Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးလင်းနယ်ထဲ လှည့်လည်နေသော စစ်ကောင်စီတပ်စစ်ကြောင်းကို YRA ကင်းထောက်အဖွဲ့ကစနိုက်ဘာနှင့် ပစ်၍ တစ်ဦးသေ

“ကျွန်တော်တို့ ဒီနေ့တိုက်ခိုက်မှုက တိုက်ပွဲအကြီးကြီး ဖြစ်တာမျိုး မဟုတ်ဘူးဗျ။ စစ်ကြောင်းအလာကိုစောင့်ပြီး ကင်းထောက်ရဲဘော်က ရိုင်ဖယ်စနိုက်ဘာနဲ့ ပစ်ခဲ့တာ”ဟု YRA(ထီးလင်း)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

(​ယော​တော်လှန်​ရေးစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-YRA(ထီးလင်း) )
(​ယော​တော်လှန်​ရေးစစ်​ကြောင်းမှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-YRA(ထီးလင်း) )

▪︎လက်နက်ကြီးခုနစ်လုံးဖြင့်ထုရာ(၁၀)ဦးခန့်ဒဏ်ရာရဟုဆို

ထီးလင်းမြို့နယ်အတွင်း လှည့်လည်၍ နေအိမ်များကို မီးရှို့၊ လုယက်သတ်ဖြတ်လျှက်ရှိသောစစ်ကောင်စီတပ်စစ်ကြောင်းကိုကင်းထောက်အဖွဲ့မှစနိုက်ဘာဖြင့်ပစ်ခတ်တိုက်ခဲ့ကြောင်းယောတော်လှန်ရေးတပ်(YRA) ကပြောသည်။

ထီးလင်းမြို့အထိုင်တပ်နှင့် ရွှေအောင်သာအထိုင်တပ် ရောထွေးစစ်ကြောင်းသည် ယနေ့(ဒီဇင်ဘာ ၁၄)နေ့လယ် ၂ နာရီ ၁၀ မိနစ်ခန့်က ညောင်ဟောင်းကျေးရွာအနီးရောက်လာစဥ် YRA(ထီးလင်း)၏ တပ်ရင်း (၃)၊တပ်ခွဲ (၁) ကင်းထောက်ရဲဘော်တစ်ဦးမှ အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒီနေ့တိုက်ခိုက်မှုက တိုက်ပွဲအကြီးကြီး ဖြစ်တာမျိုး မဟုတ်ဘူးဗျ။ စစ်ကြောင်းအလာကိုစောင့်ပြီး ကင်းထောက်ရဲဘော်က ရိုင်ဖယ်စနိုက်ဘာနဲ့ ပစ်ခဲ့တာ”ဟု YRA(ထီးလင်း)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကင်းထောက်ရဲဘော်၏ စနိုက်ဘာဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးသွားပြီး ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ ပြန်လည်မပစ်ခတ်မီ YRA တပ်ဖွဲ့က လက်နက်ကြီးခုနစ်လုံးဖြင့် ထပ်မံပစ်ခတ်တိုက်ခဲ့ကြောင်း အထက်ပါရဲဘော်က ရှင်းပြသည်။စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရမှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

Public Service Announcement

လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ (၁၀) ဦးခန့် ထိခိုက်ဒဏ်ရာရသွားပြီး ထမ်းစင်နှစ်ခု ကျောပိုးနှစ်ခုဖြင့် သယ်၍ အောင်းရွာဘက်သို့ တပ်ပြန်ဆုတ်သွားရာ ထိခိုက်သူများတွင် အရာရှိပါနိုင်ကြောင်း YRA က ခန့်မှန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။