Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကို ကရင်နီတပ်များ တိုက်ခိုက်

တိုက်ပွဲမှာ ယမန်နေ့ (ဒီဇင်ဘာ ၁၃ ရက်) နေ့လယ် ၁နာရီခန့်တွင် လောဘူးဒါးရပ်ကွက်ကို ခြေကုပ်ယူရန် အင်အား ၅၀ခန့်ဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးလာ‌ခြင်းဟု ဆိုသည်။

KNDF တပ်ရင်း(၄)မှ ရဲဘော်များအား စစ်မြေပြင်တစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF
KNDF တပ်ရင်း(၄)မှ ရဲဘော်များအား စစ်မြေပြင်တစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ တစ်ဦးသေ၊တစ်ဦးဒဏ်ရာရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း -၄က ယနေ့ (ဒီဇင်ဘာ ၁၄ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲမှာ ယမန်နေ့ (ဒီဇင်ဘာ ၁၃ ရက်) နေ့လယ် ၁နာရီခန့်တွင် လောဘူးဒါးရပ်ကွက်ကို ခြေကုပ်ယူရန် အင်အား ၅၀ခန့်ဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးလာ‌ခြင်းဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းကို ကရင်နီတပ်မတော်(KA)နှင့် KNDF တပ်ရင်း(၄)တို့ ပူးပေါင်းကာ ရှောင်တခင်၀င်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ရမ်းသမ်း ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများရှိခဲ့သော်လည်းပူးပေါင်းတပ်ဖက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“လက်ရှိကာလအခြေအနေက ကရင်နီဒေသအစုံမှာ စကစ စစ်ကြောင်းထိုးနေတာရှိသလို ကျွန်တော်တို့ ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်မှုတွေ ရှိပါတယ်။ဒီးမော့ဆို -လွိုင်ကော်ကြားက ခြောက်မိုင်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို၊ နန်းမယ်ခုံဘက်မှာလည်း စစ် ကောင်စီက စစ်ကြောင်းထိုးနေဆဲပါပဲ။ဖရူဆိုဘက်မှာတော့ ကျွန်တော်တို့ ပူးပေါင်းတပ်တွေအနေနဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်နေတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦး သို့ ပြောသည်။

ယခုလ ၉ ရက်ကလည်း ဖရူဆိုမြို့နယ် မားခရော်ရှေ့ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံး ပြီး ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ကျေးရွာ ၃ရွာက နေအိမ် ၈၀ကျော်ကို အာဏာသိမ်းစစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။