Connect with us

Hi, what are you looking for?

သတင်း

အင်းတော်သို့စစ်ကူလာစဉ် စစ်ကြောင်းပျက်သည်ထိတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ စစ်သားလေးဦး KIA ပူးပေါင်းတပ် ထပ်မံဖမ်းမိ

ဖမ်းမိ စစ်သုံ့ပန်း ၃၀ကျော်ရှိလာပြီး လက်နက် များလည်းရထား

အင်း​တော်သို့စစ်ကူသွား​သောစစ်​ကြောင်း ​တော်လှန်​​ရေးတပ်များဝိုင်းတိုက်၍ ​သေဆုံး ၊ဒဏ်ရာရသူ ၊ စစ်သုံ့ပန်းများစွာဖြင့် တပ်ပျက်သွားပြီး​နောက် သိမ်းဆည်းရရှိ​သော​သေနတ်များ။ ဓါတ်ပုံ-ကချင်​တောင်တန်း

ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း ကသာမှ အင်းတော်မြို့နယ်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးထိခိုက်များခဲ့ပြီး ဖမ်းမိ စစ်သုံ့ပန်းမှာလည်း ၃၀ဦးကျော်အထိရှိလာကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

KIA/PDF ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် အင်းတော်မြို့နယ်ကို ကသာမြို့ဘက်မှ စစ်ကောင်စီတပ် အင်အား ၁၅၀ခန့်က စစ်ကူ သွားရောက်ရာ မတ်လ ၁၅ရက်တွင် KIA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများခဲ့ပြီး ကနဦးတွင် စစ်သုံ့ပန်း ၂၉ဦး ဖမ်းမိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့နောက် စစ်ကြောင်းပျက်ပြီး ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များကို ယနေ့ မတ်လ ၁၇ရက်တွင် ထပ်မံဖမ်းမိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

” တပ်မ ၇၇ တွေ။ ဖမ်းမိတာ ၃၀ကျော်သွားပြီ။ ဒီမနက် ၄ယောက် ထပ်မံဖမ်းမိတယ်”ဟု ကချင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စစ်ကူတပ်အား ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ ၄၀ခန့်သေဆုံးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ယနေ့မနက်တွင် ပြောပြထားသော်လည်း သီးခြား အတည်ပြုချက်မရသေးပေ။

ယင်းစစ်ကောင်စီတပ်သည် စစ်ကြောင်းဖွဲ့စည်းပုံပျက်ကာ ကသာမြို့နယ်ဘက်သို့ ပြန်ဆုတ်ခွာသွားကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့မှု နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးနေသည့် မှတ်တမ်းကိုလည်း သတင်းရင်းမြစ်က ပြသသည်။

လက်ရှိတွင် အင်းတော်ဒေသ နေရာအများစုကို ပူးပေါင်းတပ်က ထိန်းချုပ်ထားပြီး ထိတွေ့မှုများလည်း နေ့စဉ်ရှိနေကြောင်း သတင်းရင်းမြစ်က ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ် အလောင်း ၄၀ကျော်ရှိပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်

Facebook