Connect with us

Hi, what are you looking for?

All posts tagged "စစ်ကောင်စီ"

သတင်း

ဇွန်-၁၁၊၂၀၂၅။ဇော်ရမ်း/People’s Spring တောင်ငူမြို့နယ်၊မန်းကျီးပင်အင်းရွာတွင် ယနေ့ နံနက်အစောပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေပြီး ရွာကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံများကပြောသည်။ “ရွာက အမြန်လမ်းရဲ့အနောက်ဘက်မှာ။စစ်တပ်စစ်ကြောင်းဝင်လာတာကနေတိုက်ပွဲဖြစ်တာ။ စစ်တပ်ကအိမ်တွေကိုမီးလိုက်ရှို့နေတယ်ဗျ။ကျွန်တော်တို့ အပြေးမြန်လို့ ထွက်လာလို့ရတာ။ ပိတ်မိသူတွေ ရှိနေတယ်”ဟုဒေသခံတဦးကပြောသည်။ စစ်ကောင်စီတပ်ကဖုန်းလိုင်းများလည်းဖြတ်တောက်ထားပြီး မန်းကျီးပင်အင်းရွာသို့ ဖုန်းဆက်သွယ်၍မရကြောင်းတောင်ငူမြို့ခံတဦးကပြောသည်။ ၎င်းက ” ကျမတို့ ညီမတွေထွက်လာလို့မရဘူး။...

သတင်း

ဖားကန့်ကို ရောက်ရှိလာပြီးနောက်ကျောက်စိမ်းလုပ်ကွက်အချို့ကိုဆက်တိုက် မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်က ဇွန် ၁၀ရက် နေ့လယ်ပိုင်းတွင်လည်း မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တခုမှ စက်ယန္တရားများများကို မီးရှို့ဖျက်ဆီးသွားသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား ယမန်နေ့ (ဇွန်လ ၉ရက်) နံနက်ပိုင်းတွင် KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ရာ ၁၈ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းလိုက် ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာကနေ ဆုတ်ခွာလိုက်ရတဲ့ စစ်ကောင်စီတပ်နဲ့ ကံကြီးရွာအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၉)မှာ စစ်အုပ်စုကို ထောက်ပံ့နေခြင်းအား ရပ်တန့်ပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီတပ်သိမ်းပိုက်ထားတဲ့ (၆)မိုင်စခန်းသာကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းရခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးမှုတွေလည်းများခဲ့တယ်လို့ သပိတ်ကျင်းဒေသက လူထုနွေဦးရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကောလင်းမြို့အရှေ့ပိုင်းကျေးရွာ နှစ်ရွာကို ယနေ့(‌ဇွန်လ ၉ရက်)ည ၉နာရီ၂၀မိနစ်၌ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ဗုံးကြဲလေယာဉ်ဆက်လက် ပျံဝဲနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လေကြောင်းအန္တရာယ်သတိပေးထားသည်။

သတင်း

ဧရာဝတီတိုင်း၊ဖျာပုံမြို့အခြေစိုက် အမှတ်-၉၈ခြေလျင်တပ်ရင်း(ခလရ၉၈)တပ်ရင်းမှူးနှင့်မိသားစုဝင်များကို အနောက်တောင်တိုင်စစ်ဌာနချုပ် (နတခ)တိုင်းမှူး၏အမိန့်ဖြင့် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က ဖမ်းဆီးလိုက်သည်။

သတင်း

ကရင်နဲ့မွန်အစပ်မှာရှိတဲ့ ပိုင်ရပ်ကျေးရွာ ကို ဒီနေ (ဇွန်လ ၉ ရက်) နေ့ခင်းပိုင်း ၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီလေတပ်က ဗုံးကြဲ တာကြောင့် ကလေး ၃ ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ထံကသိရပါတယ်။

Facebook