Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ်တိုက်ပွဲစစ်သား၂၅‌ဦး‌သေဆုံး၊ ဗိုလ်မှူးနဲ့ဗိုလ်ကြီးအပါအဝင်စစ်သုံ့ပန်း ၁၄‌ ဦးဖမ်းမိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကျတွင်းဘိုးရွာအနီးမှာ မတ်လ ၉ရက်‌က စစ်ကောင်စီတပ်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား၂၅‌ ဦး‌သေဆုံးကာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါ အဝင် စစ်သား၁၄‌ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားပါတ‌‌ယ်။

မေ၊ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကျတွင်းဘိုးရွာအနီးမှာ မတ်လ ၉ ရက်‌က စစ်ကောင်စီတပ်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား၂၅‌ ဦး‌သေဆုံးကာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါ အဝင် စစ်သား ၁၄‌ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားပါတ‌‌ယ်။

နွားထိုးကြီးမြို့နယ် ဝက်လူးရဲစခန်းကထွက်လာတဲ့ အင်အား၂၀၀ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်း ဟာ နွားထိုးကြီးမြို့ရဲ့အ‌ရှေ့မြောက်ဘက်က ကျေးရွာတွေကို လှည့်ပတ်စစ် ကြောင်းထိုးနေခဲ့တာလို့ သိရပါတယ်။

အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းကို ကျတွင်းဘိုးရွာအနီးမှာ နွားထိုးကြီးမြို့နယ်က တော်လှန်ရေးတပ် တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“အဲဒီစစ်ကြောင်းက ကြာပြီ။ရွာတွေကို လှည့်ပတ်စစ်ကြောင်းထိုး နေတာ။ပွဲက ၉နာရီလာက်စဖြစ်တယ်။စကစက တော်တော်အထိနာပြီး လေကြောင်း သုံးခါလာတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ချိန် တစ်နာရီကျော်အထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က စစ်သား၂၅ဦးသေဆုံးကာ ဗိုလ်မှူးဝင်းလှိုင်ဦးနဲ့ ဗိုလ်ကြီးအောင်ကိုကို အပါအဝင် စစ်သုံ့ပန်း ၁၄ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒသက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ထံကနေ MA-1 (၁၉) လက်၊ MA-2 (၂) လက်၊ MA-3 (၇) လက်၊ MA-5 (၂) လက်၊ MA-11 (၇) လက်၊ MA-12 (၁) လက်၊ G-3 (၂) လက်၊ G-4 (၁) လက်၊ ၆၀ မမ ပြောင်းတို (၂) လက်၊ ၈၁ မမ စိန်ပြောင်း (၁) လက် စုစုပေါင်း လက်နက် (၄၄) လက် ရခဲ့တယ်လို့လည်း ထပ်မံ အသိပေးထားပါတယ်။

ဒါ့အပြင် လက်နက်ကြီးကျည်တွေနဲ့ စစ်သုံးပစ္စည်းတွေ သိမ်းရတယ်လို့လည်း ထပ်မံ အသိပေးထားပါတယ်။

“အလက်တွေလည်း ကောက်ပြီးတဲ့အချိန်မှာ တတိယအကြိမ်လာတဲ့ လေကြောင်းမှာ မြို့နယ်ပကဖက ရဲဘော်နှစ်ဦးထိသွားတယ်”လို့ ဒေသခံတစ်ဦးက ပြာပါတ‌ယ်။

တိုက်ပွဲကို နွားထိုးကြီးမြို့နယ်ပကဖ၊မြင်းခြံခရိုင်တပ်ရင်း (၄၊၁၀)၊မဟာမိတ်တော်လှန်ရေး ပူးပေါင်းအဖွဲ့ တွေစု ပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် မြို့နယ်ပကဖက ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဝက်လူးရဲစခန်းဟာ နွားထိုးကြီးမြို့နယ်ရဲ့ မြောက်ဘက်ခြမ်းမှာရှိပြီး မန္တလေး-မြင်းခြံ ရထားလမ်းပိုင်းဘေးမှာ ရှိပါတယ်။

“အခုတိုက်ခံရတာက ဒီလ ၈ ရက်နေ့ကမှ ဝက်လူးရဲစခန်းကို ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းပါ။ရောက်ရောက်ချင်း ဝက်လူးရဲစခန်း ဘေးက ကန်ဦးရွာဘက်ကို စစ် ကြောင်းထိုးသေးတယ်။နောက်ရက် ကျားတွင်း ဘက်မှာတိုက်ပွဲ ဖြစ်တာပဲ”လို့ နွားထိုးကြီးဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။

တိုက်ပွဲ ဖြစ်စဥ် အသေးစိတ်အချက်အလက်နဲ့ ပတ်သက်လို့ မြင်းခြံခရိုင် တပ်ရင်း (၄၊ ၁၀) နဲ့ နွားထိုးကြီးမြို့နယ် ပကဖ ထံ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ယခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်ကလည်း နွားထိုးကြီးမြို့နယ် မြတောင်ရွာနဲ့ စိန်ပန်းကန်ရွာကြား တိုက်ပွဲအတွင်းမှာလည်း တပ်မ ၉၉ လက်အောက်ခံ ခမရ (၁၄၊ ၁၅)နဲ့ ရဲတပ်ရင်း ပူးပေါင်း အင်အား ၅၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးနီးပါးပြုတ်တဲ့အထိ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်အစပ် မိုးဗြဲမြို့အနီးမှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ် Urban Task Force Aung Ban - UTF က ဒီကနေ့ဇွန်လ ၂၉ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။