Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေး​မြို့နယ်​မြောက်ပိုင်းတွင်စစ်​ကောင်စီတပ်စစ်​ကြောင်းတိုက်ခိုက်ခံရပြီးရွာကိုမီးရှို့သွား

စစ်ကာင်စီတပ်က ပြန်ဆုတ်ခွာသွားစဥ် အိမ် ၂၉ လုံးကို မီးရှို့သွား​ကြောင်းလည်း PDF(Kalay) မှ ပြန်ကြားရေးတာဝန်ခံက ဆက်​ပြောသည်။

(CDF-KKG တပ်ဖွဲ့ဝင်များနှင့် PDF (က​လေး)တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDF/PDF)
(CDF-KKG တပ်ဖွဲ့ဝင်များနှင့် PDF (က​လေး)တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDF/PDF)

ကလေးမြို့နယ်မြောက်ပိုင်းနန်းချောင်းကျေးရွာကိုစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက နှစ်ရက်ဆက်တိုက်ခိုက်ခဲ့သဖြင့် အထိနာသွားသည့် စစ်ကောင်စီတပ်က ဒေသခံများ၏ နေအိမ် ၂၉လုံးကို မီးရှို့ဖျက်ဆီးသွားသည်။

အင်အား ၇၀ခန့်ရှိသောစစ်ကောင်စီစစ်ကြောင်းသည် နန်းချောင်းကျေးရွာသို့ ဒီဇင်ဘာလ ၁၂ရက်တွင် ဝင်ရောက်လာပြီး တပ်စွဲခဲ့သည်။ ထိုစစ်ကြောင်းကို PDF(က​လေး)၊ CDF-KKG ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းခွဲတိုက်ခိုက်ပြီးနောက် တိုက်ပွဲ ဖြစ်ခဲ့သည်။စစ်ကောင်စီဖက်က လေးဦးထက်မနည်းသေဆုံးခဲ့သည်ဟု PDF(Kakay)ကသတင်းထုတ်ပြန်သည်။

(CDF-KKG တပ်ဖွဲ့ဝင်များနှင့် PDF (က​လေး)တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDF/PDF)
(CDF-KKG တပ်ဖွဲ့ဝင်များနှင့် PDF (က​လေး)တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDF/PDF)

“ပထမနေမှာမိုင်းခွဲတယ်။မိနစ် ၂၀လောက်ကြာအောင်တိုက်ပွဲလည်းဖြစ်ခဲ့တယ်။မနေ့( ဒီဇင်ဘာ ၁၃ရက်)ကတော့ ဒရုန်းနဲ့ထပ်ချတာ။ စစ်​ေ-တွေ ထိခိုက်ပေမယ့် အရေအတွက်မသိနိုင်လို့ တိုက်ပွဲသတင်းပဲ ထုတ်ပြန်လိုက်တာ”ဟု PDF(က​လေး) မှပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောသည်။

နန်းချောင်းကျေးရွာတွင်သို့ ဝင်ရောက်လာသောစစ်​ကောင်စီတပ်စစ်ကြောင်းသည် ကလေးမြို့နယ်မြောက်ပိုင်း ကျောင်းတိုက်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကြောင်းဖြစ်သည်။ တိုက်ခိုက်ခံရပြီးနောက် နန်းချောင်း ရွာမှ ပြန်ဆုတ်ခွာသွားပြီး ကျောင်းတိုက်ကျေးရွာသို့ ပြန်ဝင်ရောက်သွားသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကာင်စီတပ်က ပြန်ဆုတ်ခွာသွားစဥ် အိမ် ၂၉ လုံးကို မီးရှို့သွား​ကြောင်းလည်း PDF(Kalay) မှ ပြန်ကြားရေးတာဝန်ခံက ဆက်​ပြောသည်။

ဒီဇင်ဘာ ၁၂ရက်ကမိုင်းဆွဲတိုက်ခိုက်မှုတွင် မိုင်းမတော်တဆဖြစ်ရပ်တစ်ခု ကြုံခဲ့ပြီး PDF(Kalay)မိုင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ကလေးမြို့တွင် နန်းချောင်းကျေးရွာနှင့်အခေါ်အဝေါ် အမည်ဆင်တူသော နတ်ချောင်းဆိုသည့် ကျေးရွာလည်းရှိသည်။ နန်းချောင်းကျေးရွာသည် ကလေးမြို့မြောက်ပိုင်းတွင် ရှိပြီး နတ်ချောင်းကျေးရွာသည် ကလေးမြို့တောင်ပိုင်းတွင်ရှိသည်။ နတ်ချောင်းကျေးရွာကိုလည်းစစ်ကောင်စီက အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့၍ ဒေသခံများ နေရပ်စွန့်စွာ တိမ်းရှောင်နေရဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။