Connect with us

Hi, what are you looking for?

သတင်း

ကသာ-အင်းတော်ကြားတိုက်ပွဲ ဖမ်းမိစစ်သားများ၌ ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များပါဝင်

စစ်သုံ့ပန်းများအား ကောင်းမွန်စွာ ထားရှိမည်ဟု ပူးပေါင်းတပ်ဖွဲ့ ​ပြော

ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပကဖ၊ PDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်​ကြောင်းပျက်သွားပြီး စစ်သုံ့ပန်းများစွာ ဖမ်းမိခဲ့ရာ အဓမ္မစုဆောင်းထားသည့် တပ်သားသစ်များ ပါဝင်ကြောင်း စစ်သုံ့ပန်းအချို့က ပြောသည်။

မတ်လ ၁၅ရက်တွင် ကသာမှ အင်းတော်သို့ စစ်ကူသွားသည့် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား ၄၀ ခန့်​သေဆုံးပြီး ကနဦးတွင် စစ်သုံ့ပန်း ၂၉ဦး ဖမ်းမိခဲ့ပြီး မတ်လ ၁၇ရက်တွင် စစ်သုံ့ပန်း ၄ဦး ထပ်မံ ဖမ်းမိခဲ့​ကြောင်း ကချင်စစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

https://www.facebook.com/LuduNwayOo/videos/611959591838695

Public Service Announcement

Public Service Announcement

စစ်သုံ့ပန်းများတွင် တပ်မ ၇၇ လက်​အောက်ခံတပ်ရင်းများမှ စစ်သားများပါဝင်သည်ကိုလည်း​တွေ့ရသည်။

“တပ်မ ၇၇ တွေ။ ဖမ်းမိတာ ၃၀ ကျော်သွားပြီ။ ဒီမနက် ၄ယောက် ထပ်မံ ဖမ်းမိတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

စစ်သုံ့ပန်းများ ဖမ်းဆီးရရှိမှု ရုပ်သံကို ကချင်​တောင်တန်း လူမှုကွန်ရက်၌ ဖော်ပြခဲ့ရာ စစ်သုံ့ပမ်း ၂၀ ဦးခန့်ကို လမ်းဘေးတနေရာ၌ ဖမ်းမိထားပြီး ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

“မင်းတို့ ပသစတွေလား” ပူးပေါင်းတပ် တာဝန်ရှိသူတစ်ဦးက မေးမြန်းရာ စစ်သုံ့န်းက ဟုတ်မှန်ကြောင်း ဖြေကြားသည်။ ထို့ပြင် ပေါ်တာဆွဲခံရ၍ စစ်တပ်ထဲရောက်လာခြင်းဖြစ်ဟုစစ်သားအချို့က ပြောကြားသည်ကို ကြားရသည်။

ဖမ်းမိစစ်သုံ့ပန်းများအား အဆင်ပြေအောင် ဆက်ဆံမည်ဟု ပူးပေါင်းတပ်ဖွဲ့ အရာရှိက ပြောကြားခဲ့ပြီး၊ ဘာမမဖြစ်စေရဟု​ပြောကာ အစားအစာနှင့်ရေ ပေးမည်ဟု အသိပေးသည်ကိုလည်း ကြားရသည်။

စစ်ကောင်စီတပ်သည် နိုင်ငံတဝန်း လူငယ်လူရွယ်များကို ပုံစံမျိုးစုံဖြင့်အဓမ္မ စစ်သားသစ်စုဆောင်းနေပြီး စစ်သင်တန်းပေးကာ အချိန်တိုအတွင်းရှေ့တန်းစစ်မြေပြင်များသို့ စေလွှတ်လျက်ရှိသည်။ တိုက်ပွဲအတွေ့အကြုံ မရှိသည့် စစ်မှုထမ်း တပ်သားသစ်များကို စစ်မြေပြင်၌ အသုံးပြုနေခြင်းကြောင့် သေဆုံးထိခိုက်မှုများ ပြားလျက်ရှိသကဲ့သို့ တဖက်တွင်လည်း ထွက်ပြေးခြင်း၊ တော်လှန်ရေးတပ်များထံလက်နက်ချ အလင်းဝင်ခြင်းများလည်း ဆက်တိုက်ရှိနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီ၏ အတင်းအဓမ္မစစ်သားစုဆောင်းခံရသည့်တပ်သားသစ်များအနေဖြင့် ရသည့်နည်းဖြင့် တော်လှန်ရေးတပ်ဖွဲ့များကို ဆက်သွယ်၍ အလင်းဝင် ပူးပေါင်းရန် တိုက်တွန်းနှိုးဆော်ထားသည်။

အင်းတော်မြို့တွင် ​တော်လှန်​ရေးတပ်များက ၂၀၂၄ မှစ၍ မြို့သိမ်းတိုက် ပွဲဆင်နွဲနေရာ ​နေရာအများစုကိုထိန်းချုပ်ထား​သော်လည်း အပြီးသတ်မသိမ်းနိုင်​သေးဘဲ ထ်ိတွေ့တိုက်ပွဲ နေ့စဉ်ရှိနေကြောင်း သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။