Connect with us

Hi, what are you looking for?

သတင်း

မြို့တော်ဝန် ဒေါက်တာရဲလွင်အပေါ် ထပ်တိုးထားတဲ့အမှု စစ်ကောင်စီ စတင်စစ်ဆေး

ဒေါက်တာရဲလွင်တို့ကို အမှုထပ်တိုးရာမှာ မန္တလေးစည်ပင်ပိုင် ယာဉ်တွေ GPS တပ်တဲ့ကိစ္စ၊ စီစီတီဗီတပ်ရာမှာ တင်ဒါမခေါ် ဘူးဆိုပြီး အကြောင်းပြထားတယ်လို့စုံစမ်းသိရပါတယ်။

မြို့တော်ဝန် ဒေါက်တာရဲလွင်အပေါ် ထပ်တိုးထားတဲ့အမှု စစ်ကောင်စီ စတင်စစ်ဆေး
မြို့တော်ဝန် ဒေါက်တာရဲလွင်အပေါ် ထပ်တိုးထားတဲ့အမှု စစ်ကောင်စီ စတင်စစ်ဆေး

NLD အစိုးရ မန္တလေး စည်ပင်ဝန်ကြီး ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ ကို လွတ်ရက်စေ့ပေမယ့်ပြန်မလွှတ်ဘဲ ထပ်တိုးစွဲထားတဲ့ အမှုတွေအတွက်စစ်ကောင်စီက အိုးဘိုထောင်တွင်းတရားရုံးမှာ စစ်ဆေးမှုတွေ စတင်လုပ်နေပါတယ်။

ဆူပူအောင်လှုံဆော်မှုနဲ့အာဏာသိမ်းပြီးနောက် ဖမ်းဆီးကာ ထောင် ၂ နှစ်စီချထားတဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက လွတ်ရက်စေ့ခဲ့တာပါ။

ဒါပေမယ့်စစ်ကောင်စီက ပြန်မလွတ်ဘဲ နိုင်ငံပိုင်ပစ္စည်းအလွဲသုံးမှု ရာဇသတ်ကြီး ပုဒ်မ ၄၀၉ နဲ့ထပ်တိုးတရားစွဲတာကို လုပ်ခဲ့ပါတယ်။

အဲဒီပုဒ်မ ဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်တသက်အထိ ချလို့ရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ထပ်တိုးတရားစွဲထားတဲ့ အမှုအတွက် စစ်ကောင်စီရဲ့ သက်သေတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက အိုးဘိုထောင်တွင်း စစ်ကောင်စီတရားရုံးမှာ စတင်စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ တရားရေးအသိုင်းအဝိုင်းကနေသိရပါတယ်။

ဒေါက်တာရဲလွင်တို့ကို အမှုထပ်တိုးရာမှာ မန္တလေးစည်ပင်ပိုင် ယာဉ်တွေ GPS တပ်တဲ့ကိစ္စ၊ စီစီတီဗီတပ်ရာမှာ တင်ဒါမခေါ် ဘူးဆိုပြီး အကြောင်းပြထားတယ်လို့စုံစမ်းသိရပါတယ်။

ဒါပေမယ့် အဲဒီကိစ္စတွေအဂတိမမြောက်တဲ့အတွက် အဂတိတိုက်ဖျက်ရေးကော်မရှင်က ပယ်ချထားခဲ့တာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook