Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက​လေယာဥ်ဖြင့်ဗုံးကျဲခဲ့သော ပင်လယ်ဘူးနှင့် ​ကောလင်း၊ဝန်းသိုမြို့နယ်တို့တွင်အင်တာနက်နှင့်ဖုန်းလိုင်းများဖြတ်​

ပင်လယ်ဘူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာကိုစက်တင်ဘာ ၂၅ ရက် ညနေ၅နာရီခန့်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်ဟု ဒေသခံများကပြောသည်။သို့​သော် အထိအခိုက်သတင်းများနှင့်ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုမူ မသိရသေးပေ။

အကြမ်းဖက်စစ်ကောင်စီက ပင်လယ်ဘူးမြို့နယ်အတွင်း လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက် ပင်လယ်ဘူးအပါအဝင် ကောလင်း၊ဝန်းသိုမြို့နယ်တို့ကို ယနေ့ (စက်တင်ဘာ ၂၆) နံနက်မှစ၍အင်တာနက်လိုင်းရော၊ ဖုန်းလိုင်းများပါ ဖြတ်တောက်ထားသည်။

ပင်လယ်ဘူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာကိုစက်တင်ဘာ ၂၅ ရက် ညနေ၅နာရီခန့်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်ဟု ဒေသခံများကပြောသည်။သို့​သော် အထိအခိုက်သတင်းများနှင့်ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုမူ မသိရသေးပေ။

အကြမ်းဖက်စစ်​ကောင်စီတပ်က ​လေယာဥ်ဖြင့်ဗုံးကျဲ တိုက်ခိုက်မှု​ကြောင့်ပင်လယ်ဘူးမြို့နယ်တွင် ဝမ်းဘဲအင်းနှင့် မြဂနိုင်ကျေးရွာအပါအဝင် ကျေးရွာ ငါးရွာမှ အရပ်သားများသည် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများလည်း ပိုမိုပြုလုပ်နေပြီး ကောလင်းခရိုင်အတွင်းရှိ ကောလင်း၊ဝန်းသိုနှင့် ပင်လယ်ဘူးမြို့နယ်ကို ယနေ့(စက်တင်ဘာ၂၆) နံနက်မှစကာ အင်တာနက်လိုင်းရော ဖုန်းလိုင်းများပါ ဖြတ်တောက်ထားသည်ဟု ဒေသတွင်း လူထုတော်လှန်ရေးသတင်းများကို ဖော်ပြပေးနေသည့် Pinlebu Revolution facebook pageက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် တော်လှန်ရေးအတွက် အရေးကြီးသည့် ယခုကာလတွင် ဒေသတွင်းတိုက်ပွဲသတင်းများနှင့်ပတ်သက်၍Pinlebu Revolutionက အောက်ပါအတိုင်း သတိပေးထားသည်။

“စခ လှုပ်ရှားမှုသတင်းများ Share မယ်ဆိုပါက Personal Account တွေကနေတင်တဲ့ သတင်းတွေကို မ Share ကြပါနဲ့။ သက်ဆိုင်ရာ Page တွေကနေ အတည်ပြုပီးသား သတင်းတွေကိုပဲ Share ပေးကြပါ။တချို့ Personal account တွေက သတင်း Source ထွေပြားစေလိုတဲ့ ရည်ရွယ်ချက်နဲ့တင်တဲ့ စခ၊ ရခ၊ ဒလန်တွေလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် ကိုယ်တကယ်ထိထိရောက်ရောက်ကူညီချင်ရင် သက်ဆိုင်ရာ Page များကို တိကျသောသတင်းများ ပေးပို့ခြင်းဖြင့်ကူညီကြပါ” ဟု ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်​ကောင်စီက ယခုအခါ ချင်းပြည်နယ် ၊စစ်ကိုင်းတိုင်း ၊ကချင် ပြည်နယ်ရှိ မြို့နယ်ပေါင်း ၃၀ ခန့်တွင်အင်တာနက်ဖြတ်​တောက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃၀ကျော်ဟာ အရက်ပြတ်သွားလို့ အရက်ပျံ ဆားခပ်ပြီး အရက်အဖြစ်သောက်ရာက ပိုးသတ်ဆေးနဲ့ မှားသောက်မိလို့ စစ်သား ၇ဦး သေဆုံးကာ တချို့မှာ ဆေးရုံပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၃ခုမှာ စစ်ဆင်ရေးရှိနေလို့ စတားလင့်ခ်အင်တာနက်တွေ ယာယီ ပိတ်သိမ်းထားကြဖို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။

သတင်း

စစ်တပ်သတင်းပေးတွေက စတားလင့်အင်တာနက်(Starlink)အသုံးပြုပြီး စစ်တပ်ထံ သတင်းပေးနေတာကြောင့် ကနီမြို့နယ်မှာ တေယ်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အင်တာနက်စက်ကလွဲပြီး စတားလင့်အင်တာနက်အားလုံး ပိတ်သိမ်းဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း

တိုက်ပွဲတွေကြောင့် အင်းတော်မြို့နယ်မှာ Starlink အင်တာနက်အသုံးပြုမှုယာယီပိတ်သိမ်းဖို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပဖက) ထုတ်ပြန်ထားပါတယ်။