Connect with us

Hi, what are you looking for?

သတင်း

တောင်ငူ၊ မန်းကျီးပင်အင်းရွာ၌ တိုက်ပွဲပြင်းထန်နေ၊ အိမ်များကို စစ်ကောင်စီတပ်က မီးရှို့

Screenshot

ဇွန်-၁၁၊၂၀၂၅။ဇော်ရမ်း/People’s Spring

တောင်ငူမြို့နယ်၊မန်းကျီးပင်အင်းရွာတွင် ယနေ့ နံနက်အစောပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေပြီး ရွာကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံများကပြောသည်။

“ရွာက အမြန်လမ်းရဲ့အနောက်ဘက်မှာ။စစ်တပ်စစ်ကြောင်းဝင်လာတာကနေတိုက်ပွဲဖြစ်တာ။ စစ်တပ်ကအိမ်တွေကိုမီးလိုက်ရှို့နေတယ်ဗျ။ကျွန်တော်တို့ အပြေးမြန်လို့ ထွက်လာလို့ရတာ။ ပိတ်မိသူတွေ ရှိနေတယ်”ဟုဒေသခံတဦးကပြောသည်။

စစ်ကောင်စီတပ်ကဖုန်းလိုင်းများလည်းဖြတ်တောက်ထားပြီး မန်းကျီးပင်အင်းရွာသို့ ဖုန်းဆက်သွယ်၍မရကြောင်းတောင်ငူမြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

၎င်းက ” ကျမတို့ ညီမတွေထွက်လာလို့မရဘူး။ ဖုန်းတွေလည်း ဖြတ်ထားတယ်။လေယာဉ်တွေလည်းတက်တယ်။ ရွာဘက်ကမီးခိုးတွေမြင်နေရတယ်”ဟုပြောသည်။

တောင်ငူမြို့နယ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၏ ၁ မိုင်ခန့်မှ ၇ မိုင်ခန့်ဝေးသော ကျေးရွာများတွင်မေလ ၂၃ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ခဲ့သည်။စပါးကြွယ်ရွာ၊ ကြက်တက်ညောင်ပင်ရွာ၊ကြို့ပင်ဆိပ်ရွာ၊ ကြက်ရိုးပင်ရွာ၊ တောပုရွာ၊ ဇီးပင်သာ ၊ဘိုကုန်း နှင့် ငုံးမင်းရွာတို့မှဒေသခံများ တိမ်းရှောင်နေကြရကြောင်း သိရသည်။

မေလ၂၃ရက်က တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီသည် အိမ် ခြေ၄၀၀ ကျော်ရှိသည့် စပါးကြွယ်ရွာကို လေကြောင်းမှတိုက်ခိုက်ပြီး မီးရှို့ခဲ့ကြောင်း ဒေသခံများကပြောသည်။မေလ၂၈ရက်ကလည်း တောင်ငူမြို့နယ်၊ ဒိုးနယ်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဒေသခံ ပြည်သူ၂ဦးကိုသတ်ဖြတ်သွားကြောင်း ​​​ဒေသခံအချို့က​ပြောသည်။

မြို့နယ်တွင်း၌တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီကစစ်မှုထမ်းဥပဒေအကြောင်းပြ၍ လူငယ်များအား ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းများပြုလုပ်နေပြန်သည်။

ဇွန်လ၇ရက်ညကတောင်ငူမြို့၊ မင်းကြီးညိုရပ်ကွက်အပိုင်ခ‌ပေါင်းရွာမှ အသက် ၂၀လူငယ်တစ်ဦးကို ညဘက်နေအိမ်ပေါ်တက်၍ ပေါ်တာဆွဲစဉ် လေးဂွဖြင့်အပစ်ခံရသဖြင့် စစ်ကောင်စီက လူငယ်တဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။

(မန်းကျီးပင်အင်းရွာတွင် ဇွန် ၁၁ ရက်နံနက်ပိုင်းကတိုကိပွဲဖြစ်ပွား​နေစဥ်။ ရုပ်သံ-​ဒေသခံတဦး)

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ကိုအာဏာသိမ်းခေါင်း​ဆောင် မင်းအောင်လှိုင်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။