သတင်း နေပြည်တော်(ပကဖ)မှ ရဲဘော်တစ်ဦးဖမ်းဆီးခံရပြီး စစ်ကောင်စီ၏စစ်ကြောရေးတွင် ကျဆုံး ရဲဘော်ဘုန်းမြတ်ကို ကျဆုံးမှုသည် များစွာသောဆုံးရှုံးမှုဖြစ်ပြီး အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်အလေးပြုအပ်ပါသည်ဟု ဖော်ပြထားသည်။ LuduNwayOoဒီဇင်ဘာ 13, 2022
သတင်း စစ်ကောင်စီဖမ်းထားသည့် KBC ခေါင်းဆောင်ဒေါက်တာခလမ်ဆမ်ဆွန် ၉ရက် ကြာသည်အထိ ပြန်လွှတ်မပေးသေး ဒေါက်တာခလမ်ဆမ်ဆွန်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် KBCက သဘောထားထုတ်ပြန်ထားသကဲ့သို့ ပြည်တွင်း၊ပြည်ပကလည်း ဒေါက်တာခလမ်ဆမ်ဆွန်လွတ်မြောက်ရေးတောင်းဆိုမှုများရှိသည်။ LuduNwayOoဒီဇင်ဘာ 13, 2022
သတင်း TNLAနှင့် စစ်ကောင်စီ မြေပြင်တိုက်ပွဲရပ်သွားသော် လည်း စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုဆက်လုပ် ကုန်းသာရွာနှင့် အနီးဆုံးရွာဖြစ်သည့်ဟူးမန်းရွာနှင့်ပန်းအလောင်ရွာကိုလည်း စစ်ကောင်စီတပ် စစ်ကြောင်းများက ဝင်ရောက်မွှေနှောက်ကာ ငွေနှင့် ရွှေထည် ပစ္စည်းများယူဆောင်သွားသည်ဟု ဟူးမန်းရွာခံ အမျိုးသမီး၏ ပြောကြားချက်ကိုလည်း ဖော်ပြသည်။ LuduNwayOoဒီဇင်ဘာ 13, 2022
သတင်း စစ်ကောင်စီက ၁၂ရက်အတွင်း ဒီပဲယင်းအရှေ့ခြမ်းရှိ ရွာပေါင်း ၁၈ရွာမှ နေအိမ်ပေါင်း ၁,၆၀၀ ကျော်မီးရှို့ဖျက်ဆီး စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့်ဒေသခံပြည်သူ ၂၀,၀၀၀ ခန့်အထိ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး နီးစပ်ရာ ဆွေမျိုး၊ ဘုရား၊ ကျောင်းကန်များတွင်သာ နေထိုင်နေရသည်။ LuduNwayOoဒီဇင်ဘာ 13, 2022
သတင်း စစ်ကောင်စီက တပ်စွဲထားသည့်ရွာလာတိုက်ပါက မီးရှို့မည်ဟုသတင်းလွှင့်ပြီး အပြန်တွင် နေအိမ် ၂၀ကျော် မီးရှို့ဖျက်ဆီးသွား မြောင်မြို့နယ်သို့ ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းသည် စစ်ကြောင်းတလျှောက်လမ်းခုလတ်မှ ကျေးရွာများကို ဝင်ရောက်မွှေနှောက်နေသည်။ LuduNwayOoဒီဇင်ဘာ 12, 2022
သတင်း ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်စွဲရာနေရာအား အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် စစ်ကောင်စီတပ်အား ထိုကဲ့သို့ ဖောက်ခွဲတိုက်ခိုက်နိုင်ရန် မိုင်းထောင်ပြီးနောက် (၃)ရက်ခန့် အချိန်ယူစောင့်ဆိုင်းခဲ့ရပြီး ယမန်နေ့ညကမှ ပိုင်ပိုင်နိုင်နိုင်ဖောက်ခွဲနိုင်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။ LuduNwayOoဒီဇင်ဘာ 12, 2022
သတင်း ဝမ်ပေါင်၌ကင်းစောင့်နေသော စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းရှိ စစ်ကောင်စီတပ်သည် ကြေးနီစီမံကိန်းဝန်းကျင်ကျေးရွာများအား မကြာခဏဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်နေသည်။ LuduNwayOoဒီဇင်ဘာ 12, 2022
သတင်း ထီးချိုင့်တွင် စစ်ကောင်စီက တစ်လအတွင်း ရွာ ၂၀ ကျော်မှ နေအိမ် တစ်ထောင်ခန့် မီးရှို့ဖျက်ဆီး တပ်မ (၈၈)လက်အောက်ခံ စစ်ကောင်စီတပ်စစ်ကြောင်းသည် နိုဝင်ဘာ ၁၃ရက်မှစ၍ ထီးချိုင့်နယ်သို့ ဝင်ရောက်ကာ ရွာစဉ်ပတ် လိုက်လံမီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဒီဇင်ဘာ 12, 2022
သတင်း စစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံးများသုံးပြီး ဗုံးကြဲတိုက်ခိုက်လာဟု TNLA အသိပေး စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် တိုက်ပွဲဖြစ် ပွားရာနေရာအနီးရှိ ကုန်းသာ၊ ဟူမန်း၊ မန်လုံး၊ တာလတ်ကျေးရွာမှ ဒေသခံပြည်သူ ၁,၅၀၀ခန့် စစ်ဘေးရှောင်နေကြရသည်ဟု TNLAက အသိပေးထားသည်။ LuduNwayOoဒီဇင်ဘာ 12, 2022
သတင်း ကန့်ဘလူနယ် ယောရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ် တိုက်ခိုက်ခံရ ယောရွာထဲမှာ ပျုစောထီးသင်တန်းပေးဖို့အတွက် စစ်ကောင်စီတပ်ဟာ တပ်စွဲထားတာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုထားပါတယ်။ LuduNwayOoဒီဇင်ဘာ 11, 2022