Connect with us

Hi, what are you looking for?

All posts tagged "စစ်သုံ့ပန်း"

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) အနီးရှိ ခလရ(၂၃၆)တပ်ရင်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်သည့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဖမ်းမိခဲ့သည့် စစ်သုံ့ပန်း ၇၀ကျော်ရှိရာ ဒဏ်ရာရရှိထားသည့် စစ်ကောင်စီအရာရှိအချို့လည်း ပါဝင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

သတင်း

ရခိုင်ပြည်နယ်မှ မြို့သိမ်းတိုက်ပွဲများတွင် ဖမ်းမိထားသည့်စစ်သုံ့ပန်းများအား အာရက္ခတပ်တော် (AA)က ဆက်တိုက်ပြန်လွှတ်ပေးနေပြီး ယခုရက်ပိုင်းတွင် ဒုတိယ ရဲမှူးကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်းနှင့်မိသားစုဝင် ၂၀၀ခန့်ကို ထပ်မံလွှတ်ပေးလိုက်ကြောင်း သတင်းရင်းမြစ်အချို့က​ပြောသည်။

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်တိုက်ပွဲ၌ စစ်အုပ်စုဘက်မှ လေးဦးအရှင်ဖမ်းမိပြီး သေနတ်နှင့်ကျည်များသိမ်းဆည်းရမိကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF တာဝန်ရှိသူ ကိုအင်းသွေနီ က လူထုနွေဦးသို့ပြောသည်။

သတင်း

ရခိုင်ပြည်နယ်မြို့သိမ်းတိုက်ပွဲများအတွင်း ဖမ်းမိထားသည့် စစ်သုံ့ပန်းများအနက် သုံ့ပန်းနှင့် မိသားစုဝင် ၁၀၀ကျော်ကို အာရက္ခတပ်တော်(AA)က ပြန်လွတ်ပေးလိုက်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေရှိ ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီဗျူဟာစခန်းမှ ထွက်ပြေးသွားသည့် တပ်ဖွဲ့ဝင် ၁၉ဦးကို ဖမ်းဆီးရရှိထားကြောင်း မဲပလီစခန်းသိမ်းတိုက်ပွဲ၌ ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ် တစ်ဦးကအတည်ပြုသည်။

သတင်း

ချင်းညီနောင်၏ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းများ၏ စကားသံများကို ချင်းညီနောင်က ထုတ်ပြန်ခဲ့ရာ စစ်မှုထမ်းစစ်သားများ လက်နက်ချရန်အခွင့်ရပါက တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ကြရန် ဖမ်းမိစစ်သုံ့ပန်များက တိုက်တွန်းပြောဆိုသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲပလီဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် (၄၂)လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၅ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်းခမ်းဒေသ၌ တိုက်ပွဲပြင်းထန်နေပြီး ယနေ့ (ဖေဖော်ဝါရီ ၄ရက်)တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးကို ဖမ်းမိထားသည်ဟု တအာင်းတပ်မတော် (TNLA)နှင့်အတူ လက်တွဲတိုက်ပွဲဝင်နေသည့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)က အတည်ပြုသည်။

သတင်း

ပြန်ခေါ်မည်ဟု စစ်ကောင်စီကတိပေးသော်လည်း လေယာဉ်အဆုံးအရှုံးမခံနိုင်ဟုဆိုကာ ကယ်ထုတ်ခြင်း၊ ရိက္ခာချပေးခြင်းမရှိဟု စစ်သုံ့ပန်း ပြော

Facebook