Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ အလိုကျဝါဒဖြန့်နေသူတွေကို သေချာစဉ်းစားပြီး တုံ့ပြန်ဖို့ အဆိုတော်လင်းလင်း တိုက်တွန်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။

ဩဂုတ်-၁၀၊၂၀၂၆။ဆဏ်း/People’s Spring

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။

“မင်းတို့ ရောက်ရာနေရာကနေ တော်လှန်ရေးအင်အားစုတွေအပေါ်မှာ Support ပေးနေတာတွေ ဆေးရုံ ဆေးခန်း ပညာရေး ကျန်းမာရေး ဖြည့်ဆည်းပေးနေတာတွေ လုပ်နေတာဟာ ပြည်တွင်းထဲမှာ လူတွေကို ပိုသေစေပါတယ်ဆိုတဲ့ စစ်တပ်စကားကို လူအများစုက စစ်တပ်ပါးစပ်ကိုငှားပြီးတော့ ပြော‌လာကြတယ်။” လို့ အမေရိကန်နိုင်ငံ Tesla မြို့မှာပြုလုပ်တဲ့ ရှစ်လေးလုံးနှစ်ပတ်လည် ဖျော်ဖြေပွဲမှာ လင်းလင်းကပြောခဲ့တာပါ။

အဲဒီ့စကားကို ပြည်ပကိုရောက်ရှိနေတဲ့ ဘာသာပေါင်းစုံက ဩဇာကြီးသူတွေ ၊ ပရဟိတခေါင်းစဉ်အောက်က ဩဇာကြီးသူတွေ ၊ ထင်ပေါ်ကျော်ကြားတဲ့သူတွေက ပြောလာကြတာဖြစ်ပြီး ပြောဆိုမှုတွေများလာတာကြောင့် အမှန်လိုဖြစ်လာတာကြောင့် တော်လှန်ရေးဘက်တော်သားမိသားစုတွေအနေနဲ့ ပြောဆိုမှုတွေအပေါ်မှာ သေချာစဉ်းစားကာ ချက်ကျလက်ကျ တုံ့ပြန်ဖို့ တိုက်တွန်းထားတာပါ။

Public Service Announcement

Public Service Announcement

“ဒီတော်လှန်ရေးဘာကြောင့် စဖြစ်တာလဲ။ ဘယ်တိုင်းရင်းသား ဘယ်ညီအစ်ကို ဘယ်မိသားစု နှစ်လသား လေးလသားပါမချန် ဗိုက်ထဲက ကလေးပါမချန် အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ် ဒီလိုမျိုးလုပ်ရပ်တွေနဲ့ လူသားဖြစ်တည်မှုကို အညွန့်တုန်းအောင် ဘယ်သူတွေလုပ်တာလဲ” လို့ လင်းလင်းက စစ်တပ်ရဲ့ ကျူးလွန်မှု‌တွေကို ထောက်ပြထားပါတယ်။

အကြောင်းအမျိုးမျိုးနဲ့ ပြည်ပကို ထွက်လာသူတွေက တော်လှန်ရေးမှာဆက်ပါဝင်နေပြီး ကျန်းမာရေး ၊ ပညာရေး နဲ့ စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်‌တွေကို ပံ့ပိုးနေတာကပြည်တွင်းကလူတွေကိုထိခိုက်စေတာကြောင့် ရပ်ကြဖို့နဲ့ ရပ်လိုက်ရင် ငြိမ်းချမ်းသွားမယ်လို့ စစ်တပ်အလိုကျ ဆိုက်ဝါးထည့်တဲ့‌အကြောင်း လင်းလင်းက ပြောပါတယ်။

“စစ်တပ်ပြောရမယ့်စကားကို စစ်တပ်ပါးစပ်ငှားပြီးတော့ ပြောနေတဲ့ ပြည်ပကလူအများစု ဂုဏ်သရေရှိတွေရော ဂုဏ်သရေမဲ့တွေရော အားလုံးကို ကျွန်တော်တည့်တည့် ပြောချင်တယ်။ ကိုယ့်စကားကိုယ်သေချာစဉ်းစား၊ အဲ့စကားတွေကိုကြားလိုက်တဲ့အခါမှာလည်း ကျွန်တော့်ညီအစ်ကို မိသားစုတွေ ရောင်းရင်းတွေလည်း သေသေချာချာတွေး ချက်ကျလက်ကျတုန့်ပြန်ပါ။” လို့ လင်းလင်းကပြောပါတယ်။

လင်းလင်းက ပြီးခဲ့တဲ့ ၂၀၂၅မှာ အမေရိကန်နိုင်ငံက မြို့ ၁၁ မြို့မှာ ဖျော်ဖြေပွဲတွေပြုလုပ်ပြီးရလာတဲ့ ငွေတွေကို ပြည်တွင်းက လိုအပ်နေတဲ့နေရာတွေကို ပြန်လည်ထောက်ပံ့ပေးခဲ့တာပါ။

အခု ၂၀၂၆ မှာလည်း တိုင်းရင်းသားဒေသတွေအတွက် ရန်ပုံငွေရှာဖွေတဲ့ ဖျော်ဖြေပွဲတွေမှာ အနုပညာကြေးမယူပဲ ပါဝင်ပေးနေတာဖြစ်ပြီး ဩဂုတ် ၈ ရက်က ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲကလည်း ချင်းပြည်နယ်က စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေနဲ့ အခြားလိုအပ်ချက်တွေကို ပံ့ပိုးပေးနိုင်ဖို့ပြုလုပ်တဲ့ ဖျော်ဖြေပွဲပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

သတင်း

မုံရွာ–ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေရဲ့ ၆ဘီးကားတွေကို အာဏာသိမ်းစစ်တပ်က ချောဆွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။