Connect with us

Hi, what are you looking for?

သတင်း

စလင်း-စေတုတ္တရာလမ်းပိုင်း (၁၈)မိုင်စခန်းကုန်း သိမ်းတိုက်ပွဲစစ်သုံ့ပန်း ၄ ဦးနှင့်လက်နက် ၅လက်ရ

မကွေးတိုင်း၊စလင်း-စေတုတ္တရာလမ်းပိုင်းရှိစစ်ကောင်စီ၏စခန်းကုန်းကိုသိမ်းတိုက်ပွဲတွင်စစ်သုံ့ပန်း ၄ ဦးနှင့် လက်နက်ငါးလက်ရရှိကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့်ပခုက္ကူခရိုင် အမှတ် (၇) နှင့်တပ်ရင်း(၆)တို့ က ယနေ့(ဧပြီ ၁၄)အသိပေးထုတ်ပြန်သည်။

၁၈မိုင်စခန်းကုန်းတိုက်ပွဲအတွင်းသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ပခုက္ကူခရိုင်အမှတ် ၆ ၊ ၇ တပ်ရင်း

ဧပြီ ၁၄၊ ၂၀၂၅။​ရဲခေါင်၊​ကျော်စွာ/People’s Spring

မကွေးတိုင်း၊စလင်း-စေတုတ္တရာလမ်းပိုင်းရှိစစ်ကောင်စီ၏စခန်းကုန်းကိုသိမ်းတိုက်ပွဲတွင်စစ်သုံ့ပန်း ၄ ဦးနှင့် လက်နက်ငါးလက်ရရှိကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့်ပခုက္ကူခရိုင် အမှတ် (၇) နှင့်တပ်ရင်း(၆)တို့ က ယနေ့(ဧပြီ ၁၄)အသိပေးထုတ်ပြန်သည်။

စေတုတ္တရာ နှင့် စလင်းမြို့နယ် ဆက်သွယ်ထားသော လမ်းပိုင်း၏ မိုင်တိုင် (၁၈)တွင်ရှိသော (၁၈)မိုင်စခန်းကုန်းကို PDF များက ဧပြီ ၁၂ရက်က ထိုးစစ်ဆင်ပြီး မိနစ် ၂၀အတွင်း သိမ်းပိုက်နိုင်ခဲ့သည်။

“ကပစ တွေအတွက် ထိုးနှပ်မှုတစ်ခုဖြစ်တဲ့အထိ အရေးပါပါတယ်။လက်နပ်က ငါးလက် နဲ့ အခြား ဆက်စပ်ပစ္စည်းတွေ ရရှိခဲ့ပါတယ်။သုံ့ပန်းက လေးဦး”ဟု တိုက်ခိုက်မှုတွင်ပါဝင်သော ပခုက္ကူခရိုင် တပ်ရင်း(၁၅)ကျားသစ်နက်တပ်မတော်၏ တာဝန်ရှိသူက (၁၈)မိုင်စခန်းကုန်းသိမ်းပိုက်မှုအပေါ် ​ပြောသည်။

Public Service Announcement

Public Service Announcement

စခန်းကုန်းသိမ်းပြီးနောက် ရိုက်ကူးထားသည့် ရုပ်သံဖိုင်မှတ်တမ်းတွင် “အေးဆေးပါ။မိနစ်၂၀ပဲ ကြာလိုက်တယ်။အကုန်မီးရှို့ မြန်မြန်လေးမီးရှို့ မီးခြစ်ပါတဲ့ကောင်တွေ အကုန်ရှို့၊ သုံ့ပန်းတွေ မြန်မြန်ခေါ်”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်ကို တွေ့ရသည်။

စခန်းသိမ်းတိုက်ပွဲကို ပခုက္ကူခရိုင်အမှတ် (၂) တပ်ရင်းမှ စစ်ကြောင်းမှူး ဦးဆောင်၍၊ ပခုက္ကူခရိုင် အမှတ် (၆)၊ (၇)၊ (၁၄)၊ (၁၅)၊(၁၇) တပ်ရင်းများ၊ မြိုင်ပကဖ နှင့် မင်းဘူးခရိုင်အ မှတ် (၁)တပ်ရင်းတို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

အဆိုပါစခန်းကုန်းမှ စစ်ကောင်စီတပ်သားလေးဦးကို ဖမ်းမိရမိခဲ့ပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း၊ ၎င်းတို့ထံမှလက် နက်ငယ် ၅ လက်ရရှိခဲ့သည်။ MA1 နှစ်လက်၊ MA3 နှစ်လက်၊ M79 တစ်လက်နှင့် ခဲယမ်းအ ချို့ သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးသည်။

“အသေးစိတ်တော့ မထုတ်ပြန်နိုင်သေးဘူး။စကစ ဘက်က မိတာတွေရော။ သေတာတွေရော ရှိပါတယ်”ဟုပခုက္ကူခရိုင်တပ်ရင်း (၁၅) တာဝန်ရှိသူကလည်း (၁၈)မိုင်စခန်းကုန်းသိမ်းနိုင်မှုကို ပြောသည်။

ဧပြီ ၂၀ ရက်နောက်ပိုင်းကစ၍ စေတုတ္တရာ၊ပွင့်ဖြူ နှင့် စလင်းမြို့နယ်တို့ကို လေကြောင်းစစ်ဆင်ရေး ပြုလုပ်မည်ဟု စစ်ကောင်စီက ဝါဒဖြန့်ထားသည်။

လက်ရှိတွင် စလင်းမြို့နယ်ကို စစ်ကောင်စီက အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ထံက စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေသိမ်းရရှိတယ်လို့ ယောတပ်တော်(YA)က ဒီကနေ့ မေလ ၃၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေရဲ့ စစ်သုံ့ပန်းတွေထားတဲ့ အချုပ်ခန်းနေရာကို စစ်တပ်က မေလ ၂၀ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သုံ့ပန်း ၅ဦး သေဆုံးသွားခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာတချို့မှာ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေအိမ်တွေကို စလင်း ပအဖနဲ့ ပကဖက သွားရောက်ကူညီထောက်ပံ့ခဲ့ကြပါတယ်။