Connect with us

Hi, what are you looking for?

News

ကောလင်းတွင် PDFနှင့် စစ်​ကောင်စီတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကောလင်းမြို့ခံအချို့ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ပေါ်တွင် ယနေ့နေ့လည်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီ လက်နက်ကိုင်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားအချို့ ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ယနေ့ နေ့လည်ပိုင်းတွင် ကောလင်းမြို့ သစ်စိမ့်ကုန်း တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောကြား သော်လည်း အသေးစိတ်အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

“အခုလောလောဆယ်တော့ မြို့ပေါ်မှာတော့ ပစ်သံခတ်သံကြားရတယ်။ နေ့လည် ၂နာရီလောက်ကစပြီး ပစ်တာပဲ။ ထွေအုပ်ရုံးအတွင်းထဲက ပစ်တဲ့ဟာက အနီးအနားအိမ်ကို လက်နက်ကြီးကျပြီးတော့မှ နှစ်ယောက် သုံးယောက်ဒဏ်ရာရတယ်” ဟု ကောလင်းမြို့ခံက ယနေ့ ညနေပိုင်းတွင် ပြောသည်။

ကောလင်းမြို့ပေါ်ရှိ လက်နက်ကြီးထိမှန်ခဲ့သည့် နေအိမ်အပျက်အစီးနှင့် ဒဏ်ရာရသူ အမျိုးသမီး နှစ်ဦး၏ ဓာတ်ပုံများကိုလည်း လူမှုကွန်ရက်တွင် ဖော်ပြမှုများ တွေ့ရသည်။

“အပြင်းအထန်တော့ မဟုတ်ဘူး အပေါ်ဒဏ်ရာပေါ့” ဟု ကောလင်းမြို့ခံက ပြောသည်။လက်ရှိတွင် မြို့ပေါ်၌ ပြည်သူထူလုများအသွားအလာမရှိသလောက်နည်းပါးလျက်ရှိုသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook