Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဂူ‌တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်ဖြစ်၊ စစ်သုံ့ပန်း ၃ဦးဖမ်းမိဟု DPLAပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြိုနယ် ၊ ကျောက်ဂူ‌ကျေးရွာအနီးတွင် ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်သုံ့ပန်းအဖြစ် သုံးဦးဖမ်းဆီးမိကြောင်း အဆိုပါတပ်က သတင်းထုတ်ပြန်သည်။

DPLA

ဧပြီ ၂၃၊၂၀၂၅။ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြိုနယ် ၊ ကျောက်ဂူ‌ကျေးရွာအနီးတွင် ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်သုံ့ပန်းအဖြစ် သုံးဦးဖမ်းဆီးမိကြောင်း အဆိုပါတပ်က သတင်းထုတ်ပြန်သည်။

ဧပြီ ၂၁ရက် နေ့လည်က ကျောက်ဂူရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း အသိပေးသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ဧပြီ ၂၁ရက် တိုက်ပွဲမဖြစ်ခင်ကတည်းက ကျောက်ဂူကျေးရွာအနီးသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းများ မကြာခဏ ပြုလုပ်ခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

နယ်မြေခြင်းစပ်ဆက်နေသည့် ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာတွင်လည်း တအာင်းတပ်မတော်(TNLA) နှင့်DPLAတပ်များရှိရာသို့ စစ်ကောင်စီတပ်က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် တောင်းခမ်းကျေးရွာအနီးတွင် ဧပြီ ၂၁ရက်တိုက်ပွဲအတွင်း အဆိပ်ဓာတ်ငွေ့ဗုံးအသုံးပြု လေကြောင်းတိုက်ခိုက်ခဲ့၍ ရဲဘော်များအဆိပ်ဗုံးသင့် ဝေဒနာများ ခံစားခဲ့ရဟု TNLAနှင့် DPLA တို့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အပစ်ရပ်စဲကြောင်း ကြေညာထားသော်လည်း နိုင်ငံတကာက တားမြစ်ထားသည့် တိုက်ခိုက်မှုမျိုး အကြိမ်ကြိမ်ကျူးလွန်နေကြောင်း၊ အဆိပ်ဓာတ်ငွေ့ဆုံး အသုံးပြုတိုက်ခိုက်ခြင်းကို တောင်းခမ်းတိုက်ပွဲသာမက အခြားတော်လှန်ရေးတပ်များရှိရာ နေရာများတွင်လည်း မကြာခဏ လေကြောင်းမှပြုလုပ်ခဲ့ဟု ဖော်ပြသည်။

DPLAနှင့် စစ်ကောင်စီတပ်အကြား ယခု ၂၀၂၅အတွင်း တိုက်ပွဲဖြစ်ပွားခဲ့မှုကို ဖော်ပြရာ ဇန်နဝါရီလမှ ဧပြီလအတွင်းတိုက်ပွဲဖြစ်ပွားမှု ၆၇ကြိမ်ရှိဟု အသိပေးသည်။ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံး အခြေအနေအသေးစိတ်ကို ဖော်ပြမထား၍ DPLA ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်ထံ ဆက်သွယ်ကာ လက်ရှိ စစ်ရေး အခြေအနေနှင့် ယခင်တိုက်ပွဲ အခြေအနေများကို မေးမြန်းထားသည်။

DPLA၏ ထုတ်ပြန်ချက်များအရ ၂၀၂၄ နှစ်ကုန်ပိုင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်သေဆုံးထိခိုက်များပြားပြီး လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းပိုက်ရရှိထားကြောင်း ဓာတ်ပုံမှတ်တမ်းများ၌ တွေ့ရသည်။

စစ်ကောင်စီသည် ငလျင်ဘေးဒဏ်ကြောင့် ဒုက္ခကြုံနေရချိန်၌ပင် လေကြောင်း တိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်းDPLAက ထုတ်ပြန်ထားသည်။

တအာင်းတပ်မတော်(TNLA)နှင့်အတူ တိုက်ပွဲဝင်နေသည့် DPLAသည် စစ်ကောင်စီတပ်ကို ရပ်စောက်မြို့နယ်၊ နောင်ချိုမြို့နယ်တို့တွင် တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖြစ်သည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း DPLAက ထုတ်ပြန်ခဲ့ပြီး ယခုနှစ်အတွင်း နှစ်ဖက်တိုက်ပွဲ အကြိမ် ၆၀ကျော်ဖြစ်ခဲ့ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။