Hi, what are you looking for?
စစ်အုပ်စုကို တိုးတိုးတိတ်တိတ် ထိတွေ့ဆက်ဆံပြီး တရားဝင်အောင် လုပ်ပေးနေကြတာမျိုး ဒါမှမဟုတ် ထိရောက် မှု မရှိတဲ့ ၀မ်းနည်းကြောင်း ကြေညာချက်တွေသာ ထုတ်ပြန်နေမယ့်အစား ကျွန်မတို့နဲ့ စပြီး စကားပြော ကြပါ။ ဒီလိုလုပ်နေကြတာတွေကကျွန်မတို့ကို ကူညီရာမရောက်ပဲ သေခြင်းနဲ့ ပျက်စီးဆုံးရှံး ရခြင်းတွေဆီကိုသာ နေ့စဉ်တွန်းပို့နေသလိုသာဖြစ်ပါတယ်။
အာဆီယံနိူင်ငံတစ်နိုင်ငံမှ နိူင်ငံခြားရေးဝန်ကြီးကိုယ်တိုင်မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြုလုပ်သောအခမ်းအနားသို့တက်ရောက်ခြင်းမှာ သံတမန်လောကတွင်ထူးခြားသောဖြစ်ရပ်ဖြစ်ပြီး မလေးရှားနိူင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်သူများအပေါ် အလေးထားမှုမှာချီးကျူး အသိအမှတ်ပြုစရာဖြစ်ကြောင်းသံတမန်တစ်ဦးကပြောသည်။