သတင်း စစ်တွေမှာ စစ်တပ်ပစ်ခတ်လို့ ငါးဖမ်းသမား ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayoo3 ရက် ago
သတင်း ချောက်မြို့နယ်ရှိ နရွဲတောရွာကိုစစ်တပ်ကဒုတိယအကြိမ်မီးရှို့ မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။ ludunwayoo3 ရက် ago
သတင်း ဖရူဆိုမှာ စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦး သေဆုံး ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ludunwayoo3 ရက် ago
သတင်း ရေကြည်နဲ့ သာပေါင်းမြို့နယ်တိုက်ပွဲ စစ်တပ်အထိနာပြီးတပ်ဆုတ်သွား၊စစ်သားအလောင်းနဲ့လက်နက်ခဲယမ်းများရဟု AA ထုတ်ပြန် ရက္ခိုင်-ဧရာဝတီအစပ် တိုက်ပွဲနေ့စဥ်ဖြစ် ludunwayoo3 ရက် ago
သတင်း မလှိုင်မြို့နယ်တောင်ပိုင်း စစ်တပ် ဗုံးကြဲပြီး မိထ္ထီလာ- ကျောက်ပန်းတောင်းလမ်းပိုင်း အင်အားတိုး မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ- ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayoo4 ရက် ago
သတင်း ရွှေကူမြို့နယ်က စစ်တပ်ရဲ့ခြေကုပ်စခန်း ၁ခု KIA သိမ်းပိုက်၊ လက်နက်ခဲယမ်းတွေရ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ludunwayoo4 ရက် ago
သတင်း ရှေးဟောင်းမြို့တော်မြောက်ဦးအနီးကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲ အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီနေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayoo4 ရက် ago
သတင်း မြ၀တီမြို့အနီးတိုက်ပွဲတွေမှာ အထိနာတဲ့ စစ်တပ်ကတပ်သား အလင်းဝင်လာမှုများပြားနေဟု ကျားသစ်နက်စစ်ကြောင်း ထုတ်ပြန် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayoo4 ရက် ago
သတင်း စစ်တပ်တိုက်လေယာဥ်ပျက်ကျသတင်း အောင်စိတ်အစစ်ဟု ဦးမင်းကိုနိုင်ပြော နွေဦးတော်လှန်ရေးအတွက် စစ်ရေးမှာ အရေးကြီးဆုံးကာလကိုရောက်နေပြီဖြစ်ပြီး စစ်တပ်တိုက်လေယာဥ်ပျက်ကျသတင်းမှာအောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်ကပြောကြားပါတယ် ။ ludunwayoo5 ရက် ago
သတင်း စစ်တပ်တိုက်လေယာဥ် ဗုံသွားကြဲရင်းမှော်ဘီမှာပျက်ကျတာဖြစ်ပြီး ၁ ဦးသေဟုစစ်ရေးသတင်းရင်းမြစ်အချို့ပြော မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ လေ့ကျင့်ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီးလေယာဥ်ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦးသေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့ကပြောပါတယ်။ ludunwayoo5 ရက် ago