မတ်၁၉၊၂၀၂၆၊ရှိန်း၊ဇော်ဝမ်း/ People’s Spring
မန္တလေးမြို့၊အလယ်ပိုင်းတိုင်း၊စစ်ဌာနချုပ်မှာ PDF ၅၀၀ ကျော်အလင်းဝင်တယ်လို့ စစ်ကောင်စီက ဝါဒဖြန့်တဲ့အထဲမှာ စစ်တပ်နဲ့ပူးပေါင်းတဲ့ PDF တစ်ရာဝန်းကျင်သာပါနိုင်ပြီး စစ်တပ်ကလိမ်လည်ထုတ်ပြန်တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းမှူးတွေကပြောပါတယ်။
စစ်တပ်က အလင်းဝင်PDFတပ်တွေကို ကြိုဆိုတဲ့အခမ်းအနားဆိုပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(နန်းတွင်း)မှာပြုလုပ်ခဲ့ပြီး PDFအမျိုးသမီး ၅၃အမျိုးသား၄၅၃ စုစုပေါင်း ၅၀၆ဦး စစ်တပ်နဲ့ ပူးပေါင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်နက်ချအလင်းဝင်ရောက်လာသူ(၅၀၆)ဦးကို မိဘတွေထံ ပြန်အပ်တဲ့အခမ်းအနားဆိုပြီးစစ်တပ်ကဝါဒဖြန့်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement
စစ်အုပ်စု ထုတ်ပြန်ထားတဲ့ ထဲမှာ MDY-PDFယူနီ ဖောင်း ၊BNRAနဲ့ TNLAတပ်ဖွဲ့ ယူနီဖောင်း တွေ ဝတ်ဆင် ပေးထားတာကို အများဆုံးတွေ့ရပါတယ်။ယူနီဖောင်း အများစုကလည်း အသစ် တွေဖြစ် နေတာကို တွေ့ရပါတယ်။
စစ်တပ်ကိုထောက်ခံတဲ့မီဒီယာတွေနဲ့အင်တာဗျူးထဲမှာအမျိုးသမီးက ရွှေဘိုပကဖ က နေ စစ်တပ်ကို ပူး ပေါင်းလာသူလို့ ဖြေဆိုထားပါတယ်။ဒါပေမယ့်MDY- PDFယူနီ ဖောင်းကို ဝတ်ဆင်ထားတာကိုတွေ့ရပါတယ်။မြို့နယ်ပကဖ နဲ့ PDFယူနီဖောင်းတွေဟာမတူပဲကွဲပြားပြီး ပကဖ ဆိအမျိုးသမီးဆိုသူက တခြားနယ်က PDF ယူနီဖောင်းဝတ်ပြီ ဖြေဆိုနေတာဖြစ်ပါတယ် ။
ရွှေဘိုခရိုင်တပ်ရင်း ၂၆က တပ်ရင်းမှူး ကိုပီလွန်က အာဏာသိမ်းစစ်တပ်ကထုတ်ပြန်တဲ့ PDFပူး ပေါင်းစာရင်းဟာ လိမ်လည် ထုတ်ပြန်တာသာဖြစ်ပြီး ရွှေဘိုခရိုင်မှာ စစ်တပ်နဲ့ပူးပေါင်းသူဟာ ငါးလအတွင်းဆယ်ဂဏန်း မပြည့်ဘူးလို့ဆိုပါတယ်။ စစ်တပ်နဲ့ပူးပေါင်းတယ်ဆိုသူတွေဆိုတာမှာ အရင်ကတည်းက စစ်တပ်က တော်လှန်ရေးသတင်းတွေယူဖို့ စေလွှတ်ထားတဲ့ သူတွေလည်းပါတယ်လို့သိရပါတယ် ။
“မန်းPDFမှာတောင် တရားဝင်ထုတ်ပြန်ထားတာရှိတယ်လေ။စိမ့်ဝင်သူတွေရှိတယ်ဆိုတာ။ပြီးတော့ နဂိုထဲက ပေါ်တာ ကြောက်လို့ ပြေးရင်းနဲ့တော်လှန်ရေးနယ်ပယ် ရောက်လာသူ တွေရှိတယ်။အဲတာတွေက ဒီ၂၀၂၄ နောက်မှာ ရောက်လာသူတချို့ရှိတယ်။အဲလို လူတွေက တော့ဖြစ်ကောင်းဖြစ်လိမ့်မယ်”လို့ ကိုပီလွန်ကဆက်ပြောပါတယ်။
ရွှေဘိုခရိုင်မှာဖွဲ့စည်းထားတဲ့ PDFတပ်ရင်း၆ရင်းလုံးမှာ စစ်တပ်နဲ့ ပူး ပေါင်းသွားတာမရှိဘူးလို့ဆိုပါတယ်။
“ပူးပေါင်းတာရှိကောင်းရှိပါလိမ့်မယ်။အဲဒီအရေ အတွက်အထိ တော့မယုံကြည်ဘူးဗျ။ဗိုလ်နဂါးဝင်သွားတယ်။ဗိုလ်နဂါး အလင်းဝင်တယ်ဆိုတာ တောင်လူဦး ရေဘယ် လောက်များပါလို့လဲ။သူလိုအဖွဲ့အစည်းအကြီးကြီးမှာခေါင်းဆောင်လက်နက်ချတယ်ဆိုတာ တောင်မှ နောက်လိုက်ဘယ် လောက်ပါလို့လဲ။အဲတာကိုပဲ ကျွန် တော်တို့ ပြန်သုံးသပ်ရမှာ ပေါ့”လို့ ကိုပီလွန်က ဆက်ပြောပါတယ်။
စစ်ကောင်စီနဲ့ ပူးပေါင်းသူတွေဆိုပြီးထုတ်ပြန်တာယူနီဖောင်းဝတ်အများစုတွေ့ရတဲ့MDY-PDF ကလည်း ယခင်က စစ်ကောင်စီဘက်က စိမ့်ဝင်သူ တွေ၊တပ်ပြေး စာရင်းကို ထုတ်ပြန်ရာမှာ ၁၅ဦးခန့်ရှိခဲ့ပါတယ်။အဲဒီထုတ်ပြန်ချက်မှာစစ်မှုထမ်းဥပဒကို အကြောင်းပြပြီး PDFထဲဝင်လာသူ တွေဟာ စစ်ကောင်စီနဲ့ ပြန်လည်ပူး ပေါင်းပြီး တော်လှန်ရေးတပ် ဖွဲ့ဝင်တွေကို ပြန်လည်ထောက်လှမ်းခဲ့တယ်လို့ MDY-PDFက ၂၀၂၅ခုနှစ် မေလက ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၅ခုနှစ်အတွင်းစစ်တပ်နဲ့ ပူးပေါင်းခဲ့တဲ့ PDF တွေကို စစ်တပ်က နန်းတွင်းထဲမှာပဲဖမ်းဆီးထားပြီး တိုက်ပွဲတိုက်ခဲ့ဖူးသူတွေကို အရေးယူခဲ့သလို ကျန်PDFတွေဆီကိုဆက်သွယ်ခိုင်းပြီး စစ်တပ်နဲ့ပူး ပေါင်းဖို့ စည်းရုံး ခိုင်းတာလုပ်ခဲ့ပါတယ်။
“ပကဖ တွေထဲက ၁ ယောက်၊၂ယောက် ဝင်သွားတာ တွေလည်းရှိတယ်။အဲဒီလူတွေကို ဖမ်းထားတယ်။နောက်ကွယ်ကထိန်းချုပ်ပြီး ဒီဘက်ကရဲ ဘော်တွေကို အလင်းဝင်ဖို့ မြူစွယ်ခိုင်းတာ တွေရှိတယ်။ဒါပေမယ့် ၅၀၀ အထိတော့ အရေအတွက်မများဘူး။ဝင်တာများတာဆိုလို့ MDY-PDFက တရင်းနီးပါးလိုက်ဝင်တာရှိတယ်။အဲတာကလည်း ၁၀၀ မပြည့်ဘူး။ကျန်တာကတစ်ယောက်စ၊နှစ်ယောက်စလောက်ပဲ”လို့မန္တလေးတိုင်းက နာမည်မ ဖော်လိုတဲ့ တော်လှန် ရေးတပ်ဖွဲ့ ဝင်တဦးက ပြောပါတယ်။
နောက်ထပ်စစ်ကိုင်းတိုင်းကပဲရွှေဘိုခရိုင်၉၇၀၆ တပ်ရင်းက ဗိုလ်လက်ျာကလည်း ငါးအတွင်းတပ်ရင်းကနေ စစ်တပ်နဲ့ ပူး ပေါင်းသွားသူမရှိသလို စစ်တပ်က လိမ်လည်ထုတ်ပြန်ခြင်းသာဖြစ်တယ်လို့ ပြောပါတယ်။
“၅၀၀ဆိုတာ မဖြစ်နိုင်ဘူး။လက်ရှိ အခြေအနေအရ သူတို့က(စကစ)က စစ်ရေးသာနေတဲ့ အခြေအနေရှိတာက တကြောင်းပေါ့။အဲဒီအပေါ်မှာ ထပ်လောင်းပြီး သူတို့ကဝါဒမှိုင်းဖြန့်တဲ့ သဘောပေါ့။အဲလိုပဲမြင်မိတယ်”လို့ ဗိုလ်လကျာ်ကပြောပါတယ်။
မန္တလေးတိုင်းမှာမြင်းခြံ၊နွားထိုးကြီး၊တောင်သာ တပ်ရင်းတွေ ကလည်း စစ်တပ်နဲ့ ပူး ပေါင်းသွားသူ တွေဟာ ၁၀ ဦးမပြည့်ဘူးလို့ တပ်ရင်းတာဝန်ရှိသူ တွေကလည်ယ ပြောပါတယ်။
” အလင်းဝင်တာ ၅၀၀ကျော်ဆိုလို့ ထူးဆန်းနေတာ။ပြထားတဲ့ လက်နက်တွေက ၂၀လောက်ပဲရှိတယ်။တကယ် အလင်းဝင်တာက ပုလဲကနေထွက်ပြေးသွားတဲ့ BNRA ကကောင်တွေရယ် စစ်တပ်ပြန်ထိန်းသွားတဲ့ စဉ့်ကူးနဲ့သပိတ်ကျင်းက လူငယ်ရဲဘော်တချို့ရယ်ပဲ။ ကျန်တာတွေက စစ်မှုထမ်းသင်တန်းဆင်းတွေပါ”လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့နီးစပ်သူတဦးကပြောပါတယ်။စစ်တပ်နဲ့ပူးပေါင်းတယ်ဆိုသူတွေကို စစ်တပ်ဝါဒဖြန့် မီဒီယာတွေကဖော်ပြတာမှာ ကွင်းထဲမှာ ဆော့ကစားနေသူတွေကိုလည်းတွေ့ရပြီး PDF တွေမဟုတ်ပဲ ဒီကွင်းတွေနဲ့ရင်းနှီးနေတဲ့ စစ်သင်တန်းတက်ထားတဲ့စစ်သားတွေပဲဖြစ်မယ်လို့ ပြည်သူအချို့ကမှတ်ချက်ပြုကြပါတယ် ။
အလင်းဝင်လာကြောင်းစစ်အုပ်စုထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက PDFနဲ့ ပကဖတွေ စီးနင်းတိုက်ခိုက်လို့ ထွက်ပြေးသွားတဲ့ စစ်ကိုင်းတိုင်းပုလဲမြို့နယ်ထဲက BNRA အဖွဲ့ဝင်တချို့ပါဝင်နေပါတယ်။
ပုလဲမြို့နယ်ထဲက BNRAစခန်းတွေကို PDFနဲ့ ပကဖတွေက ဖယ်ရှားရာကနေ ဖေဖော်ဝါရီလ၁၇ရက်နေ့မှာ တိုက်ပွဲစဖြစ်ခဲ့ပြီး BNRA ခေါင်းဆောင်ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်တချို့ကစစ်တပ်ထံ ထွက်ပြေးခိုလှုံသွားပါတယ်။ ဒေသတွင်းမှာ ကျန်ရှိနေတဲ့ BNRA တပ်ဖွဲ့ဝင်တွေကိုPDFနဲ့ ပကဖတွေက လိုက်လံဖမ်းဆီးတာတွေ၊ စည်းရုံးတာတွေ ဆက်လက်လုပ်ခဲ့ပြီး ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့သူတွေကို မိဘတွေထံပြန်အပ်ပေးထားပါတယ်။
PDF နဲ့ ပကဖထံ BNRA တပ်ဖွဲ့ဝင် ၂၀၀ ကျော်လက်နက်ချခဲ့ပြီး ဗိုလ်နဂါးနဲ့ အနီးကပ်နေထိုင်ကြတဲ့ သုဘရာဇာ၊ ဒေါင်းညို၊ စစ်နိုင်ဆိုသူတွေလည်း ပါဝင်ပါတယ်။ဗိုလ်နဂါးနဲ့အတူ ယောက်ဖဖြစ်တဲ့ BNRA ဒုဥက္ကဋ္ဌကိုဖြိုးနဲ့ စစ်ရေးဝာာဝန်ခံ ကိုလတ်အပါအဝင် ငါးဦးဟာ စစ်ကောင်စီထံ လက်နက်ချပူးပေါင်းသွားပါတယ်။ ၎င်းတို့ကနေတဆင့် ဆက်သွယ်ပြီး BNRA အဖွဲဝင် ၂ဝကျော်လည်းစစ်တပ်နဲ့ပူးပေါင်းသွားတာပါ။
စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ် အမ်းမြို့နယ်က အာရက္ခတပ်တော် AAရဲ့ အချုပ်ခန်းကို ဗုံးကြဲခဲ့လို့ စစ်သုံ့ပန်း ၁၀၀ကျော် သေဆုံးခဲ့တာနဲ့အဲဒီတိုက်ခိုက်ခံရမှုကိုကိုယ်တိုင်ကြုံခဲ့တဲ့ စစ်သုံ့ပန်းတွေက စစ်တပ်ကိုပြန်လည်ဝေဖန်နေတဲ့သတင်းတွေကိုဖုံးကွယ်ဖို့အတွက် ဝါဒဖြန့်ချီတာဖြစ်နိုင်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ် တွေကပြောပါတယ်။
ရွှေဘိုခရိုင်တပ်ရင်း၊၂၆ရဲ့ တပ်ရင်းမှူးကို ပီလွန်က တော့ “ကျွန် တော်တို့က ဘာအတွက်အလင်းဝင်ရမှာလဲ။ကျွန်တော်တို့က အလင်းထဲမှာ နေတဲ့သူတွေလေ။ကျွန်တော်တို့ကအမှန်တရားအတွက်ရပ်တည် နေတာ။သူတို့သာ အလင်းဝင်ရမှာ။စကစ စိုးမိုးထားတဲ့ ဒေသ တွေမှာ ကျွန် တော့်အရပ်ဆို ရွှေဘိုနယ်ရှိတယ်။ရွှေဘိုမှာဆိုရင် အီး တောင်ကျယ်ကျယ်မ ပေါက်ရဲတဲ့ အနေအထားရှိတယ်။မြို့ ပေါ်မှာ တောင်မ နေရဲလို့ ပြည်သူ တွေလူငယ် တွေက ဒီဘက်ကိုခိုလှုံ နေရတာ။ဒီလိုခံယူချက်၊ယုံကြည်ချက်နဲ့ လုပ်နေတဲ့ သူ တွေက အလင်းဝင် တယ်ဆိုတဲ့ ကိစ္စက သူတို့ဘက်မှာ ဘာမက်စရာရှိလို့လဲ ပြန်မေးရမှာ ပေါ့”လို့ ဆိုပါတယ်။




















































