Connect with us

Hi, what are you looking for?

သတင်း

ဝါဒဖြန့်ဖို့ အသစ်ထပ်ဖွင့်တဲ့ စစ်ကောင်စီရဲ့ မီဒီယာအကောင့်တွေကို ဖေ့စ်ဘွတ် ထပ်မံဖယ်ရှား

စစ်ကောင်စီက အသစ်ဖွင့်ထားတဲ့ ဝါဒဖြန့် မီဒီယာတွေရဲ့ အကောင့်တွေကို ဖေ့စ်ဘွတ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က အသိပေးထားပါတယ်။

ဓာတ်ပုံ - Justice For Myanmar

ဒီဇင်ဘာ-၂၄၊ ၂၀၂၅။ တေဇ/People’s Spring

စစ်ကောင်စီက အသစ်ဖွင့်ထားတဲ့ ဝါဒဖြန့် မီဒီယာတွေရဲ့ အကောင့်တွေကို ဖေ့စ်ဘွတ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က အသိပေးထားပါတယ်။

“စစ်အုပ်စုက ယခုလအတွင်း အသစ်ဖွင့်လှစ်ထားသည့် MRTV စာမျက်နှာ နှင့် MRTV ပို့စ်များကို ပြန်လည်ကူးတင်ဖြန့်ဝေသည့် MRN စာမျက်နှာတို့ကို ဖယ်ရှားပိတ်သိမ်းလိုက်သည့် Facebook ၏ မြန်ဆန်သောအရေးယူဆောင်ရွက်မှုကို Justice For Myanmar က ကြိုဆိုပါသည်။ “လို့ ဖော်ပြထားပါတယ်။

Justice For Myanmar အနေနဲ့ နည်းပညာကုမ္ပဏီတွေကို စစ်ကောင်စီအတွက် ဝါဒဖြန့်နေတဲ့ မီဒီယာတွေနဲ့ အကောင့်တွေကို ဖြုတ်ချဖို့ ဆက်တိုက် တွန်းအားပေးဆောင်ရွက်နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုဆောင်ရွက်မှုတွေကြောင့် ပြီးခဲ့တဲ့ရက်က စစ်တပ်အတွက် ဝါဒဖြန့်နေတဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)အပါအဝင် မြန်မာရေဒီယိုလိုင်း ၁၄ ခုကို Amazon ကုမ္ပဏီပိုင်တဲ့ ဗီဒီယိုပလက်ဖောင်း Twitch ကနေ ပိတ်လိုက်တာဖြစ်ပြီး သူတို့ရဲ့ ဝဘ်ဆိုဒ် နဲ့ Google၊ Apple App Store တွေမှာရှိတဲ့ မိုဘိုင်း Apps တွေကနေလည်း ဖယ်ရှားခဲ့တာပါ။

Twitch က ဖယ်ရှားခံရပြီးချိန်မှာ စစ်ကောင်စီဘက်က တိုက်ရိုက်ထုတ်လွှင့်မှုတွေအတွက် ဩစတေးလျ နည်းပညာကုမ္ပဏီ Kick ကို အသုံးပြုခဲ့ပေမယ့် ကုမ္ပဏီဘက်က ၂၄ နာရီ မပြည့်ခင်မှာပဲ ဖယ်ရှားခံခဲ့ရတယ်လို့ JFM က သတင်းထုတ်ပြန်ထားပါတယ်။

ဒီလိုဖယ်ရှားခံရတာတွေကြောင့် စစ်ကောင်စီဟာ ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ တိုက်ရိုက်ထုတ်လွှင့်မှုတွေ မလုပ်နိုင်တော့ဘူးလို့ JFM ကဆိုပါတယ်။

ဖေ့စ်ဘွတ်က အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ MITV ရဲ့ အကောင့်ကို ဖျက်သိမ်းခဲ့သလို Alphabetပိုင်ဆိုင်တဲ့ ယူကျူ့ကလည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အကောင့်တစ်ခု နဲ့ MITV ရဲ့ ယူကျူ့ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ မြဝတီသတင်းစာနဲ့ ဆက်နွှယ်နေတဲ့ ရတနာပုံသတင်းစာရဲ့အကောင့်တွေကိုလည်း ဖေ့စ်ဘွတ် နဲ့ MediaFire ဝဘ်ဆိုဒ်ကနေ ဖျက်သိမ်းလိုက်တယ်လို့ JFM ကဆိုပါတယ်။ စစ်တပ်က သူတို့ရဲ့ဖေ့စ်ဘွတ် အကောင့်တွေကနေ မျှဝေတဲ့ ဝါဒဖြန့်သတင်းစာတွေရဲ့ PDF ဖိုင် တွေကို MediaFire မှာ သိမ်းဆည်းတာလို့သိရပါတယ်။

အထက်ပါနည်းပညာကုမ္ပဏီတွေအပြင် ‌Alphabet (Google ရဲ့ မိခင်ကုမ္ပဏီ)၊ Apple၊ TikTok၊ X (အရင် Twitter)၊ Telegram၊ Cloudflare နဲ့ ApkPure တို့ကိုလည်း စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနက တိုက်ရိုက်ကြီးကြပ်ကိုင်တွယ်နေတဲ့ အကောင့်တွေအပါအဝင် ဝါဒမှိုင်းဖြန့်တဲ့အကောင့်တွေအပေါ် အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းထားတယ်လို့ JFM က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။