Connect with us

Hi, what are you looking for?

သတင်း

MNDAAက စစ်သုံ့ပန်းများကိုပါခေါ်၍ လားရှိုးမြို့မှဆုတ်ခွာ​နေဟု​ဒေသခံများ​ပြော

MNDAA တပ်ဖွဲ့ဝင်များက လားရှိုးမြို့၊ အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)မှစစ်သုံ့ပန်းများကိုပါ ​ခေါ်၍ လားရှိုးမြို့မှ ဆုတ်ခွာနေကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

လားရှိုးမြို့ကို MNDAA နှင့် မဟာမိတ်များပူး​ပေါင်း၍သိမ်းယူပြီး​နောက်၂၀၂၄ သြဂုတ်လတွင် လုံခြုံ​ရေး​ဆောင်ရွက်​နေစဥ်။ ဓါတ်ပုံ-The Kokang

ဧပြီ-၁၆၊၂၀၂၅။ခွာညို/People’s Spring

MNDAA တပ်ဖွဲ့ဝင်များက လားရှိုးမြို့၊ အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)မှစစ်သုံ့ပန်းများကိုပါ ​ခေါ်၍ လားရှိုးမြို့မှ ဆုတ်ခွာနေကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

“ကားတွေနဲ့ ထွက်နေတာ။ထူးခြားတာက စစ်သုံ့ပန်းတွေကိုပါခေါ်သွားတာ။ဒါကို စကစက မကျေနပ်ဘူးလို့ကြားတယ်။ဘာဆက်ဖြစ်မလဲ မ‌သိသေးဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

MNDAAတပ်ဖွဲ့ဝင်များသည်ပြီးခဲ့သည့်မတ်လမှစ၍လားရှိုးမြို့မှ ဆုတ်ခွာနေခြင်းဖြစ်ပြီး ယခုရက်ပိုင်းတွင် အပြီးသတ်ထွက်ခွာသွားသည့်အနေအထားတွေ့မြင်ရကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“MNDAAရဲဲ့ လားရှိုးသတင်းထုတ်ပြန်ရေးအဖွဲ့တောင် ​လောက်ကိုင်ကိုရောက်သွားပြီ”ဟုလားရှိုးမြို့ခံတစ်ဦးကပြောသည်။

MNDAAက စစ်သုံ့ပန်းများကိုခေါ်ဆောင်သွား၍ စစ်ကောင်စီကလက်တုန့်ပြန်နိုင်ကြောင်း ရှမ်းမြောက်သတင်းရင်းမြစ်အချို့က ပြောသည်။

လားရှိုးမြို့ရှိ ရမခသိမ်းတိုက်ပွဲ၌ တိုင်းမှူးဗိုလ်ချုပ်စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့အပြင် စစ်သုံ့ပန်းအများအပြားကို MNDAAကဖမ်းဆီးခဲ့သည်။စစ်သုံပန်းအချို့ကို အသုတ်လိုက်ပြန်လွှတ်ပေးခဲ့သော်လည် တိုင်းစစ်ဌာနချုပ်အဆင့် အရာရှိများကို ပြန်လွှတ်မပေးခဲ့ပေ။

MNDAA ကိုစစ်​ကောင်စီနှင့် ​ဆွေး​နွေးရန်နှင့် လားရှိုးမြို့မှဆုတ်ခွာ​ပေးရန်တရုတ်နိုင်ငံက ဖိအား​ပေးခဲ့ခြင်းဖြစ်သည်။MNDAA က မြို့​ပေါ်ရပ်ကွက်များကဆုတ်​ပေး​သော်လည်း ပတ်ပတ်လည်ရှိ​ကျေးရွာများတွင် ဆက်လက်တပ်စွဲထားမည်ဟုသိရသည်။

“ဘာမှ ပြောလို့မရတဲ့အခြေအနေမှာလုံခြုံရေးကိုလည်းသတိပြုနေကြရမှာဖြစ်တယ်”ဟုမြို့ခံတစ်ဦးက​ပြောသည်။

ထူးခြားဖြစ်စဉ်အနေဖြင့် MNDAAတပ်ဖွဲ့ဝင်များယနေ့ဆုတ်ခွာနေစဉ် လားရှိုး၊ မူဆယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်အချို့တွင် စစ်ကောင်စီရဟတ်ယာဉ်ပျံသန်းမှုများရှိခဲ့သည်။

လက်ရှိအခြေအနေများနှင့်ပတ်သက်၍စစ်ကောင်စီကရော MNDAAကပါ တရားဝင် သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

MNDAAသည် ပြီးခဲ့သည့်ရက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းတိုက်ပွဲများကြောင့် ပျက်စီးခဲ့သည့် လားရှိုးမြို့မှ နေအိမ်များအား ငွေသားထောက်ပံ့ခြင်း၊ တိုက်ပွဲအတွင်းကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင်များအား သူရဲကောင်းဘွဲ့နှင့်ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခြင်းများပြုလုပ်ခဲ့သည်။ ထို့အပြင် ဧပြီလ ၁၀ရက်ကလည်း လားရှိူးမြို့တွင်ရာဇဝတ်မှုစီရင်ခြင်းအခမ်းအနားကို MNDAA က ပြုလုပ်ခဲ့သည်။ထိုအခမ်းအနားတွက် ရာဇဝတ်မှုကျူးလွန်သူအချို့ကို ​သေဒဏ်​ပေး၍ ​ပြည်သူများကြား​ဝေဖန်မှုအချို့ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။