Connect with us

Hi, what are you looking for?

သတင်း

က​လေး​မြို့နယ်​မြောက်ပိုင်းတွင်စစ်​ကောင်စီတပ်စစ်​ကြောင်းတိုက်ခိုက်ခံရပြီးရွာကိုမီးရှို့သွား

စစ်ကာင်စီတပ်က ပြန်ဆုတ်ခွာသွားစဥ် အိမ် ၂၉ လုံးကို မီးရှို့သွား​ကြောင်းလည်း PDF(Kalay) မှ ပြန်ကြားရေးတာဝန်ခံက ဆက်​ပြောသည်။

(CDF-KKG တပ်ဖွဲ့ဝင်များနှင့် PDF (က​လေး)တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDF/PDF)
(CDF-KKG တပ်ဖွဲ့ဝင်များနှင့် PDF (က​လေး)တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDF/PDF)

ကလေးမြို့နယ်မြောက်ပိုင်းနန်းချောင်းကျေးရွာကိုစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက နှစ်ရက်ဆက်တိုက်ခိုက်ခဲ့သဖြင့် အထိနာသွားသည့် စစ်ကောင်စီတပ်က ဒေသခံများ၏ နေအိမ် ၂၉လုံးကို မီးရှို့ဖျက်ဆီးသွားသည်။

အင်အား ၇၀ခန့်ရှိသောစစ်ကောင်စီစစ်ကြောင်းသည် နန်းချောင်းကျေးရွာသို့ ဒီဇင်ဘာလ ၁၂ရက်တွင် ဝင်ရောက်လာပြီး တပ်စွဲခဲ့သည်။ ထိုစစ်ကြောင်းကို PDF(က​လေး)၊ CDF-KKG ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းခွဲတိုက်ခိုက်ပြီးနောက် တိုက်ပွဲ ဖြစ်ခဲ့သည်။စစ်ကောင်စီဖက်က လေးဦးထက်မနည်းသေဆုံးခဲ့သည်ဟု PDF(Kakay)ကသတင်းထုတ်ပြန်သည်။

(CDF-KKG တပ်ဖွဲ့ဝင်များနှင့် PDF (က​လေး)တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDF/PDF)
(CDF-KKG တပ်ဖွဲ့ဝင်များနှင့် PDF (က​လေး)တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDF/PDF)

“ပထမနေမှာမိုင်းခွဲတယ်။မိနစ် ၂၀လောက်ကြာအောင်တိုက်ပွဲလည်းဖြစ်ခဲ့တယ်။မနေ့( ဒီဇင်ဘာ ၁၃ရက်)ကတော့ ဒရုန်းနဲ့ထပ်ချတာ။ စစ်​ေ-တွေ ထိခိုက်ပေမယ့် အရေအတွက်မသိနိုင်လို့ တိုက်ပွဲသတင်းပဲ ထုတ်ပြန်လိုက်တာ”ဟု PDF(က​လေး) မှပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောသည်။

နန်းချောင်းကျေးရွာတွင်သို့ ဝင်ရောက်လာသောစစ်​ကောင်စီတပ်စစ်ကြောင်းသည် ကလေးမြို့နယ်မြောက်ပိုင်း ကျောင်းတိုက်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကြောင်းဖြစ်သည်။ တိုက်ခိုက်ခံရပြီးနောက် နန်းချောင်း ရွာမှ ပြန်ဆုတ်ခွာသွားပြီး ကျောင်းတိုက်ကျေးရွာသို့ ပြန်ဝင်ရောက်သွားသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကာင်စီတပ်က ပြန်ဆုတ်ခွာသွားစဥ် အိမ် ၂၉ လုံးကို မီးရှို့သွား​ကြောင်းလည်း PDF(Kalay) မှ ပြန်ကြားရေးတာဝန်ခံက ဆက်​ပြောသည်။

ဒီဇင်ဘာ ၁၂ရက်ကမိုင်းဆွဲတိုက်ခိုက်မှုတွင် မိုင်းမတော်တဆဖြစ်ရပ်တစ်ခု ကြုံခဲ့ပြီး PDF(Kalay)မိုင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ကလေးမြို့တွင် နန်းချောင်းကျေးရွာနှင့်အခေါ်အဝေါ် အမည်ဆင်တူသော နတ်ချောင်းဆိုသည့် ကျေးရွာလည်းရှိသည်။ နန်းချောင်းကျေးရွာသည် ကလေးမြို့မြောက်ပိုင်းတွင် ရှိပြီး နတ်ချောင်းကျေးရွာသည် ကလေးမြို့တောင်ပိုင်းတွင်ရှိသည်။ နတ်ချောင်းကျေးရွာကိုလည်းစစ်ကောင်စီက အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့၍ ဒေသခံများ နေရပ်စွန့်စွာ တိမ်းရှောင်နေရဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။