ရယ်ပြုစော်ကားတဲ့ အနုပညာရှင်တွေကိုအရေးယူမယ်လို့ ရန်ကုန်တော်လှန်ရေးအင်အားစုတွေပြော

ပြည်သူလူထုကို အကြမ်းဖက်နေတဲ့ စစ်အုပ်စုရဲ့လုပ်ရပ်ကို ကာကွယ်​ပေးပြီး ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ပေးသလို ပြည်သူ့တော်လှန်ရေးကို ပျက်ရယ်ပြုစော်ကားတဲ့ ‌အနုပညာရှင်တွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ရန်ကုန်တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

အောက်တိုဘာ-၂၈၊၂၀၂၅။သတိုး/People’s Spring

ပြည်သူလူထုကို အကြမ်းဖက်နေတဲ့ စစ်အုပ်စုရဲ့လုပ်ရပ်ကို ကာကွယ်​ပေးပြီး ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ပေးသလို ပြည်သူ့တော်လှန်ရေးကို ပျက်ရယ်ပြုစော်ကားတဲ့ ‌အနုပညာရှင်တွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ရန်ကုန်တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

“ကျနော်တို့ရန်ကုန်မှာတကယ်ရှိနေ ဆော်နေတဲ့အဖွဲ့တွေစုပြီးကြေညာချက်ထုတ်တာပါ၊ အဲ့ကောင်တွေထဲကဘယ်ကောင်မဆိုတွေ့တဲ့နေရာမှာတိုက်ခိုက်ရှင်းလင်းသွားမှာပါ”လို့ Yangon Army အဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကိုပြောပါတယ်။

အနုပညာအမည်ခံအကြမ်းဖက်စစ်တပ်လက်ကိုင်တုတ်​တွေကို ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမယ်ဖြစ်ကြောင်း ကြေညာချက်ကိုအောက်တိုဘာ၂၈မှာရန်ကုန်တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ Yangon Army ( YA )၊Dark Shadow၊ Operation Flame(OF) ၊Mother Son Yangon Force နဲ့ Broken System အဖွဲ့တွေက ပူးပေါင်းထုတ်ပြန်ထားတာပါ။

Public Service Announcement

Public Service Announcement

“အဲ့ ဖက်ခွက်စားတွေကို ပြောချင်တာက ဒီတော်လှန်ရေးကာလ ၂၀၂၁ နောက်ပိုင်း သူတို့ဘာသာ ဘာလုပ်နေနေ ကျနော်တို့ လစ်လျူရှု့ပေးထားတယ်…..အခုက အမှားကို အမှန်လိုလုပ်ပြီး တော်လှန်ရေးကို ပုံဖျက်၊ စစ်တပ်နဲ့ ပုလင်းတူဗူးဆို့လုပ်ပြီး ဝါဒဖြန့် အဆိပ်ခပ်လာတာတော့လုံးဝခွင့်မလွှတ်နိုင်ဖူး။ကျော်မသွားပေးနိုင်ဖူး။”လို့ Operation Flame အဖွဲ့တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

စစ်တပ်ရဲ့​ရွေး​ကောက်ပွဲဝါဒဖြန့်ဇာတ်ကားမှာ နေတိုး ၊ မြင့်မြတ် ၊ နေဝင်း ၊ အေးချမ်း​မောင် ၊ ခြူးလေး ၊မေမြင့်မိုရ် ၊ ငှက်ပျောကြော် ၊ အောင်ခိုင်တို့ အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။

“ကျနော်တို့ UG တွေကပြည်သူအပေါ်မျက်နှာမူပြီးရပ်တည်ကြတဲ့သူတွေပါပြည်သူအလိုမရှိတဲ့မည်သူမဆိုကျနော်တို့ရန်သူပါဘဲ။ပြည်သူကျွေးတာစားပြီးပြည်သူကိုအဆိပ်ခပ်နေတဲ့လူ့တိရိစ္ဆာန်တွေကိုကျနော်တို့ဒီတိုင်းကြည့်မနေနိုင်ပါဘူး” လို့ Yangon Army တာဝန်ရှိသူကပြောပါတယ်။

ပါဝင်တဲ့ အနုပညာရှင်တွေရဲ့အချက်အလက်တွေလည်း ရရှိထားပြီး အနုပညာလောကက‌နေ အဲဒီ့အနုပညာရှင်တွေရဲ့ သတင်းတွေကို ပေးပို့နေသူတွေလည်းရှိတယ်လို့ ၎င်းကဆိုပါတယ်။

အဲဒီ့ဝါဒဖြန့် ဇာတ်လမ်းမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ပေးသလို တော်လှန်ရေးဘက်‌တော်သား ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ CDM တွေကို ပျက်ရယ်ပြုတဲ့ စကားလုံးတွေပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဇာတ်လမ်းထုတ်လွှင့်ပြီးချိန်မှာ တော်လှန်ရေးအင်အားစုတွေအပါအဝင်ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။

“ပြည်သူတွေအနေနဲ့တော့ သေသေချာချာလေး BC နဲ့ SP ကို ထိထိရောက်ရောက်လုပ်ပေးကြဖို့တိုက်တွန်းချင်ပါတယ်ဗျ” လို့ Operation Flame တာဝန်ရှိသူက တိုက်တွန်းပါတယ်။

ထုတ်ပြန်ချက်ထုတ်တဲ့ အဖွဲ့တွေကလက်ရှိ ရန်ကုန်မြို့မှာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုပ်နေတဲ့ နေရာတွေကို စစ်ရေးပစ်မှတ်အနေနဲ့ တိုက်ခိုက်နေကြတာပါ။

“Press Show တွေ ၊ရူတင်တွေမှာ သွားပြီးစပ်စလူးထနေကြတဲ့ဟာတွေလဲဆင်ဆင်ချင်ချင်နေကြဖို့သတိပေးတယ်.” လို့ Yangon Army အဖွဲ့ တာဝန်ရှိသူက သတိပေးစကားဆိုပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့တပတ်က လူမှုကွန်ရက်စာမျက်နှာမှာ အမေရိကန်နိုင်ငံ၊ San Francisco Bay Area မှာ ကျင်းပခဲ့တဲ့ "အဝေးရောက် နတ်မင်းများ ဂီတနှင့်သရော်ပြဇာတ် အထူးဖျော်ဖြေပွဲ"အကြောင်း သတင်းတွေ မြင်ခဲ့ရတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။