Connect with us

Hi, what are you looking for?

News

ကောလင်းမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်

အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်ရခြင်းအကြောင်းအရင်းမှာ နိုင်ငံတစ်ဝှမ်းတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံနေရခြင်း သို့မဟုတ် စစ်အာဏာရှင်ကို အုပ်ချုပ်ရေးမှူးများကိုယ်တိုင် မနှစ်သက်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ကောလင်းမြို့ခံက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများတာဝန်မှ နုတ်ထွက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ စာတင်ထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ဇူလိုင် ၄ရက် ရက်စွက်ဖြင့် မြို့နယ်ထွေအုပ်ထံသို့ နုတ်ထွက်စာ တင်ထားသည့် အုပ်ချုပ်ရေးမှူးများ၏ တင်ပြစာများလည်း လူမှုကွန်ရက်တွင် ပြန့်နှံ့နေသည်။

ကောလင်းမြို့နယ် ဥက္ကံကျေးရွာအုပ်စု၊ ဆင်ဂေါင်းကျေးရွာအုပ်စု၊ သရက်ချဉ်ကျေးရွာအုပ်စု၊ တဂေါင်းအိုင်ကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာအုပ်စု၊ မိုးနှံကျေးရွာ အုပ်စု၊ တောင်ကြားကျေးရွာအုပ်စု၊ ယင်းတိုက်ကျေးရွာ အုပ်စု စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများက မိမိသဘောဆန္ဒဖြင့် နုတ်ထွက်ခွင့်ပြုရန် စာဖြင့် တင်ပြခြင်းဖြစ်သည်။

ထို့ပြင် အခြားကျေးရွာများမှ အုပ်ချုပ်ရေးမှူးများလည်း နုတ်ထွက်စာတင်ကြကြောင်း ကောလင်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“နှစ်ဦးတော့တက်တာသိတယ်။ အုပ်စု အုပ်ချုပ်ရေးမှူးက တစ်ဦး။ ရေကန်သာ အုပ်စု အုပ်ချုပ်ရေးမှူးပေါ့။တရားဝင် စာတင်တာပေါ့” ဟု ၎င်းက ဆိုသည်။

အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်ရခြင်းအကြောင်းအရင်းမှာ နိုင်ငံတစ်ဝှမ်းတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံနေရခြင်း သို့မဟုတ် စစ်အာဏာရှင်ကို အုပ်ချုပ်ရေးမှူးများကိုယ်တိုင် မနှစ်သက်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ကောလင်းမြို့ခံက ပြောသည်။

ကောလင်းမြို့နယ်တွင် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်းထားပြီး စစ်ကောင်စီတပ်ကို စတင်တိုက်ခိုက်လျက်ရှိသည်။

ယခု ဇူလိုင် ၂ရက် နှင့် ၄ရက်တွင် ကောလင်းမြို့နယ်၌ စစ်ကောင်စီတပ်နှင့် PDF အကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ ကောလင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာကူညီထောက်ပံ့တာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၆) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်