Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်တွင် စစ်ကောင်စီ​ထုတ်ကုန် အရက်ပုလင်းများအား PDF သိမ်းဆည်းဖျက်ဆီး

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီထုတ်ကုန် အရက်ဘီယာများအပါအဝင် မည်သည့်ပစ္စည်းမျှ သယ်ယူပို့ဆောင်ရောင်းချခြင်း မပြုလုပ်ရန် ဒေသကာကွယ်ရေးအဖွဲ့များက တားမြစ်ထားသည်။

ဖျက်ဆီးထားသော အရက်ပုလင်းများအား‌ တွေ့ရစဥ်၊ဓာတ်ပုံ-MVRF
ဖျက်ဆီးထားသော အရက်ပုလင်းများအား‌ တွေ့ရစဥ်၊ဓာတ်ပုံ-MVRF

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီပိုင် ကုမ္ဗဏီများ၏ထုတ်ကုန်ဖြစ်သော ပြည်သူများအား အဆိပ်အတောက်ဖြစ်စေနိုင်သည့် အရက်ပုလင်းများအား ဒီဇင်ဘာ ၁၂ ရက်တွင် သိမ်းဆည်းရမိ၍ ဖျက်ဆီးလိုက်ကြောင်း ပခုက္ကူခရိုင်အမှတ် (၆)တပ်ရင်း-MVRFက အသိပေးသည်။

တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ပြည်သူများအဆိပ်အတောက်ဖြစ်စေမည့် မည်သည့်အရာကို မဆို၊ စစ်ကောင်စီပိုင် မည်သည့်ကုန်ပစ္စည်းများကိုမဆို လက်ခံမည်မဟုတ်ဘဲ တင်းကြပ်စွာ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း MVRFက သတိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ MVRF အဖွဲ့ထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီထုတ်ကုန် အရက်ဘီယာများအပါအဝင် မည်သည့်ပစ္စည်းမျှ သယ်ယူပို့ဆောင်ရောင်းချခြင်း မပြုလုပ်ရန် ဒေသကာကွယ်ရေးအဖွဲ့များက တားမြစ်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ