News စစ်ကောင်စီကလေယာဥ်ဖြင့်ဗုံးကျဲခဲ့သော ပင်လယ်ဘူးနှင့် ကောလင်း၊ဝန်းသိုမြို့နယ်တို့တွင်အင်တာနက်နှင့်ဖုန်းလိုင်းများဖြတ် ပင်လယ်ဘူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာကိုစက်တင်ဘာ ၂၅ ရက် ညနေ၅နာရီခန့်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်ဟု ဒေသခံများကပြောသည်။သို့သော် အထိအခိုက်သတင်းများနှင့်ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုမူ မသိရသေးပေ။ LuduNwayOoစက်တင်ဘာ 26, 2021
News ကောလင်းပြည်သူများ ယနေ့မှစ၍ ည၈နာရီနောက်ပိုင်း အပြင်လုံး၀မထွက်ရန် PDF ထုတ်ပြန် အကယ်၍ မလိုက်နာပါက ဖြစ်ပေါ်လာနိုင်သော အကျိုး ဆက်များကို တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်းနှင့် တောင်းဆိုချက်ကို လိုက်နာခြင်းအားဖြင့် ကူညီပေးရန် ကောလင်း PDFက ထုတ်ပြန်သည်။ LuduNwayOoစက်တင်ဘာ 23, 2021
News ကောလင်းမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်ရခြင်းအကြောင်းအရင်းမှာ နိုင်ငံတစ်ဝှမ်းတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံနေရခြင်း သို့မဟုတ် စစ်အာဏာရှင်ကို အုပ်ချုပ်ရေးမှူးများကိုယ်တိုင် မနှစ်သက်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ကောလင်းမြို့ခံက ပြောသည်။ LuduNwayOoဇူလိုင် 6, 2021
News ကောလင်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ခန့်သေဆုံး၊ PDF အချို့ကျဆုံး စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက စစ်ကောင်စီယာဉ်တန်းကို ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုများပြားကြောင်း ဒေသခံတစ်ဦးက People's Springသို့ ပြောသည်။ LuduNwayOoဇူလိုင် 5, 2021
News ကောလင်းတွင် PDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကောလင်းမြို့ခံအချို့ဒဏ်ရာရ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ပေါ်တွင် ယနေ့နေ့လည်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီ လက်နက်ကိုင်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားအချို့ ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 2, 2021