Connect with us

Hi, what are you looking for?

သတင်း

အမှားများအတွက် နောင်တရကြောင်း စစ်သုံ့ပန်းတပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်ဝန်ခံဟုဆို

အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းမိထားသည့် တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနှင့်စစ်သုံ့ပန်းများက ၎င်းတို့၏ အမှားအတွက် နောင်တရကြောင်း ဝန်ခံပြီး တော်လှန်ရေးတွင် တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်မည်ဟု ပြောကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ပြည်‌ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးသည်။

​မေ-၆၊၂၀၂၅။ကဖေး/People’s Spring

အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းမိထားသည့် တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနှင့်စစ်သုံ့ပန်းများက ၎င်းတို့၏ အမှားအတွက် နောင်တရကြောင်း ဝန်ခံပြီး တော်လှန်ရေးတွင် တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်မည်ဟု ပြောကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ပြည်‌ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးသည်။

မေလ ၅ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၄)နှစ်ပြည့် မိန့်ခွန်း၌ အသိပေးပြောကြားခြင်းဖြစ်သည်။

“အခု ငါတို့လက်ထဲရောက်နေတဲ့ တပ်မ (၇၇)တပ်မမှူးအပါအဝင် သုံ့ပန်းတွေကလည်း သူတို့ရဲ့ နောင်တကို ဖွင့်ဟဝန်ခံကြတယ်။ စစ်တပ် တရားမဲ့တယ်ဆိုတာ သူတို့သိတယ်။ ပြည်သူ့တော်လှန်ရေးမှာ သူတို့တတ်နိုင်တာထည့်ဝင်ဖို့ ကတိပြုကြတယ်။ စစ်ကောင်စီတပ်ထဲမှာ ကျန်ရှိနေတဲ့ တပ်မှူး တပ်သားတွေအနေနဲ့လည်း ပြည်သူကို အကြမ်းဖက်သတ်ဖြတ်တဲ့အထိ လမ်းမှားရောက်စေတဲ့ မိစ္ဆာဒိဌိ စစ်ဝါဒအတွေးအခေါ်ကို အမြန်ဆုံး စွန့်လွှတ်ကြဖို့ တိုက်တွန်းလိုတယ်”ဟု ကာကွယ်​ရေးဝန်ကြီးက ပြောခဲ့သည်။

Public Service Announcement

Public Service Announcement

အင်းတော်မြို့ကို PDF၊ ကျောင်းသားတပ်မ‌တော်(ABSDF)၊ ကချင်လွတ်လပ်ရေးတပ်မ‌တော်(KIA)၊ ပကဖ နှင့် ပူးပေါင်းတပ်များက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသ၏အစီအစဥ်ဖြင့် မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီး ဧပြီလ၇ရက်၌ သိမ်းယူခဲ့သည်။တပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့်စစ်သုံ့ပန်းအများအပြားကိုလည်းဖမ်းဆီးခဲ့သည်။ ဗိုလ်မှူးချုပ်အောင်သက်ဦးအပါအဝင် စစ်သုံပန်းများကို စစ်ဆေးနေစဉ် ထုတ်ဖော်ဝန်ခံခြင်းဖြစ်သည်။

“သူတို့အမှား သူတို့သိပါပြီဆိုပြီး ပြောတယ်။ စစ်ဒေသ(၁)က ဆက်ပြီး စစ်ဆေးနေတယ်။ အချိန်မီအသိတရားရခဲ့ရင် ပိုကောင်းမှာပါ”ဟု အင်းတော်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတင်းရင်းမြစ်တဦးကလည်းပြောသည်။

ဗိုလ်မှူးချုပ် အောင်သက်ဦးအား အမှတ်(၁)စစ်ဒေသကဦးဆောင်ပြီးစစ်ဆေးနေခြင်းဖြစ်၍ အသေးစိတ်မသိရှိရသေးပေ။ PDFများကတပ်မဌာနချုပ်မှ တပ်မမှူးတစ်ဦးကိုဖမ်းဆီးနိုင်မှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ထိုအပြင် အင်းတော်မြို့အား ကာကွယ်ရေးတပ်ဖွဲ့များကမသိမ်းပိုက်နိုင်ခင် အရပ်သားပြည်သူများအား စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ဖမ်းဆီးနှိပ်စက်မှုများတွင် ပူးပေါင်းကျူးလွန်ခဲ့သည့်မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ၃၈ဦးကို ပြည်သူ့လုံခြုံရေးအဖွဲ့က စစ်ဆေးနေသည်။

KIA၊ PDFအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တော်လှန်ရေးအင်အားစုများနှင့်ဖြစ်ပွားသောတိုက်ပွဲများ၌ ဖမ်းဆီးခံရသည့် စစ်ကောင်စီထိပ်တန်းအရာရှိအချို့ကလည်း ၎င်းတို့၏ ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် စစ်ရှုံးနေပြီဆိုသည်ကို သိရှိရန်၊ လက်နက်ချရန်၊ ပြည်သူကို မသတ်ဖြတ်ရန် တိုက်တွန်းမှုများရှိခဲ့သည်။

အာရက္ခတပ်တော်(AA)၏ အမ်းမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိခဲ့သည့် အနောက်ပိုင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ရခိုင်ပြည်နယ်၌ စစ်ရှုံးနေပြီဆိုသည်ကို လက်ခံရန်နှင့် ပြည်သူလူထုကိုဗုံးကြဲတိုက်ခိုက်ခြင်းမပြုရန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ခေါင်းဆောင်မပီသသည့် စစ်ကောင်စီခေါင်းဆောင်လက်အောက်၌ တာဝန်မထမ်း‌ဆောင်ဘဲ လက်နက်ချကြရန် တိုက်တွန်းခဲ့သည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ကလည်း ၂၀၂၃ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်တိုက်ခိုက်သိမ်းယူခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့သိမ်းတိုက်ပွဲ၌ဖမ်းမိခဲ့သည့် တပ်မ(၁၀၁) တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်းကလည်း “စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်များ ပြည်သူလူထုအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ရပ်တန့်ရန် တောင်းဆိုခဲ့ဖူးသည်။

ဗိုလ်မှူးချုပ်မင်းမင်းထွန်းက “တပ်မတော်အနေနဲ့ တိုင်းရင်းသားပြည်သူလူထုကို ကြမ်းတမ်းရက်စက်စွာဖမ်းဆီးသတ်ဖြတ်ခြင်း၊ အကျဉ်းချခြင်းများရှိနေပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီများဖြင့် လူထုကို ချေမှုန်းတိုက်ခိုက်ခြင်းများစတဲ့ စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေပါတယ်။ ဒါကြောင့် စစ်ရာဝတ်မှုမျိုးစုံကို ကျူးလွန်နေတဲ့ မြန်မာ့တပ်မတော် ခေါင်းဆောင်ကြီးများ ဖြစ်ကြတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် စစ်ခေါင်းဆောင်ကြီးများ အခုကျူးလွန်နေတဲ့ လုပ်ရပ်ကို ရပ်တန့်ပေးဖို့ မြန်မာပြည်သူများအားလုံးကိုယ်စား ကျနော့်အနေနဲ့ ပြောလိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြိုနယ် ၊ ကျောက်ဂူ‌ကျေးရွာအနီးတွင် ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်သုံ့ပန်းအဖြစ် သုံးဦးဖမ်းဆီးမိကြောင်း အဆိုပါတပ်က သတင်းထုတ်ပြန်သည်။

သတင်း

မြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်သုံ့ပန်း ၃၀၀ခန့် ဖမ်းမိ၊ လက်နက် ၄၅၀ကျော်ရ၊ တော်လှန်ရေးရဲဘော် ၈၉ဦးကျဆုံး

သတင်း

MNDAA တပ်ဖွဲ့ဝင်များက လားရှိုးမြို့၊ အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)မှစစ်သုံ့ပန်းများကိုပါ ​ခေါ်၍ လားရှိုးမြို့မှ ဆုတ်ခွာနေကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

သတင်း

မကွေးတိုင်း၊စလင်း-စေတုတ္တရာလမ်းပိုင်းရှိစစ်ကောင်စီ၏စခန်းကုန်းကိုသိမ်းတိုက်ပွဲတွင်စစ်သုံ့ပန်း ၄ ဦးနှင့် လက်နက်ငါးလက်ရရှိကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့်ပခုက္ကူခရိုင် အမှတ် (၇) နှင့်တပ်ရင်း(၆)တို့ က ယနေ့(ဧပြီ ၁၄)အသိပေးထုတ်ပြန်သည်။

Facebook