Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်

ဟားခါး နှင့် ထန်တလန်တွင် စစ်ကောင်စီတပ်များကို ချင်းအမျိုးသားတပ်မတော်(CNA)ပါဝင်သည့် ချင်းပူးပေါင်းတပ်တို့က မကြာခဏတိုက်ခိုက်လျက်ရှိသည်။

ဟားခါးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်
ဟားခါးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်

ချင်းပြည်နယ် ဟားခါးမြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်း နှင့် ရဲစခန်းမှ တပ်ဖွဲ့ဝင် ၄ဦးသည် ချင်းကာကွယ်ရေးတပ်-ဇိုဖေ(CDF-ZoPhei) ထံ အလင်းဝင်လာကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ဟားခါးအခြေစိုက် ခလရ(၂၆၆) တပ်ရင်းမှ တပ်သား ၃ဦးနှင့် ဟားခါး မြို့မှ ရဲစခန်းမှ ရဲတပ်သား တစ်ဦးတို့သည် လက်နက်၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ ကျည်များနှင့်အတူ အလင်းဝင်လာခြင်းဖြစ်သည်ဟု CDF-ဇိုဖေ၏ ချင်းဘာသာဖြင့် ထုတ်ပြန်ချက်ကို The Chin Journlaက ဗမာဘာသာပြန်၍ ဖော်ပြသည်။

ဟားခါးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်
ဟားခါးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်

ခလရ(၂၆၆)တပ်ရင်းမှ တပ်သား ဇင်ကိုထက်၊ အောင်ဖြိုးမင်းနှင့် သက်နိုင်ထွန်းတို့သည် ယခုနှစ် စက်တင်ဘာလတွင် သေနက် ၂လက်၊ လက်ပစ်ဗုံး ၃ခု၊ ကျည်ဆံ ၇၀၀ကျော်ယူဆောင်ကာ အလင်းဝင်လာခြင်းဖြစ်သကဲ့သို့ ဟားခါးမြို့မရဲစခန်းမှ ရဲတပ်သား အောင်ထန်းသည် G3 သေနက်တစ်လက်၊ ကျည်ဆံ ၁၃၀ ကျော်၊ ကြည်ကာတစ်စုံ၊ အခြားရဲအသုံးအဆောင်ပစ္စည်းများနှင့်အတူ ယခုနှစ် နို၀င်ဘာလ ၁၅ရက်နေ့တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟု CDF ဇိုဖေက ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ခလရ (၂၆၆)မှ တပ်သား သုံးဦးကို ကျပ်သိန်း ၁၅၀ ဂုဏ်ပြု ပေးအပ်ခဲ့ပြီး ရဲတပ်သား အောင်ထန်းကို ကျပ်သိန်း ၈၀ ပေးအပ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်အလင်းဝင်လာသည့် စစ်သားနှင့် ရဲအားလုံးကိုလုံခြုံသည့်နေရာသို့ ကောင်းမွန်စွာပို့ဆောင်ခဲ့ကြောင်း CDF-Zophei ပြန်ကြားရေးစင်တာမှ ဖော်ပြသည်။

ယခု စစ်ကောင်စီတပ်သားနှင့် ရဲများ အလင်းဝင်လာမှု၊ CDF ဇိုဖေထံ အလင်းဝင်လာသည့် CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက် အခြေအနေတို့နှင့်ပတ်သက်၍ CDF ဇိုဖေ ပြန်ကြားရေးစင်တာသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူများကို မေးမြန်းပြီး ပြန်လည်ဖြေကြားမည်ဟု People’s Spring သို့ အကြောင်းပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ရက်ကလည်း ခလရ(၂၆၆) တပ်ရင်းမှ စစ်ကောင်စီတပ်သား သုံးဦးသည် သေနတ်တစ်လက်ကျည်များနှင့် အတူ ဟားခါး အခြေစိုက် CDF ဆဲန်ထန် တပ်ဖွဲ့ထံ ပူးပေါင်းလာခဲ့သည်။

ဟားခါး နှင့် ထန်တလန်တွင် စစ်ကောင်စီတပ်များကို ချင်းအမျိုးသားတပ်မတော်(CNA)ပါဝင်သည့် ချင်းပူးပေါင်းတပ်တို့က မကြာခဏတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။