Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းနယ်ထဲ လှည့်လည်နေသော စစ်ကောင်စီတပ်စစ်ကြောင်းကို YRA ကင်းထောက်အဖွဲ့ကစနိုက်ဘာနှင့် ပစ်၍ တစ်ဦးသေ

“ကျွန်တော်တို့ ဒီနေ့တိုက်ခိုက်မှုက တိုက်ပွဲအကြီးကြီး ဖြစ်တာမျိုး မဟုတ်ဘူးဗျ။ စစ်ကြောင်းအလာကိုစောင့်ပြီး ကင်းထောက်ရဲဘော်က ရိုင်ဖယ်စနိုက်ဘာနဲ့ ပစ်ခဲ့တာ”ဟု YRA(ထီးလင်း)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

(​ယော​တော်လှန်​ရေးစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-YRA(ထီးလင်း) )
(​ယော​တော်လှန်​ရေးစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-YRA(ထီးလင်း) )

▪︎လက်နက်ကြီးခုနစ်လုံးဖြင့်ထုရာ(၁၀)ဦးခန့်ဒဏ်ရာရဟုဆို

ထီးလင်းမြို့နယ်အတွင်း လှည့်လည်၍ နေအိမ်များကို မီးရှို့၊ လုယက်သတ်ဖြတ်လျှက်ရှိသောစစ်ကောင်စီတပ်စစ်ကြောင်းကိုကင်းထောက်အဖွဲ့မှစနိုက်ဘာဖြင့်ပစ်ခတ်တိုက်ခဲ့ကြောင်းယောတော်လှန်ရေးတပ်(YRA) ကပြောသည်။

ထီးလင်းမြို့အထိုင်တပ်နှင့် ရွှေအောင်သာအထိုင်တပ် ရောထွေးစစ်ကြောင်းသည် ယနေ့(ဒီဇင်ဘာ ၁၄)နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်က ညောင်ဟောင်းကျေးရွာအနီးရောက်လာစဥ် YRA(ထီးလင်း)၏ တပ်ရင်း (၃)၊တပ်ခွဲ (၁) ကင်းထောက်ရဲဘော်တစ်ဦးမှ အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒီနေ့တိုက်ခိုက်မှုက တိုက်ပွဲအကြီးကြီး ဖြစ်တာမျိုး မဟုတ်ဘူးဗျ။ စစ်ကြောင်းအလာကိုစောင့်ပြီး ကင်းထောက်ရဲဘော်က ရိုင်ဖယ်စနိုက်ဘာနဲ့ ပစ်ခဲ့တာ”ဟု YRA(ထီးလင်း)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကင်းထောက်ရဲဘော်၏ စနိုက်ဘာဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးသွားပြီး ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ ပြန်လည်မပစ်ခတ်မီ YRA တပ်ဖွဲ့က လက်နက်ကြီးခုနစ်လုံးဖြင့် ထပ်မံပစ်ခတ်တိုက်ခဲ့ကြောင်း အထက်ပါရဲဘော်က ရှင်းပြသည်။စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရမှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ (၁၀) ဦးခန့် ထိခိုက်ဒဏ်ရာရသွားပြီး ထမ်းစင်နှစ်ခု ကျောပိုးနှစ်ခုဖြင့် သယ်၍ အောင်းရွာဘက်သို့ တပ်ပြန်ဆုတ်သွားရာ ထိခိုက်သူများတွင် အရာရှိပါနိုင်ကြောင်း YRA က ခန့်မှန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook