Connect with us

Hi, what are you looking for?

သတင်း

ကရင်နဲ့မွန်အစပ်က ပိုင်ရပ်ကျေးရွာ ဗုံးကြဲခံရပြီး ကလေးတွေအပါအဝင် ၅ ဦးသေဆုံး

ကရင်နဲ့မွန်အစပ်မှာရှိတဲ့ ပိုင်ရပ်ကျေးရွာ ကို ဒီနေ (ဇွန်လ ၉ ရက်) နေ့ခင်းပိုင်း ၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီလေတပ်က ဗုံးကြဲ တာကြောင့် ကလေး ၃ ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ထံကသိရပါတယ်။

ဓာတ်ပုံ- Kyaikmayaw/Mudon News

ဇွန် – ၉ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

ကရင်နဲ့မွန်အစပ်မှာရှိတဲ့ ပိုင်ရပ်ကျေးရွာ ကို ဒီနေ (ဇွန်လ ၉ ရက်) နေ့ခင်းပိုင်း ၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီလေတပ်က ဗုံးကြဲ တာကြောင့် ကလေး ၃ ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ထံကသိရပါတယ်။

ကော့ကရိတ်မြို့နယ်ထဲမှာ ရှိတဲ့ ပိုင်ရပ်ကျေးရွာ ဗုံးကြဲခံရမှုမှာ ကလေးငယ်တွေကိုစာသင်ကြားပေးနေတဲ့ နေအိမ်နား ဗုံးကျရောက်ပြီး ကလေး ၃ ဦးနဲ့ သက်ကြီးပိုင်း ၁ ဦး စုစုပေါင်း ၄ ဦး နေရာမှာတင် သေဆုံးခဲ့ရတာပါ။

ဒါအပြင် ကလေး ၁၁ ဦးနဲ့ ဆရာမ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံ ပို့ဆောင်ချိန်မှာပဲ ဒဏ်ရာပြင်းထန်တဲ့ ဆရာမ ထပ်မံ ဆုံးပါးသွားတာလို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးကျရောက် ပေါက်ကွဲတဲ့ နေအိမ်ဟာ ကိုယ်ထူကိုယ်ထကျောင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲခံရတာလို့သိရပါတယ်။

ပိုင်ရပ်ကျေးရွာဟာ KNU ရဲ့ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ပုံအရ ဒူးပလာယာခရိုင် ၊ တပ်မဟာ (၆) နယ်မြေ ၊ ကျုံဒိုးမြို့နယ်ထဲမှာ တည်ရှိပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကျုံးဒိုးမြိုနဲ့တော့အလှမ်းဝေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ကလည်း ကျုံဒိုးမြို့နယ် ၊ဝင်းကကျေးရွာက စစ်ရှောင်တွေ ခိုလှုံရာ စာသင်ကျောင်း ဗုံးကြဲခံရတာရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းရန်ကြောင့် ကော့ကရိတ်မြို့နယ်နဲ့ ကျုံဒိုးမြို့နယ်တွေက စာသင်ကျောင်းအချို့ကို လတ်တလောမဖွင့်နိုင်သေးဘဲ အခြေအနေကိုစောင့်ကြည့်နေရတယ်လို့ကျောင်းဆရာ ၊ ဆရာမတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။